မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၅၁

ကိုယ်တော်ခေါ်မယ်

ကိုယ်တော်ခေါ်မယ်

(ယောဘ ၁၄:၁၃-၁၅)

  1. ၁။ အသက်ဟာ မြူခိုးလို ခဏသာ ရှည်ကြာ

    မနက်ဖြန်ဆို ပျောက်သွားမှာ။

    တို့တစ်တွေလည်း ညှိုးနွမ်းနိုင် လျင်မြန်စွာ၊

    ဝမ်းနည်းစရာ ကြုံတွေ့နိုင်တာ။

    သက်ရှိလူ သေရင် အသက်ပြန်ရှင်မလား။

    ဘုရားကတိတော် မိန့်ကြားထား–

    (ထပ်ကျော့ပိုဒ်)

    သေသူ ထူး၊ ဘုရား ခေါ်တဲ့အခါ

    မိန့်တော်ကြောင့် ပြန်ရှင်လာမှာ။

    လက်တော်နဲ့ ဖန်ဆင်းရာများ

    ပြန်ရှင်ဖို့ အလိုတော်ရှိ။

    ယုံပါ၊ အံ့သြခြင်း မရှိနဲ့၊

    ဘုရား ထမြောက်ပေးနိုင်တယ်။

    လက်တော်နဲ့ ဖန်ဆင်းရာအဖြစ်

    ထာဝစဉ် တို့အသက်ရှင်မယ်။

  2. ၂။ အသက်တာ ကုန်ဆုံးတဲ့ ဘုရား မိတ်ဆွေများ

    ဘယ်တော့ မေ့လျော့မခံရ။

    မှတ်ဉာဏ်တော်ထဲရှိ အိပ်ပျော်သူ မှန်သမျှ

    ဘုရား ပြန်ခေါ်နှိုးမှာပါ။

    စစ်မှန်သက်တာအား တို့တွေ့မြင်ခံစား၊

    ပရဒိ ထာဝစဉ် ဖြစ်မှာ။

    (ထပ်ကျော့ပိုဒ်)

    သေသူ ထူး၊ ဘုရား ခေါ်တဲ့အခါ

    မိန့်တော်ကြောင့် ပြန်ရှင်လာမှာ။

    လက်တော်နဲ့ ဖန်ဆင်းရာများ

    ပြန်ရှင်ဖို့ အလိုတော်ရှိ။

    ယုံပါ၊ အံ့သြခြင်း မရှိနဲ့၊

    ဘုရား ထမြောက်ပေးနိုင်တယ်။

    လက်တော်နဲ့ ဖန်ဆင်းရာအဖြစ်

    ထာဝစဉ် တို့အသက်ရှင်မယ်။

(ယော. ၆:၄၀။ ၁၁:၁၁၊ ၄၃။ ယာ. ၄:၁၄ တို့ကိုလည်း ကြည့်ပါ။)