သီချင်း ၁၃၈
ဖြူသောဆံပင်ရဲ့ တင့်တယ်မှု
-
၁။ နုနယ်ပျိုချိန် အရွယ်လွန်၊
သက်ကြီးရွယ်အိုများ။
တို့များအလယ် တည်ကြည်စွာ၊
မြဲမြဲရပ်တည်ဆဲ။
အချို့ အိမ်ထောင်ဖက် ဆုံးပါးသွား။
အားအင် ဆုတ်လာကြ။
အဖ၊ သူတို့ ရှေ့ခရီးမှာ
ယုံကြည်မြဲစေပါ။
(ထပ်ကျော့ပိုဒ်)
အဖ၊ သူတို့ယုံကြည်ခြင်း
ပြေးပုံ အောက်မေ့ပြီး
အာမခံချက် ပေးသနား၊
ကြားပါစေ ‘ကောင်းစွ။’
-
၂။ ဖြောင့်မတ်လမ်းထဲ ဆံပင်ဖြူ
တင့်တယ်လှပေစွ။
သစ္စာရှိသူ လှပစွ
ယေဟောဝါ မြင်တာ။
သူတို့လည်း ငယ်ရွယ်ချိန်က၊
အားရှိခဲ့ချိန်က
သစ္စာရှိ အကောင်းဆုံး လုပ်ဆောင်၊
အမြဲ တို့သိမှတ်ကြ။
(ထပ်ကျော့ပိုဒ်)
အဖ၊ သူတို့ယုံကြည်ခြင်း
ပြေးပုံ အောက်မေ့ပြီး
အာမခံချက် ပေးသနား၊
ကြားပါစေ ‘ကောင်းစွ။’
(ဆာ. ၇၁:၉၊ ၁၈။ ပညာ. ၂၀:၂၉။ မ. ၂၅:၂၁၊ ၂၃။ လု. ၂၂:၂၈။ ၁ တိ. ၅:၁ တို့ကိုလည်း ကြည့်ပါ။)