သီချင်း ၁၂၄
သစ္စာမြဲပါ
-
၁။ သစ္စာမြဲပါ ယေဟောဝါအား၊
တည်ကြည်သော မေတ္တာပြလို။
လူမျိုးတော်ဖြစ်၊ အပ်နှံထားကာ၊
ပညတ်တော်တွေ သိလိုကြ။
ကိုယ်တော့်အကြံပြုချက်များနဲ့
လမ်းပြမှုကို နာခံကြ။
သစ္စာရှင်အား ယုံကြည်နိုင်ကြ၊
ကိုယ်တော်ထံမှ ဘယ်မခွာ။
-
၂။ သစ္စာမြဲပါ ညီအစ်ကိုအား
လိုအပ်ချိန်တိုင်း ဖေးမကြ။
ဂရုစိုက်ကာ ယုံကြည်စိတ်ချ၊
ကြင်နာမှုနဲ့ ဆက်ဆံပါ။
ညီအစ်ကိုများအား ဂုဏ်တင်ကြ၊
နှလုံးထဲမှ လေးစားကြ။
သစ္စာရှိလေ ပိုနီးကပ်လေ၊
သူတို့ထံမှ ဘယ်မခွာ။
-
၃။ ညီအစ်ကိုများ ဦးဆောင်သောခါ
သစ္စာရှိကြောင်း အမြဲပြ။
လမ်းညွှန်မှုတွေ ပေးလာတဲ့ခါ
သစ္စာရှိစွာ လိုက်နာကြ။
ယေဟောဝါထံမှ ကောင်းချီးက
အားရှိသန်မာလန်းဆန်းစေ။
သစ္စာရှိကြောင်း တင်ပြသောသူ
ရှင်ယေဟောဝါ ပိုင်ဆိုင်ရာ။
(ဆာ. ၁၄၉:၁။ ၁ တိ. ၂:၈။ ဟီ. ၁၃:၁၇ တို့ကိုလည်း ကြည့်ပါ။)