သီချင်း ၁၂၁
ချုပ်တည်းကြရမယ်
-
၁။ ယေဟောဝါကို တို့အကြွင်းမဲ့ ချစ်ကြလည်း
အပြစ်သား ဖြစ်နေလို့ ချုပ်တည်းကြရမယ်။
ဇာတိဆန္ဒများ ဒုက္ခတွေ့စေ။
ငြိမ်သက်ခြင်း၊ အသက် စွမ်းအားတော်ဖြစ်စေ။
-
၂။ စာတန့်သွေးဆောင်မှု နေ့စဉ် ရင်ဆိုင်ရ၊
ကိုယ်တွင်းရှိ အပြစ်တရား တို့အား လမ်းလွဲစေ။
အမှန်တရား အစွမ်း အပြစ်ထက် ကြီးပေ။
ယေဟောဝါရှင်ကြောင့် တို့အောင်နိုင်မယ်။
-
၃။ အပြော၊ အလုပ်တိုင်း ဘုရားနာမ ထင်ဟပ်၊
ဒါကြောင့် ပြစ်တင်ခွင့် ကင်းဖို့ တို့ကြိုးစားရ။
လုပ်သမျှမှာ တို့ပန်းတိုင် ထားကြ။
ချုပ်တည်းခြင်းကို တို့အမြဲ တင်ပြ။
(၁ ကော. ၉:၂၅။ ဂလ. ၅:၂၃။ ၂ ပေ. ၁:၆ တို့ကိုလည်း ကြည့်ပါ။)