သီချင်း ၁၃၁
“ဘုရားသခင် တွဲဖက်ထား”
-
၁။ သိက္ခာရှိစွာ ရွှင်လန်း၊
သုံးလွန်းကြိုးကို ဖွဲ့နှောင်။
ဘုရားနဲ့ လူတွေရှေ့မှာ၊
ပြတ်သား ကတိသံကြား။
(ထပ်ကျော့ပိုဒ် ၁)
ယေဟောဝါရှေ့ ယောက်ျားပြော
အသည်းထိ စွဲချစ်မှာ။
‘ဘုရားရှင် တွဲဖက်ထားရာ၊
ဘယ်သူမှ မကွာစေ။’
-
၂။ အလိုတော် သိနိုင်ဖို့
နှစ်ဦးလုံး တူလေ့လာ၊
ပြုထား ကတိတည်ဖို့ရာ၊
ဘုရားကောင်းချီး ဖွေရှာ။
(ထပ်ကျော့ပိုဒ် ၂)
ယေဟောဝါရှေ့ မိန်းမပြော
အသည်းထိ စွဲချစ်မှာ။
‘ဘုရားရှင် တွဲဖက်ထားရာ၊
ဘယ်သူမှ မကွာစေ။’
(က. ၂:၂၄။ ဒေ. ၄:၁၂။ ဧ. ၅:၂၂-၃၃ တို့ကိုလည်း ကြည့်ပါ။)