မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၀

အသံပြောင်းလဲခြင်း

အသံပြောင်းလဲခြင်း

ပညာအလိမ္မာ ၈:၄၊ 

အကျဉ်းချုပ်– အသံ အတိုးအကျယ်၊ အနိမ့်အမြင့်၊ အနှေးအမြန် ပြောင်းလဲခြင်းအားဖြင့် အကြောင်းအရာကို အသက်ဝင်စေပါ။

လုပ်ဆောင်နိုင်ပုံ–

  • အသံ အတိုးအကျယ် ပြောင်းပေးပါ။ အဓိကအချက်တွေ ပေါ်လွင်စေဖို့၊ နားထောင်နေသူတွေကို လှုံ့ဆော်ပေးဖို့ အသံ ကျယ်ကျယ်ပြောပါ။ တရားစီရင်ခြင်းအကြောင်း ကျမ်းစာကနေ ဖတ်တဲ့အခါ ကျယ်ကျယ်ဖတ်ပါ။ မျှော်လင့်စောင့်စားစေဖို့၊ စိုးရိမ်ထိတ်လန့်စရာအကြောင်း ဖော်ပြဖို့ အသံကို တိုးလိုက်ပါ။

  • အသံ အနိမ့်အမြင့် ပြောင်းပါ။ သင့်ဘာသာစကားမှာ သင့်တော်တယ်ဆိုရင် စိတ်ထက်သန်ကြောင်း ဖော်ပြဖို့ ဒါမှမဟုတ် အရွယ်အစား၊ အကွာအဝေးကို ဖော်ပြဖို့ အသံကို မြှင့်ပေးပါ။ ဝမ်းနည်းမှု ဒါမှမဟုတ် စိုးရိမ်ပူပန်မှုကို ဖော်ပြဖို့ အသံကို နိမ့်လိုက်ပါ။

  • အသံ အနှေးအမြန် ပြောင်းပါ။ စိတ်လှုပ်ရှားတာကို စကားမြန်မြန် ပြောပြီး ဖော်ပြနိုင်တယ်။ အရေးကြီးတဲ့အချက်တွေကိုတော့ ဖြည်းဖြည်းနှေးနှေး ပြောနိုင်တယ်။