မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၁ခ

ယေဇကျေလကျမ်း အကျဉ်း

ယေဇကျေလကျမ်း အကျဉ်း

ယေဘုယျ​အားဖြင့် ယေဇကျေလကျမ်း​ကို အောက်ပါ​အတိုင်း အပိုင်း​ခွဲ​နိုင်ပါတယ်–

အခန်းကြီး ၁ မှ ၃

ဘီစီ ၆၁၃။ ဗာဗုလုန်ပြည်​က ပြည်နှင်ခံ​ဂျူးတွေ​ကြား ယေဇကျေလ နေထိုင်စဉ် ယေဟောဝါ​ဆီက စိတ်အာရုံ​တွေကို မြင်တွေ့ခဲ့​ရပြီး ခေဗာ​မြစ်​နား​မှာ​နေတဲ့ ဂျူးတွေ​အတွက် ပရောဖက်ပြု​ဖို့ တာဝန်ပေး​အပ်​ခံရ။

အခန်းကြီး ၄ မှ ၂၄

ဘီစီ ၆၁၃ နဲ့ ၆၀​၉ ကြား။ ဂျေရုဆလင်​မြို့​နဲ့​တကွ ပုန်ကန်​သူတွေ၊ ရုပ်တု​ကိုးကွယ်သူတွေကို တရား​စီရင်​မယ့်​အကြောင်း ယေဇကျေလ ကြိုဟော။

အခန်းကြီး ၂၅ မှ ၃၂

ဘီစီ ၆၀​၉ မှာ အစပြု။ ဂျေရုဆလင်​မြို့ကို ဗာဗုလုန်တွေ နောက်ဆုံး​အကြိမ် စတင်​ဝိုင်းရံ။ ဂျေရုဆလင်​မြို့​အပေါ် တရားစီရင်ချက် သတင်းက​နေ ပတ်ဝန်းကျင်​ရန်သူ အမ္မုန်၊ ဧဒုံ၊ အီဂျစ်၊ မောဘ၊ ဖိလိတိ၊ ဆိုင်ဒုန်၊ တိုင်​ရာ​တို့​အပေါ် တရားစီရင်ချက်​သတင်း ပြောင်း​သွား။

အခန်းကြီး ၃၃ မှ ၄၈

ဘီစီ ၆၀​၆ မှာ အစပြု။ မိုင်​ပေါင်း​ရာ​ချီ ဝေးရာ​မှာ ဂျေရုဆလင်​မြို့နဲ့ ဗိမာန်တော်ဟာ ပျက်စီး​ယိုယွင်း​နေ။ ယေဟောဝါရဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု စိတ်လှုပ်ရှားဖွယ် ပြန်လည်​တည်ထောင်ခြင်း​အကြောင်း မျှော်လင့်ချက်​သတင်းကို ယေဇကျေလ အာရုံစိုက်။

ယေဇကျေလ​ကျမ်းမှာ ဖြစ်စဉ်အလိုက်၊ အကြောင်းအရာ​အလိုက် စီစဉ်ဖော်ပြထားတယ်။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​တွေ မလာခင်​မှာ ဂျေရုဆလင်​မြို့​နဲ့ ဗိမာန်တော် ပျက်စီးခြင်း​အကြောင်း ပရောဖက်ပြု။ ဗိမာန်တော်မှာ ဝတ်ပြု​ကိုးကွယ်မှု ရပ်စဲ​သွားမယ်​ဆိုတာ ပြန်လည်​တည်ထောင်ခြင်း ပရောဖက်ပြုချက်​တွေ​က အရိပ်အမြွက် ဖော်ပြ။

ဂျေရုဆလင်​မြို့ တရား​စီရင်ခြင်း​သတင်း​နဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​တွေ​ကြားမှာ ပတ်ဝန်းကျင်​နိုင်ငံတွေ​ကို တရား​စီရင်ခြင်း​အကြောင်း ပါရှိ။ (အခန်းကြီး ၂၅ မှ ၃၂) “ရန်သူတွေကို အပြစ်ပေး​စီရင်​တာ​ဟာ ဘုရားလူမျိုးကို ကယ်တင်ဖို့ ဖြစ်တယ်။ ဒါကြောင့် ဘုရားရဲ့ အမျက်တော်​သတင်း ကြေညာချက်​နဲ့ ဘုရား​လူမျိုး​အတွက် ကရုဏာ​သတင်း ကြေညာချက်​ကြားမှာ လူမျိုးခြားတွေ​ကို တရား​စီရင်ခြင်း​သတင်း ရှိနေတာ သင့်လျော်​ပါတယ်” ဆိုပြီး ကျမ်းပညာရှင်​တစ်ယောက် ပြောခဲ့​တယ်။

အခန်း ၁၊ စာပိုဒ် ၁၈ ကို ပြန်သွားပါ