မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၁၇

ကောင်းမြတ်ခြင်း အရည်အသွေး

ကောင်းမြတ်ခြင်း အရည်အသွေး

(၂ ရာဇဝင်ချုပ် ၆:၄၁)

  1. ၁။ အိုယေဟောဝါ၊ ကောင်းမြတ်ဘုရား၊

    တစ်သက်လုံး ကောင်းချီးပေးထား။

    သန့်ရှင်းမြင့်မြတ် သစ္စာစောင့်ကာ၊

    နည်းလမ်းတိုင်း ကောင်းမြတ်လှတာ။

    တို့ ရထိုက်တာထက် ဆများစွာ

    ကရုဏာပြ၊ ကျေးဇူးပြု။

    ကိုးကွယ်ဝတ်ပြုမှု ခံထိုက်ရှင်၊

    တို့ ဝမ်းမြောက်ဝမ်းသာ ဝတ်ပြု။

  2. ၂။ ကိုယ်တော့် ကောင်းမြတ်မှု ထင်ရှားနေ

    ရွေးချယ်ခံ လူမျိုး အလယ်မှာ။

    သူတို့ သတင်းကောင်း ဟောပြောခြင်း၊

    လုပ်ရပ်များက မှန်သက်သေ။

    ကိုယ်တော့် သွန်သင်ထိန်းကျောင်းမှုကြောင့်

    အကျိုးများစွာ ဖြစ်ထွန်းနေ။

    သန့်ရှင်းသော စွမ်းအားတော် ပေးကာ

    ကောင်းမြတ်မှုနဲ့ လမ်းပြပေး။

  3. ၃။ ညီအစ်ကိုများအား ကောင်းချီးပေးပါ၊

    ကောင်းမှုလုပ်ရပ်များအတွက်။

    တို့များ အထူးကျေးဇူးပြုလျက်

    လူတိုင်းအား ကောင်းမှုပြုမှာ။

    အသင်းတော်တိုင်း၊ မိသားစုတိုင်း၊

    အနီးအနားနဲ့ မြို့တိုင်းကို

    ဘုရားစွမ်းအား ကောင်းချီးနဲ့အတူ

    ကောင်းမှုပြုဖို့ တိုက်တွန်းစို့။

(ဆာ. ၁၀၃:၁၀။ မာ. ၁၀:၁၈။ ဂလ. ၅:၂၂။ ဧ. ၅:၉ တို့ကိုလည်း ကြည့်ပါ။)