မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၇

တခြားသူတွေကို နားလည်သဘောပေါက်စေခြင်း

တခြားသူတွေကို နားလည်သဘောပေါက်စေခြင်း

၁ ကောရိန္သု ၁၄:၉

အကျဉ်းချုပ်– သင်ပြောနေတဲ့ သတင်းတရားအကြောင်း နားလည်လာအောင် နားထောင်နေသူတွေကို ကူညီပေးပါ။

လုပ်ဆောင်နိုင်ပုံ–

  • အကြောင်းအရာကို စေ့စေ့စပ်စပ် လေ့လာပါ။ အကြောင်းအရာကို သေချာနားလည်အောင် လေ့လာပါ။ ဒါမှသာ ကိုယ်ပိုင်စကားနဲ့ ရိုးရိုးရှင်းရှင်း ပြောနိုင်မယ်။

  • ဝါကျတိုနဲ့ ရိုးရှင်းတဲ့စကားစုတွေ သုံးပါ။ ဝါကျရှည်တွေ သုံးနိုင်ပေမဲ့ ကျစ်လစ်ပြည့်စုံတဲ့ စကားစုတွေ၊ ဝါကျတွေ သုံးပြီး အဓိကအချက်တွေကို တင်ဆက်ပါ။

  • မရင်းနှီးတဲ့ အသုံးအနှုန်းတွေကို ရှင်းပြပါ။ ဖြစ်နိုင်မယ်ဆိုရင် နားထောင်နေသူတွေ မရင်းနှီးတဲ့ အသုံးအနှုန်းတွေကို မသုံးပါနဲ့။ မရင်းနှီးတဲ့ အသုံးအနှုန်း၊ ကျမ်းစာဇာတ်ကောင်၊ ရှေးခေတ် အတိုင်းအတာ ဒါမှမဟုတ် ထုံးစံ တစ်ခုခုအကြောင်း ပြောရမယ်ဆိုရင် ရှင်းပြပေးပါ။