မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၃၅

ယေဟောဝါရဲ့ မေတ္တာရပ်ခံချက်– ‘ငါ့သား၊ ပညာရှိပါ’

ယေဟောဝါရဲ့ မေတ္တာရပ်ခံချက်– ‘ငါ့သား၊ ပညာရှိပါ’

(ပညာအလိမ္မာ ၂၇:၁၁)

  1. ၁။ သင်တို့နှလုံး ငါ့အား ပေးကြ ပျိုရွယ်သူများ၊

    ငါ့ကို ရှုတ်ချကဲ့ရဲ့သူအား မြင်သာစေပါ။

    လူငယ့်ဘဝ၊ ဆည်းကပ်ဝတ် ပေးဆက် ရက်ရောလှ၊

    ငါ့တွက် သက်ရှင်ကြောင်း တစ်လောကလုံး မြင်အောင်ပြ။

    (ထပ်ကျော့ပိုဒ်)

    ချစ်စွာသောသား၊ မြတ်နိုးသော သမီးငယ်၊

    ငါ့စိတ်ရွှင်ဖို့ ပညာရှိပါ၊

    မှန်စိတ်ရင်းနဲ့ ငါ့အား ဝတ်ပြုကြောင်း၊

    ဂုဏ်တင်ချီးမွမ်း ရွေးချယ်မှုပေ။

  2. ၂။ အကြွင်းမဲ့ ပေးဆက်ရာမှာ ဝမ်းမြောက်ပျော်ရွှင်ပါ၊

    တိုက်မိလို့ လဲသွားလည်း သင့်အား ငါထူမမှာ။

    စိတ်ပျက်စေ သင့်အား မတည်ကြည် စွန့်သွားကြလည်း

    သင့်အား ငါအစဉ်မြတ်နိုးကြောင်း သိမှတ်အားယူလေ။

    (ထပ်ကျော့ပိုဒ်)

    ချစ်စွာသောသား၊ မြတ်နိုးသော သမီးငယ်၊

    ငါ့စိတ်ရွှင်ဖို့ ပညာရှိပါ၊

    မှန်စိတ်ရင်းနဲ့ ငါ့အား ဝတ်ပြုကြောင်း၊

    ဂုဏ်တင်ချီးမွမ်း ရွေးချယ်မှုပေ။

(တရား. ၆:၅။ ဒေ. ၁၁:၉။ ဟေရှာ. ၄၁:၁၃ တို့ကိုလည်း ကြည့်ပါ။)