မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၄

အဓိကအချက်တွေကို ပေါ်လွင်စေခြင်း

အဓိကအချက်တွေကို ပေါ်လွင်စေခြင်း

ဟီဘရူး ၈:၁

အကျဉ်းချုပ်– သင့်ဟောပြောချက်ကို အာရုံစိုက်နိုင်ဖို့ ပရိသတ်ကို ကူညီပေးပါ။ အဓိကအချက်တစ်ချက်စီက သင့်ရည်ရွယ်ချက်၊ အဓိကအကြောင်းအရာနဲ့ ဘယ်လို ဆက်စပ်တယ်ဆိုတာ သိစေပါ။

လုပ်ဆောင်နိုင်ပုံ–

  • ရည်ရွယ်ချက်တစ်ခု ရှိပါ။ သင့်ဟောပြောချက်က အချက်အလက်တွေကို သိရှိစေဖို့လား၊ ယုံကြည်စိတ်ချစေဖို့လား၊ ပရိသတ်ကို လှုံ့ဆော်ပေးဖို့လားဆိုတာ စဉ်းစားပြီးနောက် အဲဒီအချက်နဲ့အညီ ဟောပြောပါ။ အဓိကအချက်အားလုံးက သင့်ရည်ရွယ်ချက်ကို အထမြောက်စေကြောင်း သေချာစေပါ။

  • ဟောပြောချက်ရဲ့ အဓိကအကြောင်းကို အလေးပေးဖော်ပြပါ။ ဟောပြောနေစဉ်တစ်လျှောက် အကြောင်းအရာရဲ့ အဓိကစကားလုံးတွေ ဒါမှမဟုတ် အဓိပ္ပာယ်တူတဲ့ တခြားစကားလုံးတွေကို ခဏခဏ ပြန်ပြောပါ။

  • အဓိကအချက်တွေကို ရိုးရိုးရှင်းရှင်း ဖော်ပြပါ။ အကြောင်းအရာနဲ့သက်ဆိုင်တဲ့ အဓိကအချက်တွေကိုပဲ ရွေးပါ။ ဒါမှ သတ်မှတ်ချိန်အတွင်း ထိထိရောက်ရောက် သွန်သင်ပေးနိုင်မယ်။ အဓိကအချက်တွေကို ကန့်သတ်ထားပါ။ အချက်တိုင်းကို ရှင်းရှင်းလင်းလင်း တင်ဆက်ပါ။ နောက်တစ်ချက် မပြောင်းခင် ခဏရပ်ပါ။ ပြေပြေပြစ်ပြစ် ကူးပြောင်းပါ။