မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၂၅

“သနားကြင်နာတတ်သူတွေ ပျော်ရွှင်ချမ်းမြေ့”

“သနားကြင်နာတတ်သူတွေ ပျော်ရွှင်ချမ်းမြေ့”

(မဿဲ ၅:၇)

  1. ၁။ ပျော်ရွှင်ဘုရား သနားကြင်နာ

    တာဝန်အရပဲ မဟုတ်ပါ။

    ကြင်နာမှုပြ ကိုယ်တော်အားရ၊

    လိုအပ်သမျှ ထောက်မပေးထား။

    နောင်တရသူများ သက်သာရ၊

    စိတ်ရင်းမှန်စကား ကိုယ်တော်ကြား။

    မြေမှုန့်ဖြစ်မှန်း ကိုယ်တော်သိထား၊

    ဘုရား ကြင်နာ တရားမျှတ။

  2. ၂။ စိတ်သောကရောက် ပြစ်မှားချိန်မှာ၊

    အပြစ်မှ လွတ်ခြင်း ချမ်းသာရ။

    ယေရှု တို့အား လမ်းညွှန်ပြထား၊

    ကြင်နာမှုရဖို့ ဆုတောင်းကြ–

    ‘သူများ အပြစ် ခွင့်လွှတ်သလို

    တို့ကြွေးပြစ်များ ခွင့်လွှတ်ပါလေ။’

    နာကြည်းစိတ်ကို ဆုပ်ကိုင်မထား၊

    စိတ်နှလုံး ငြိမ်သက်မှုခံစား။

  3. ၃။ ဘုရားကြင်နာမှု ရချင်ရင်

    ရက်ရောတဲ့ စိတ်ထား မွေးမြူပါ။

    ချီးမွမ်းခံဖို့ မဟုတ်ရပါ၊

    ခြားသူများ ပျော်ရွှင်နိုင်ဖို့သာ။

    တို့လုပ်သမျှ ဘုရား မြင်တွေ့၊

    ဘုရား တို့အား ကောင်းချီးပြန်ပေး။

    သနားကြင်နာသူ ပျော်ရွှင်မှာ၊

    အလွန်တင့်တယ် ဘုရားရှေ့မှာ။

(မ. ၆:၂-၄၊ ၁၂-၁၄ တို့ကိုလည်း ကြည့်ပါ။)