မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၃၀

ခွင့်လွှတ်တတ်ကြပါ

ခွင့်လွှတ်တတ်ကြပါ

(ဆာလံ ၈၆:၅)

  1. ၁။ သေခြင်း ပျောက်ကွယ်စေပြီး

    တို့များ အပြစ်လွတ်စေဖို့၊

    ယေဟောဝါ သားတော်မှတစ်ဆင့်

    မေတ္တာနဲ့ စီမံပေးထား။

    တို့များ စစ်မှန်နောင်တရရင်၊

    ခရစ်ရွေးဖိုး အခြေပြုပြီး

    နာမဖြင့် ခွင့်လွှတ်မှုတောင်းရင်၊

    အပြစ်လွှတ်ခြင်း ခံရနိုင်။

  2. ၂။ ဘုရားနည်းကို ကျင့်သုံး၊

    အချင်းချင်း အပြစ်လွှတ်ပြီး

    ထောက်ထားမှုနဲ့ မေတ္တာပြရင်

    ကရုဏာတော် ခံရမယ်။

    ခံရပ်သည်းခံ အချင်းချင်းကို၊

    စိတ်ထိခိုက်စရာ ဖယ်ရှားကြ၊

    ညီအစ်ကိုချင်း ဂုဏ်တင်ချီးမွမ်းပြီး

    အကောင်းဆုံးနည်း မေတ္တာပြကြ။

  3. ၃။ ကရုဏာဟာ တို့များ

    ပြုစုအပ်သော ကောင်းကျင့်ဖြစ်။

    ဖယ်ရှားပေး မကျေမချမ်းမှု၊

    အမုန်းတရားရဲ့ နာကြည်းမှု။

    သာလွန်မေတ္တာရှင် ယေဟောဝါ၊

    တို့များ တုပကြသောခါ၊

    အပြစ်လွှတ်လိုစိတ် တိုးပွားမယ်၊

    ဘုရားနဲ့ တို့တူကြမယ်။

(မ. ၆:၁၂။ ဧ. ၄:၃၂။ ကော. ၃:၁၃ တို့ကိုလည်း ကြည့်ပါ။)