မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၃၆

ယေဟောဝါဆီက “ပြီးပြည့်စုံတဲ့ဆု”

ယေဟောဝါဆီက “ပြီးပြည့်စုံတဲ့ဆု”

(ရုသ ၂:၁၂)

  1. ၁။ ယေဟောဝါ သစ္စာရှိ။ စိတ်နှလုံးကြွင်းမဲ့

    ဝတ်ပြုသူများအား သိကျွမ်းပေ။

    သူတို့ရဲ့ မြှုပ်နှံမှုနဲ့ အားမာန်တို့ကြောင့်

    ထိခိုက်နစ်နာမှုရှိကြောင်း သိ။

    သင့်အိမ်၊ မိသားစု၊ မိတ်ဆွေများ စွန့်ရလည်း

    ဘုရား အားလုံး သိကြောင်း ယုံပါ။

    အခု ချစ်ရသော ညီအစ်ကိုများသာမက

    ကမ္ဘာသစ် သက်တာကို ပေးဦးမှာ။

    (ထပ်ကျော့ပိုဒ်)

    ရှင်ယေဟောဝါ ဆုချီးမြှင့်ပေးပါစေ။

    သင်တို့အား ပေးပါစေ၊ ဆုကျေးဇူးပြည့်။

    အတောင်တော်အောက် နားခိုကြရပါစေ

    ယေဟောဝါ သစ္စာရှိ၊ ယေဟောဝါ မှန်ကန်။

  2. ၂။ ဘဝပေးအကျိုးကြောင့် ဝန်လေးနွမ်းလျကာ

    တို့ထမ်းနေရ မတန်တဆ။

    တစ်နေ့တာ အလုပ်တာဝန် များလွန်းလှလို့

    မခံနိုင်အောင် မောဟိုက်ကြရ။

    သင်လိုအပ်ရာ သိထား၊ နှစ်သိမ့်ရှင်ဘုရား

    ဆုတောင်းစကား နားညောင်းသူပါ။

    နှုတ်မြွက်တော်၊ စွမ်းအားတော်နဲ့ မိတ်ဆွေစစ်များ

    နှစ်သိမ့်ပေးကာ စောင့်ရှောက်ကြမှာ။

    (ထပ်ကျော့ပိုဒ်)

    ရှင်ယေဟောဝါ ဆုချီးမြှင့်ပေးပါစေ။

    သင်တို့အား ပေးပါစေ၊ ဆုကျေးဇူးပြည့်။

    အတောင်တော်အောက် နားခိုကြရပါစေ

    ယေဟောဝါ သစ္စာရှိ၊ ယေဟောဝါ မှန်ကန်။

(သူကြီး. ၁၁:၃၈-၄၀။ ဟေရှာ. ၄၁:၁၀ တို့ကိုလည်း ကြည့်ပါ။)