မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၉

စိတ်နှလုံးကို ထိမိဖို့ ကြိုးစားခြင်း

စိတ်နှလုံးကို ထိမိဖို့ ကြိုးစားခြင်း

ပညာအလိမ္မာ ၃:၁

အကျဉ်းချုပ်– သိလာတာတွေကို တန်ဖိုးထားလေးမြတ်ဖို့၊ လက်တွေ့ကျင့်သုံးဖို့ နားထောင်နေသူတွေကို ကူညီပေးပါ။

လုပ်ဆောင်နိုင်ပုံ–

  • ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်တတ်အောင် ကူညီပေးပါ။ သူတို့ကိုယ်တိုင် ဘယ်လိုခံစားရသလဲဆိုတာ ပြန်ဆန်းစစ်တတ်အောင် အဖြေမလိုတဲ့ မေးခွန်းတွေ မေးပါ။

  • မှန်ကန်တဲ့ လှုံ့ဆော်မှု ခံစားရစေပါ။ မွန်မြတ်တဲ့အလုပ်တွေကို ဘာကြောင့်လုပ်တယ်ဆိုတာ ပြန်ဆန်းစစ်ဖို့ နားထောင်နေသူတွေကို အားပေးပါ။ ယေဟောဝါနဲ့ လူတွေကို ချစ်လို့၊ ကျမ်းစာသွန်သင်ချက်တွေကို နှစ်သက်လို့ လုပ်ဆောင်တာမျိုးဖြစ်ဖို့ ကူညီပေးပါ။ သွန်သင်ချက်ပေးတဲ့ပုံစံနဲ့ မဟုတ်ဘဲ သူတို့နဲ့ ကျိုးကြောင်းဆင်ခြင်ပါ။ သင့်ဟောပြောချက်အပြီးမှာ စိတ်အနှောင့်အယှက်ဖြစ်စေမယ့်အစား အကောင်းဆုံးလုပ်ဆောင်ဖို့ အားပေးမှု၊ လှုံ့ဆော်မှု ဖြစ်စေပါ။

  • ယေဟောဝါကို အာရုံစိုက်စေပါ။ ကျမ်းစာ သွန်သင်ချက်တွေ၊ မူတွေ၊ ပညတ်တွေက ဘုရားရဲ့ အရည်အသွေးတွေနဲ့ ဘုရားရဲ့မေတ္တာအကြောင်း ဘယ်လို ဖော်ပြသလဲဆိုတာ ပေါ်လွင်စေပါ။ ယေဟောဝါရဲ့ ခံစားချက်ကို ထည့်စဉ်းစားပြီး ဘုရားနှစ်သက်တာကို လုပ်ချင်လာအောင် ကူညီပေးပါ။