မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၁၂

ငြိမ်သက်ခြင်းဘုရား ယေဟောဝါ

ငြိမ်သက်ခြင်းဘုရား ယေဟောဝါ

(ဖိလိပ္ပိ ၄:၉)

  1. ၁။ ယေဟောဝါ မေတ္တာရှင်၊

    ငြိမ်သက်ခြင်း ကတိပြုရှင်။

    စွမ်းအားတော် အရည်အသွေးများ တိုးဖို့

    ကူညီပါ တို့တောင်းလျှောက်စို့။

    သားတော်ကို တို့ယုံကြည်၊

    သစ္စာရှိ မှန်ကန်လှပေ။

    ဘုရားရှင်နဲ့ မိတ်ဖွဲ့ခွင့်ပေး၊

    ငြိမ်သက်ခြင်း တို့ရရှိပြီ။

  2. ၂။ နှုတ်မြွက်တော် အလင်းပေး၊

    စွမ်းအားတော် အမြင်ရှင်းလင်းစေ။

    ညမိုက်အလား လောကထဲမှာ

    လုံခြုံစွာ ကာကွယ်ခံရ။

    စစ်ပွဲနဲ့ ထိတ်လန့်ဖွယ်

    ကုန်လွန်ပပျောက်သွားချိန်ထိ

    စွမ်းအားတော်နဲ့ ကောင်းချီးပေးပါ၊

    ငြိမ်သက်ခြင်း အမြဲရှိစေပါ။

  3. ၃။ ထက်ကောင်းကင်၊ အောက်အရပ်မှာ၊

    ဖဘုရား စုရုံးထားလို့၊

    စွမ်းအားတော်ဖြင့် တို့စည်းလုံးကာ

    နိုင်ငံတော် သတင်းကြေညာ။

    နိုင်ငံတော် အုပ်ချုပ်ချိန်

    စစ်ပွဲများ ချုပ်ငြိမ်းသွားမှာ

    စဉ်ထာဝရ ငြိမ်သက်ပျော်ရွှင်

    စိတ်နူးညံ့သူ သက်ရှင်မှာ။

(ဆာ. ၄:၈။ ဖိ. ၄:၆၊ ၇။ ၁ သက်. ၅:၂၃ တို့ကိုလည်း ကြည့်ပါ။)