မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၂၀

ခရစ်တော်ရဲ့ နူးညံ့မှုကို တုပကြ

ခရစ်တော်ရဲ့ နူးညံ့မှုကို တုပကြ

(မဿဲ ၁၁:၂၈-၃၀)

  1. ၁။ ကြီးမြတ်ဆုံး လူသားမှာ ယေရှုသခင်ပါ၊

    မာနနဲ့ ရည်မှန်းချက်ဖြင့် သွေးဆောင်မခံ။

    ဘုရား ရည်ရွယ်ချက်မှာ ယေရှု အရေးကြီးလည်း။

    စိတ်နှိမ့်ချ၊ အမြဲ အကြွင်းမဲ့ မှုဆောင်ခဲ့။

  2. ၂။ စိတ်ပင်ပန်း၊ ဝန်လေးနေသူ အပေါင်းတို့အား၊

    ဝန်ထုပ်များ ထမ်းပေးဖို့ ယေရှု ကတိပြု။

    နိုင်ငံတော် ရှာရင် အမှန်ပင် လန်းဆန်းမှာ။

    ယေရှု နူးညံ့ကာ နှိမ့်ချသူ ကျေးဇူးပြု။

  3. ၃။ ‘တို့အားလုံး ညီအစ်ကိုများ၊’ ယေရှု မိန့်ကြား။

    တို့ဦးခေါင်း ယေရှု တို့နှိမ့်ချလက်အောက်ခံ။

    နှိမ့်ချနူးညံ့သူအား ဘုရား တန်ဖိုးထား။

    မြေကြီးအမွေခံရဖို့ ကတိပြုထား။

(ပညာ. ၃:၃၄။ မ. ၅:၅။ ၂၃:၈။ ရော. ၁၂:၁၆ တို့ကိုလည်း ကြည့်ပါ။)