မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၄၁

အံ့ဖွယ်အသက်

အံ့ဖွယ်အသက်

(ဆာလံ ၃၆:၉)

  1. ၁။ မွေးကင်းစကလေး၊ ရွာကျတဲ့ မိုးစက်၊

    ဖြာကျနေ လင်းရောင်တန်းတွေ၊ ကောက်သီးနှံတွေ၊

    ဘုရားလက်ဆောင်များ၊ နည်းလမ်းတော် ဖော်ပြ။

    အံ့သြဖွယ်အမှုတော်များနဲ့ နေ့စဉ် ထောက်ပံ့နေ။

    (ထပ်ကျော့ပိုဒ်)

    အဖိုးထိုက် ဒီလက်ဆောင်ကို လက်ဆောင်ရှင်အားတို့

    အရေးစိုက်လို့ ချစ်ကြောင်းပြဖို့ တို့သုံးသွားကြပါစို့။

    လက်ဆောင်ရဖို့ တို့ဘာမှ လုပ်ယူလို့မရ။

    အသက်ရဲ့ အံ့သြဖွယ်၊ ဘုရားပေး လက်ဆောင်ပါ။

  2. ၂။ တချို့ အရှုံးပေး၊ ယောဘဇနီးလို၊

    ‘ဘုရား ကျိန်ပြီး သေတော့’ လို့ လက်လျှော့ကုန်တာ၊

    သူတို့လို မဟုတ်၊ ဘုရား ချီးမွမ်းမှာ

    အဖိုးထိုက် အသက်ရှင်ခွင့်အတွက် တို့ကျေးဇူးတင်။

    (ထပ်ကျော့ပိုဒ်)

    အဖိုးထိုက် ဒီလက်ဆောင်ကို လက်ဆောင်ရှင်အားတို့

    အရေးစိုက်လို့ ချစ်ကြောင်းပြဖို့ တို့သုံးသွားကြပါစို့။

    လက်ဆောင်ရဖို့ တို့ဘာမှ လုပ်ယူလို့မရ။

    အသက်ရဲ့ အံ့သြဖွယ်၊ ဘုရားပေး လက်ဆောင်ပါ။