မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၃

မေးခွန်းများကို အသုံးပြုခြင်း

မေးခွန်းများကို အသုံးပြုခြင်း

မဿဲ ၁၆:၁၃-၁၆

အကျဉ်းချုပ်– စိတ်ဝင်စားမှုကို နှိုးဆွပြီး ဆက်စိတ်ဝင်စားနေစေဖို့၊ နားထောင်နေသူတွေနဲ့ ကျိုးကြောင်းဆင်ခြင်ဖို့၊ အရေးကြီးတဲ့အချက်တွေကို အလေးပေးဖို့ မေးခွန်းတွေကို လိမ္မာပါးနပ်စွာမေးပါ။

လုပ်ဆောင်နိုင်ပုံ–

  • စိတ်ဝင်စားမှုကို နှိုးဆွပေးပြီး ဆက်စိတ်ဝင်စားနေစေဖို့ ကြိုးစားပါ။ အဖြေမလိုတဲ့ မေးခွန်းတွေက နားထောင်နေသူတွေကို စဉ်းစားစေတယ်၊ ဒါမှမဟုတ် အဖြေသိချင်စိတ် ဖြစ်ပေါ်စေတယ်။

  • အကြောင်းအရာကို ကျိုးကြောင်းဆင်ခြင်ပါ။ မှန်ကန်တဲ့ကောက်ချက် ချစေနိုင်တဲ့ မေးခွန်းတွေ အဆင့်ဆင့်မေးပါ။ ဒီနည်းအားဖြင့် အကြောင်းအရာတစ်ခုကို ယုတ္တိရှိရှိ ကျိုးကြောင်းဆင်ခြင်နိုင်အောင် နားထောင်နေသူတွေကို ကူညီပေးပါ။

  • အရေးကြီးတဲ့အချက်တွေကို အလေးပေး ဖော်ပြပါ။ အဓိကအချက်တစ်ချက်ကို အစပြု ပြောဆိုဖို့ စိတ်ဝင်စားစရာ မေးခွန်းတစ်ခု မေးပါ။ အရေးကြီးတဲ့အချက်ကို ဆွေးနွေးပြီးတဲ့အခါ၊ ဒါမှမဟုတ် ဟောပြောချက်ကို နိဂုံးချုပ်တဲ့အခါ ပြန်လည်သုံးသပ်တဲ့ မေးခွန်းတွေ မေးပါ။