မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၅

တိတိကျကျဖတ်ရှုခြင်း

တိတိကျကျဖတ်ရှုခြင်း

၁ တိမောသေ ၄:၁၃

အကျုဉ်းချုပ်– ရေးထားတာကို တိတိကျကျ အသံထွက် ဖတ်ပါ။

လုပ်ဆောင်နိုင်ပုံ–

  • သေသေချာချာ ပြင်ဆင်ပါ။ ဒီစာပိုဒ်ကို ဘာကြောင့် ရေးထားသလဲဆိုတာ စဉ်းစားပါ။ စကားလုံးတစ်လုံးချင်းစီ မဟုတ်ဘဲ စကားစုအလိုက် ဖတ်ဖို့ လေ့ကျင့်ပါ။ စကားလုံး ထပ်ထည့်တာ၊ ကျော်ဖတ်တာ၊ စကားလုံး အစားထိုးဖတ်တာမျိုး မဖြစ်စေဖို့ ဂရုစိုက်ပါ။ အဖြတ်အရပ် သင်္ကေတအားလုံးကို သေသေချာချာကြည့်ပါ။

  • စကားလုံးတိုင်းကို အသံထွက်မှန်အောင် ဖတ်ပါ။ စကားလုံးတစ်လုံးကို ဘယ်လို အသံထွက်ရမှန်း မသိရင် အဘိဓာန်ဖွင့်ကြည့်ပါ။ အသံသွင်းထားတာတွေကို နားထောင်ပါ။ စာဖတ်တော်သူတစ်ယောက်ကို အကူအညီ တောင်းပါ။

  • ရှင်းရှင်းလင်းလင်း ပြောပါ။ ခေါင်းကိုမော့၊ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး ပီပီသသ အသံထွက် ဖတ်ပါ။ စကားလုံးတစ်လုံးစီကို ပီပီသသ အသံထွက်ဖို့ ကြိုးစားပါ။