သင်ခန်းစာ ၂၀
ထိရောက်တဲ့နိဂုံး
ဒေသနာ ၁၂:၁၃၊ ၁၄
အကျဉ်းချုပ်– ကြားသိခဲ့တာတွေကို လက်ခံပြီး လက်တွေ့ကျင့်သုံးဖို့ နိဂုံးချုပ်မှာ မေတ္တာရပ်ခံပါ။
လုပ်ဆောင်နိုင်ပုံ–
-
နိဂုံးကို အကြောင်းအရာတစ်ခုလုံးနဲ့ ချိတ်ဆက်ပါ။ အဓိကအချက်တွေနဲ့ အဓိကအကြောင်းကို ထပ်မံပြောဆိုပါ။
-
နားထောင်နေသူတွေကို လှုံ့ဆော်ပေးပါ။ ဘာလုပ်ရမယ်၊ ဘာကြောင့်လုပ်ရမယ်ဆိုတာကို ခိုင်လုံတဲ့အကြောင်းရင်းတွေနဲ့ ရှင်းပြပါ။ ထက်သန်မှု၊ ယုံကြည်စိတ်ချမှု အပြည့်နဲ့ ပြောဆိုပါ။
-
ရှင်းလင်း တိုတုတ်တဲ့ နိဂုံးဖြစ်စေပါ။ အချက်အလက်သစ်တွေ ထပ်မထည့်ပါနဲ့။ စကားလုံးနည်းနည်းပဲ သုံးပါ။ လက်တွေ့ကျင့်သုံးကြဖို့ နောက်ဆုံးအနေနဲ့ မေတ္တာရပ်ခံပါ။