မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၂

လှိုက်လှဲခြင်း၊ ကိုယ်ချင်းစာနာခြင်း

လှိုက်လှဲခြင်း၊ ကိုယ်ချင်းစာနာခြင်း

၁ သက်သာလောနိတ် ၂:၇၊ ၈

အကျဉ်းချုပ်– စိတ်ရင်းအတိုင်း ပြောပါ။ နားထောင်နေသူတွေကို သင် ချစ်ခင်ကြောင်း ဖော်ပြပါ။

လုပ်ဆောင်နိုင်ပုံ–

  • နားထောင်နေသူတွေကို ထည့်စဉ်းစားပါ။ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ထည့်စဉ်းစားပြီး သင့် စိတ်နှလုံးကို ပြင်ဆင်ပါ။ သူတို့ရဲ့ခံစားချက်ကို သိမြင်နိုင်အောင် ကြိုးစားပါ။

  • စကားလုံးတွေကို ဂရုစိုက်ရွေးချယ်ပါ။ နားထောင်နေသူတွေ လန်းဆန်းမှု၊ နှစ်သိမ့်မှု၊ အားပေးမှု ရစေဖို့ ကြိုးစားပါ။ သူတို့ကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေကို ရှောင်ပါ။ ယေဟောဝါကို မယုံကြည်တဲ့သူတွေအကြောင်း၊ သူတို့ရဲ့ ယုံကြည်ချက်တွေအကြောင်း အပျက်သဘော မပြောပါနဲ့။

  • စိတ်ဝင်စားမှုပြပါ။ ကြင်နာတဲ့လေသံ၊ သင့်တော်တဲ့ ကိုယ်ဟန်အမူအရာတွေ သုံးပြီး နားထောင်နေသူတွေကို သင် တကယ်ချစ်ခင်ကြောင်း သိစေပါ။ ကိုယ့်ရဲ့ မျက်နှာထားကို ဂရုစိုက်ပါ။ မကြာခဏ ပြုံးပါ။