မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၈

ပရိသတ်အတွက် သိမှတ်ဖွယ်

ပရိသတ်အတွက် သိမှတ်ဖွယ်

၁ ကောရိန္သု ၉:၁၉-၂၃

အကျဉ်းချုပ်– နားထောင်နေသူတွေ စဉ်းစားလာအောင် လှုံ့ဆော်ပေးပါ။ ဒါမှ အကျိုးရှိတာတွေကို သူတို့ သိလိုက်ရတယ်လို့ ခံစားရမယ်။

လုပ်ဆောင်နိုင်ပုံ–

  • နားထောင်နေသူတွေ သိပြီးသားအရာတွေကို ထည့်စဉ်းစားပါ။ သူတို့ကြားဖူးပြီးသားတွေကိုပဲ ထပ်ပြောနေမယ့်အစား အကြောင်းအရာကို ရှုထောင့်အသစ်ကနေ သိမြင်လာအောင် ကူညီပေးပါ။

  • ရှာဖွေလေ့လာပါ၊ တွေးတောဆင်ခြင်ပါ။ အဓိကအယူအဆတွေကို ရှင်းပြဖို့ သိပ်မသိသေးတဲ့ အကြောင်းတွေ၊ လတ်တလောဖြစ်ရပ်တွေကို ဖြစ်နိုင်တဲ့အခါတိုင်း ထည့်ပြောပါ။ သင်ဟောပြောမယ့် အကြောင်းအရာ၊ အဲဒီအကြောင်းအရာနဲ့ သင်ကိုးကားဖော်ပြမယ့်အချက်တွေ ဆက်စပ်ပုံကို နက်နက်နဲနဲ စဉ်းစားပါ။

  • သင်ပြောနေတဲ့ အကြောင်းအရာတွေဟာ အသုံးဝင်ကြောင်း ပြောပြပါ။ ကျမ်းစာပါ အချက်အလက်တွေဟာ နားထောင်နေသူတွေရဲ့ အသက်တာကို ဘယ်လို အကျိုးပြုနိုင်တယ်ဆိုတာ ရှင်းပြပါ။ သူတို့နဲ့ သက်ဆိုင်တဲ့ သတ်သတ်မှတ်မှတ် အခြေအနေတွေ၊ သဘောထားနဲ့ လုပ်ရပ်တွေအကြောင်း ရှင်းပြပါ။