မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၂က

ယေဇကျေလ ပရောဖက်ပြုချက်များကို နားလည်ခြင်း

ယေဇကျေလ ပရောဖက်ပြုချက်များကို နားလည်ခြင်း

အဓိပ္ပာယ်​ဖွင့်ဆိုချက်—ပရောဖက်ပြုချက်​ဆိုတာ ဘာလဲ

ကျမ်းစာမှာ “ပရောဖက်ပြု” ဆိုပြီး ဘာသာ​ပြန်ဆိုတဲ့ ဟီဘရူး​ကြိယာ နာ​ဗာ​ဟာ ဘုရားဆီက သတင်းစကား၊ တရားစီရင်ချက်၊ ကျင့်ဝတ်​ဆိုင်ရာ သွန်သင်ချက်၊ မိန့်မှာချက်​တွေ ကြေညာခြင်း​ကို အဓိက ရည်ညွှန်းတယ်။ ဖြစ်​လာမယ့် အရာ​တစ်ခုခုနဲ့​ပတ်သက်တဲ့ ဘုရားဆီက ကြေညာချက်​ကိုလည်း ရည်ညွှန်း​နိုင်တယ်။ ဒီ​ဗျာဒိတ်တော်​ပုံစံ​အားလုံး ယေဇကျေလ ပရောဖက်ပြုချက်​တွေ​မှာ ပါတယ်။—ယေဇ. ၃:၁၀၊ ၁၁။ ၁၁:၄-၈။ ၁၄:၆-၇။ ၃၇:၉၊ ၁၀။ ၃၈:၁-၄

ဗျာဒိတ်ပေး​ပုံ နည်းလမ်းများ

  • စိတ်​အာရုံများ

  • ဥပမာ​များ

  • သရုပ်ဆောင်​ချက်များ

ယေဇကျေလ​ကျမ်းမှာ ပရောဖက်ပြု​သတင်းစကားတွေနဲ့​ပတ်သက်တဲ့ စိတ်အာရုံ​တွေ၊ ဥပမာ​တွေ၊ ပုံဆောင်​ဇာတ်လမ်း​တွေ၊ သရုပ်ဆောင်​ချက်​တွေ ပါတယ်။

ပြည့်စုံချက်​များ

တစ်ခါတလေ ယေဇကျေလ ပရောဖက်ပြုချက်​တွေ​မှာ ပြည့်စုံချက်​တစ်ခု​ထက်မက ရှိတယ်။ ဥပမာ၊ ကတိထားရာပြည်​ကို ဘုရား​လူမျိုး ပြန်လာ​ချိန်မှာ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​တွေ အသေးစား ပြည့်စုံခဲ့​တ​ယ်။ ဒါပေမဲ့ ဒီ​စာအုပ် အခန်း ၉ မှာ ဆွေးနွေး​ထားတဲ့​အတိုင်း ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက် အများစုက ဒီနေ့​ခေတ်မှာ ပြည့်စုံ​နေပြီး အနာဂတ်​မှာလည်း ပြည့်စုံ​လာ​ဦး​မယ်။

အရင်တုန်းက ယေဇကျေလ ပရောဖက်ပြုချက်ပါ အချက်​တော်​တော်​များများ​ကို အ​နှိုင်း​နဲ့ အနှိုင်းခံ ပြည့်စုံချက်​တွေ​အဖြစ် ရှုမြင်​ခဲ့​ကြတယ်။ ဒါပေမဲ့ ဒီလို​ရှုမြင်​ဖို့ ရှင်းလင်း​ခိုင်လုံတဲ့ ကျမ်းစာ​အထောက်အထား မရှိဘူး​ဆိုရင် လူ၊ အရာဝတ္ထု၊ နေရာ၊ ဖြစ်ရပ်တွေကို ပရောဖက်ပြုချက်​ဆိုင်ရာ အ​နှိုင်း​တွေ ဖြစ်တယ်၊ ခေတ်​သစ် အနှိုင်းခံ ရှိတယ် စ​သဖြင့် ဒီ​စာအုပ်မှာ မဖော်​ပြပါ​ဘူး။ * အဲဒီအစား ယေဇကျေလ ပရောဖက်ပြုချက်​အများစု​ရဲ့ အကြီးစား ပြည့်စုံချက်​တွေကို ဖော်ပြ​သွားပါမယ်။ ယေဇကျေလရဲ့ သတင်းစကား၊ ယေဇကျေလ ဖော်ပြချက်​ပါ လူ၊ နေရာ၊ ဖြစ်ရပ်တွေ​ကနေ သင်ယူနိုင်တဲ့ သင်ခန်းစာတွေကို​လည်း ဆန်းစစ်​သွားပါမယ်။

^ အပိုဒ်၊ 12 အ​နှိုင်း၊ အနှိုင်းခံ​အကြောင်းကို ၂၀၁၅၊ မတ်လ ၁၅ ရက် ကင်းမျှော်စင် စာမျက်နှာ ၉-၁၁၊ စာပိုဒ် ၇-၁၂ နဲ့ စာမျက်နှာ ၁၇-၁၈ ပါ “စာရှုသူများထံမှ မေးခွန်းလွှာ” မှာ ကြည့်ပါ။