မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၂၆

မြဲမြံနိုးကြား၊ ခွန်အားကြီးပွား

မြဲမြံနိုးကြား၊ ခွန်အားကြီးပွား

(၁ ကောရိန္သု ၁၆:၁၃)

  1. ၁။ မြဲမြံနိုးကြား၊ ခွန်အားကြီးပွား၊

    ကြံ့ကြံ့ခံဖို့ ဆုံးဖြတ်ထား။

    ယောက်ျားကဲ့သို့ သတ္တိရှိပါ၊

    အောင်နိုင်မှုရမှာ မုချ။

    ခရစ်တော်ယေရှု အမိန့် တို့လိုက်နာ၊

    ခရစ်တော်လက်အောက် ခိုင်မြဲရပ်တည်ကြ။

    (ထပ်ကျော့ပိုဒ်)

    ခွန်အား ကြီးပွား၊ နိုးကြားလျက် မြဲမြံ၊

    ဆက်ချီတက် အဆုံးထိတိုင်။

  2. ၂။ မြဲမြံနိုးကြား၊ သတိရှိပါ၊

    နာခံဖို့ အမြဲအသင့်ရှိပါ။

    သစ္စာရှိကျွန်ဖြင့် ခရစ်ယေရှု

    ညွှန်ကြားနေ၊ သတိပြုပါ။

    သိုးတော်နဲ့ အမှန်တရား ထိန်းသိမ်းသူ၊

    သက်ကြီးသူ သွန်သင်မှုများနာယူ။

    (ထပ်ကျော့ပိုဒ်)

    ခွန်အား ကြီးပွား၊ နိုးကြားလျက် မြဲမြံ၊

    ဆက်ချီတက် အဆုံးထိတိုင်။

  3. ၃။ မြဲမြံနိုးကြား၊ စည်းလုံးနေပါ၊

    သတင်းကောင်းအား ကာကွယ်ပါ။

    ရန်သူများ တိုက်ခိုက်ကြလည်းပဲ အဆုံးထိ တို့ဟောပြောမှာ။

    ကမ္ဘာတစ်ခွင်လုံး ချီးမွမ်းကြွေးကြော်၊

    ယေဟောဝါရဲ့နေ့ကြီး ရောက်လုပြီ။

    (ထပ်ကျော့ပိုဒ်)

    ခွန်အား ကြီးပွား၊ နိုးကြားလျက် မြဲမြံ၊

    ဆက်ချီတက် အဆုံးထိတိုင်။

(မ. ၂၄:၁၃။ ဟီ. ၁၃:၇၊ ၁၇။ ၁ ပေ. ၅:၈ တို့ကိုလည်း ကြည့်ပါ။)