မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၂၁က

‘ဖယ်ထားရမယ့် အလှူမြေကွက်’

‘ဖယ်ထားရမယ့် အလှူမြေကွက်’

ယေဇကျေလ ၄၈:၈

ယေဟောဝါ သီးသန့်​ဖယ်ထားတဲ့ မြေကွက်​ကို ယေဇကျေလ​နဲ့​အတူ အနီးကပ် လိုက်ပါ​လေ့လာ​ကြရအောင်။ မြေကွက်​မှာ အပိုင်း​ငါး​ပိုင်း ပါတယ်။ ဘာတွေလဲ။ ဘာ​အတွက်​လဲ။

က။ “အလှူ​မြေကွက်”

ဒီ​မြေကွက်ဟာ အုပ်ချုပ်ရေး​ပိုင်း​အတွက် ဖြစ်ပြီး “စီမံခန့်ခွဲ​အုပ်ချုပ်သူ​တို့အတွက် မြေကွက်” လို့ ခေါ်တယ်။

ယေဇ. ၄၈:၈

ခ။ “အလှူ​မြေ​တစ်ခုလုံး”

ဒီ​အပိုင်း​ဟာ ပုရောဟိတ်တွေ၊ လေဝိ​အမျိုးသားတွေ​နဲ့ မြို့တော်​အတွက် ဖြစ်တယ်။ ၁၂ နွယ်​သား​တိုင်း ယေဟောဝါကို ဒီ​နေရာမှာ ကိုးကွယ်​ကြတယ်။ စီမံခန့်ခွဲမှု အစီအစဉ်ကို ထောက်မ​ကြတယ်။

ယေဇ. ၄၈:၂၀

ဂ။ “အကြီးအမှူးရဲ့ နယ်မြေ”

“အစ္စရေး​ပြည်မှာ ဒီ​မြေ​ကို အကြီးအမှူး ပိုင်​ရလိမ့်မယ်။” “ဒါဟာ အကြီးအမှူး​အတွက်ပဲ။”

ယေဇ. ၄၅:၇၊ ၈။ ၄၈:၂၁၊ ၂၂

ဃ။ “သန့်ရှင်းတဲ့​မြေကွက်”

အပေါ်ပိုင်း​က “လေဝိ​အမျိုးသားတွေ​အတွက်၊” “သန့်ရှင်းတဲ့ မြေကွက်” ဖြစ်တယ်။ အလယ်ပိုင်း​က “ပုရောဟိတ်တွေ​အတွက် သန့်ရှင်းတဲ့​အလှူမြေကွက်၊” “နေအိမ်တွေရော ဗိမာန်တော်​အတွက် သန့်ရှင်းတဲ့​မြေနေရာ” ဖြစ်တယ်။

ယေဇ. ၄၅:၁-၅။ ၄၈:၉-၁၄

င။ “ကျန်​မြေကွက်”

“အဲဒါကို အစ္စရေး​တစ်မျိုးလုံး ပိုင်​လိမ့်မယ်။” “မြို့သူ​မြို့သား​တွေ အထွေထွေ သုံးဖို့၊ အိမ်ရာ​နဲ့ စားကျက်မြေ​အတွက် သုံးဖို့ ဖြစ်တယ်။”

ယေဇ. ၄၅:၆။ ၄၈:၁၅-၁၉