မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၄၂

မျှော်လင့်ချက်ကို ကိုင်စွဲထားခြင်း

မျှော်လင့်ချက်ကို ကိုင်စွဲထားခြင်း

(ဟီဘရူး ၆:၁၈၊ ၁၉)

  1. ၁။ တိုက်မိလဲကြ လူတွေ အမှောင်ထဲ နှစ်များစွာ။

    အကျိုးမပေးတဲ့အရာတွေ အချည်းနှီးရှာ။

    ပေါ်လွင်ထင်ရှား ဝမ်းနည်းဖွယ် လူ့ချို့ယွင်းမှု၊

    မကယ်နိုင် အချင်းချင်း အပြစ်သားများ။

    (ထပ်ကျော့ပိုဒ်)

    နိုင်ငံတော် ရောက်ပြီ၊ ဝမ်းသာစွာ သီကြွေး။

    သားတော် အုပ်ချုပ်ရေး ကြောက်ရွံ့မှုကို ဖယ်ပေး။

    မကြာခင် ဆိုးညစ်မှုတွေ ပပျောက်မှာ။

    အဲဒီမျှော်လင့်ချက် ကျောက်ဆူးလို မြဲခိုင်စေ။

  2. ၂။ နိုင်ငံတော်သတင်း ‘ဘုရားနေ့ နီး’ ကြောင်း ဖော်ပြ၊

    ‘ဘယ်အချိန်ထိလဲ’ လို့ လူတွေ မမေးရတော့။

    ညည်းတွားဖန်ဆင်းခံများ မကြာလွတ်ငြိမ်းမှာ။

    ပါဝင်ဆို ချီးမွမ်း တို့ဘုရားအား။

    (ထပ်ကျော့ပိုဒ်)

    နိုင်ငံတော် ရောက်ပြီ၊ ဝမ်းသာစွာ သီကြွေး။

    သားတော် အုပ်ချုပ်ရေး ကြောက်ရွံ့မှုကို ဖယ်ပေး။

    မကြာခင် ဆိုးညစ်မှုတွေ ပပျောက်မှာ။

    အဲဒီမျှော်လင့်ချက် ကျောက်ဆူးလို မြဲခိုင်စေ။