မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၁၀ခ

“ခြောက်သွေ့နေတဲ့အရိုး” နဲ့ “သက်သေနှစ်ယောက်”—ဘယ်လို ဆက်စပ်သလဲ

“ခြောက်သွေ့နေတဲ့အရိုး” နဲ့ “သက်သေနှစ်ယောက်”—ဘယ်လို ဆက်စပ်သလဲ

“ခြောက်သွေ့​နေတဲ့​အရိုး” နဲ့ “သက်သေ​နှစ်ယောက်” အကြောင်း ပရောဖက်ပြုချက်​နှစ်ခု​ဟာ ၁၉၁၉ ခုနှစ်မှာ ပြည့်စုံ​လာတယ်။ ဘုရားသခင့် လူမျိုးစုကြီး အသက်ပြန်ရှင်​လာ​ခြင်း၊ (ရာစုနှစ်ချီ) ကြာ​တဲ့ ကာလရှည်​အကြောင်းကို “ခြောက်သွေ့​နေတဲ့​အရိုး” စိတ်အာရုံ​က ကြိုတင်​ဖော်ပြတယ်။ (ယေဇ. ၃၇:၂-၄။ ဗျာ. ၁၁:၁-၃၊ ၇-၁၃) ဘုရား​ကျေးကျွန် အုပ်စုငယ်​လေး အသက်ပြန်ရှင်​လာ​ခြင်း၊ (၁၉၁၄ ခုနှစ် နှောင်းပိုင်း​ကနေ ၁၉၁၉ ခုနှစ် အစောပိုင်း​ကာလ​အတွင်း ပြည့်စုံခဲ့တဲ့) ကာလ​တို​အကြောင်းကို “သက်သေ​နှစ်ယောက်” အကြောင်း ပရောဖက်ပြုချက်​က ဖော်ပြတယ်။ ပရောဖက်ပြုချက်​နှစ်ခု​လုံး​က ပုံဆောင်​ရှင်ပြန်ထမြောက်ခြင်း​ကို သရုပ်ဖော်​တ​ယ်။ ဘိသိက်ခံ​ကျေးကျွန်တွေ “ထ​ရပ်” ဖို့၊ မဟာ​ဗာဗုလုန် သုံ့ပန်း​ဘဝကနေ လွတ်မြောက်​ဖို့၊ ပြန်လည်​တည်ထောင်​ထားတဲ့ အသင်းတော်မှာ စုရုံး​လာဖို့ ယေဟောဝါ ကူညီ​ပေးခဲ့တဲ့ ၁၉၁၉ ခုနှစ်မှာ ပရောဖက်ပြုချက်​နှစ်ခု​လုံး ပြည့်စုံခဲ့​တ​ယ်။—ယေဇ. ၃၇:၁၀

ဒါပေမဲ့ ပရောဖက်ပြုချက်​နှစ်ခု​ရဲ့ ပြည့်စုံချက် ကွဲပြားပုံကို သတိပြုပါ။ “ခြောက်သွေ့​နေတဲ့​အရိုး” ပရောဖက်ပြုချက်​က ဘိသိက်ခံ အကြွင်းအကျန်​အားလုံး အသက်ပြန်ရှင်​လာ​ခြင်း​အကြောင်း ကြို​ဖော်ပြတယ်။ “သက်သေ​နှစ်ယောက်” ပရောဖက်ပြုချက်​က ဘိသိက်ခံ​အကြွင်းအကျန်​တချို့ အသက်ပြန်ရှင်​ခြင်း​အကြောင်း ကြို​ဖော်ပြတယ်။ သူတို့ဟာ “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်” အဖြစ် ခန့်အပ်ခံ​ရပြီး အဖွဲ့အစည်း​ကို ဦးဆောင်​သူတွေ ဖြစ်တယ်။—မ. ၂၄:၄၅။ ဗျာ. ၁၁:၆ *

“အရိုး​တွေ ပြည့်နေတဲ့ ချိုင့်ဝှမ်း​လွင်ပြင်”—ယေဇ. ၃၇:၁

  1. အေဒီ ၁၀၀ နောက်ပိုင်း

    ဘိသိက်ခံ ခရစ်ယာန်​အသင်းတော် ပုံဆောင်​သဘော​အရ ကွပ်မျက်​ခံရတဲ့ အေဒီ ဒုတိယရာစု​နဲ့ နောက်ပိုင်း “ချိုင့်ဝှမ်း​လွင်ပြင်” မှာ “အရိုး”တွေ ပြည့်​ခဲ့

  2. ၁၉၁၉ ခုနှစ် အစောပိုင်း

    ၁၉၁၉။ ယေဟောဝါ​က ဘိသိက်ခံ​အားလုံးကို မဟာ​ဗာဗုလုန်​ကနေ လွတ်မြောက်​စေပြီး ပြန်လည်​တည်ထောင်​ထားတဲ့ အသင်းတော်​ထဲ စုသိမ်း​ချိန်မှာ “ခြောက်သွေ့​နေတဲ့​အရိုး​တို့” အသက်ပြန်ရှင်​လာ​ခဲ့

“သက်သေ​နှစ်ယောက်”—ဗျာ. ၁၁:၃

  1. ၁၉၁၄ ခုနှစ် နှောင်းပိုင်း

    “အထည်​ကြမ်း ဝတ်​ပြီး” ဟောပြောခြင်း

    ၁၉၁၄။ “သက်သေ​နှစ်ယောက်” က “အထည်​ကြမ်း ဝတ်​ပြီး” သုံးနှစ်ခွဲ​ကြာ ဟောပြောခဲ့​ကြတယ်။ အဲဒီကာလ​အဆုံးပိုင်းမှာ ပုံဆောင်​သဘော​အရ ကွပ်မျက်ခံ​ရ

  2. ပုံဆောင် သေဆုံးခြင်း

  3. ၁၉၁၉ ခုနှစ် အစောပိုင်း

    ၁၉၁၉။ အဖွဲ့အစည်း​ကို ဦးဆောင်ဖို့ ဘိသိက်ခံ အုပ်စုငယ်​လေး​ကို “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်” အဖြစ် ခန့်အပ်​ချိန်မှာ “သက်သေနှစ်ယောက်” အသက်ပြန်ရှင်​လာ​ခဲ့

^ အပိုဒ်၊ 4 ၂၀၁၆ မတ်လ ကင်းမျှော်စင် စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။