မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၁၁

တို့ဝမ်းမြောက်ရတဲ့အကြောင်းများ

တို့ဝမ်းမြောက်ရတဲ့အကြောင်းများ

(မဿဲ ၅:၁၂)

  1. ၁။ တို့ဝမ်းမြောက်ခြင်းအကြောင်း မြောက်မြားလှ၊

    တန်ဖိုးတက်သော ဓနအလား။

    လူမျိုးတကာမှ မြတ်နိုးဖွယ်များ

    မြေကြီးတစ်ခွင်မှာ ပူးပေါင်းလာ။

    တို့နှလုံးမှာ ဝမ်းမြောက်ခြင်း အမြစ်တွယ်၊

    တရားတော်ကို အခြေပြုလျက်။

    ဘုရားသွန်သင်ချက် မှီဝဲ နေ့စဉ်၊

    နာကြားခြင်းမှ ယုံကြည်လာကြ။

    တို့ဝမ်းမြောက်ရတဲ့အကြောင်း ခိုင်မာ၊

    နှလုံးထဲ မီးကျီးခဲအလား။

    ဒုက္ခ၊ စုံစမ်းခြင်း ပတ်ဝိုင်းနေလည်း

    သည်းခံနိုင်ရည် ယေဟောဝါ ပေး။

    (ထပ်ကျော့ပိုဒ်)

    ယေဟောဝါ တို့ဝမ်းမြောက်ခြင်းဖြစ်၊

    လက်ရာတော်များ ကြည်နူးဖွယ်ဖြစ်။

    အကြံတော် နက်နဲလှ၊ အမှုတော် ကြီးမြတ်လှ၊

    ကောင်းမြတ်ခြင်းနဲ့ စွမ်းအား ပြည့်လျှံ။

  2. ၂။ ဝမ်းမြောက်စွာတွေ့ရ လက်ရာတော်များ၊

    ကောင်းကင်၊ ပင်လယ်နဲ့ ကုန်းမြေများ။

    ဖန်ဆင်းခြင်းစာအုပ် တို့စူးစိုက်ကြည့်၊

    လက်ရာတော်တွက် တို့ချီးမွမ်းကြ။

    အောင်မြင်စွာ အခု သက်သေခံကြ၊

    ဘုရားနိုင်ငံတော် တို့ကြွေးကြော်။

    နိုင်ငံတော် ဖွားမြင်၊ ကောင်းချီးသတင်း၊

    နေရာအနှံ့ ဝမ်းမြောက်စွာ တို့ဖြန့်။

    ထာဝစဉ် ဝမ်းမြောက်ချိန် နီးနေပြီ၊

    ညကုန်လို့ နေ့အလင်းရောက်သလို။

    ကတိပြု ကောင်းကင်သစ် မြေကြီးသစ်၊

    ထာဝရ ပျော်ရွှင်ဝမ်းမြောက်စေ။

    (ထပ်ကျော့ပိုဒ်)

    ယေဟောဝါ တို့ဝမ်းမြောက်ခြင်းဖြစ်၊

    လက်ရာတော်များ ကြည်နူးဖွယ်ဖြစ်။

    အကြံတော် နက်နဲလှ၊ အမှုတော် ကြီးမြတ်လှ၊

    ကောင်းမြတ်ခြင်းနဲ့ စွမ်းအား ပြည့်လျှံ။

(တရား. ၁၆:၁၅။ ဟေရှာ. ၁၂:၆။ ယော. ၁၅:၁၁ တို့ကိုလည်း ကြည့်ပါ။)