မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တက်ရောက်သူများ သိသင့်သိအပ်ရာ

တက်ရောက်သူများ သိသင့်သိအပ်ရာ

ဧည့်ကြို​များ သင့်ကို ကူညီဖို့ ဧည့်ကြို​တွေကို တာဝန်ချ​ထားပါ​တယ်။ ကား​ရပ်နားခြင်း၊ အဆောက်အအုံ​အတွင်း ဝင်ထွက်​သွားလာခြင်း၊ နေရာ​ဦး​ခြင်းနဲ့ တခြား​ကိစ္စ​တွေ​နဲ့​ပတ်သက်ပြီး သူတို့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်း​ဖြင့် အပြည့်အဝ ပူးပေါင်း​ကူညီပါ။

နှစ်ခြင်း တခြား​အမှတ်အသား ဖော်ပြ​ထားတာ​မျိုး မရှိရင် နှစ်ခြင်းခံမယ့်​သူများ​အတွက် နေရာ​တွေ​ကို စင်မြင့်​ရှေ့တန်း​မှာ သီးသန့်သတ်မှတ်​ထားပါ​မယ်။ နှစ်ခြင်းခံမယ့်​သူတွေဟာ စနေနေ့​မနက် နှစ်ခြင်း​ဟောပြောချက် မတိုင်မီ သတ်မှတ်​ထားတဲ့​နေရာမှာ ရောက်ရှိနေသင့်တယ်။ တဘက်​တွေ ယူလာ​ပြီး ဣန္ဒြေ​ရှိတဲ့ အဝတ်အစား​တွေကို ဝတ်ဆင်​လာသင့်တယ်။

အလှူငွေ ယေဟောဝါနဲ့ ပို​ရင်းနှီး​လာ​စေတဲ့ ခရိုင်​အစည်းအဝေး​ကို ပျော်ရွှင်စွာ တက်ရောက်​နိုင်အောင် နေရာ​ထိုင်​ခင်း၊ အသံချဲ့စက်​နဲ့ တခြား​ဝန်ဆောင်မှု​များစွာ​အတွက် အတော်အတန် အကုန်အကျ​ခံ စီစဉ်​ထားပါ​တယ်။ စေတနာအလျောက် လှူဒါန်း​တဲ့ အလှူငွေတွေက ဒီ​ကုန်ကျ​စရိတ်​တွေကို ကာမိ​စေပြီး ကမ္ဘာချီ​လုပ်ငန်းကို​လည်း ထောက်မ​ပေးတယ်။ သင့်အတွက်​ လွယ်ကူ​စေဖို့ ထင်ထင်ရှားရှား မှတ်သား​ထားတဲ့ အလှူငွေ​သေတ္တာ​တွေကို ဒီ​အဆောက်အအုံ နေရာအနှံ့​မှာ ထားရှိ​ပါတယ်။ အလှူငွေ​အားလုံးကို အလွန်​တန်ဖိုး​ထားပါ​တယ်။ ကမ္ဘာချီ​လုပ်ငန်းကို​ ရက်ရော​စွာ ထောက်ပံ့​ပေးတဲ့ သင့်​အလှူငွေ​အတွက် အုပ်ချုပ်ရေး​အဖွဲ့က ကျေးဇူးတင်ပါတယ်။

ရှေးဦး​သူနာပြု အရေးပေါ်​အတွက်သာ​ဖြစ်ကြောင်း မှတ်ထားပါ။

ပျောက်​တွေ့​ဌာန ကောက်ရတဲ့​ပစ္စည်းတွေကို ပျောက်​တွေ့​ဌာန​ဆီ ပို့ပေးပါ။ တစ်ခုခု​ ပျောက်သွား​ရင်​လည်း ဒီ​ဌာန​ဆီ သွားပြီး ပစ္စည်း​အမျိုးအမည်ကို ပြောပြပါ။ မိဘတွေ​နဲ့ ကွဲသွားပြီး မသွား​တတ် မလာ​တတ်​ဖြစ်နေတဲ့ ကလေးတွေကို ဒီ​ဌာန​ကို ပို့ပေးသင့်တယ်။ ဒါပေမဲ့ တခြားသူတွေ​အတွက် ဝန်ထုပ်​မဖြစ်အောင် ကိုယ့်​ကလေးကို ကိုယ်​နဲ့​အတူ​ထားပြီး စောင့်ရှောက်ပါ။

နေရာ​ထိုင်​ခင်း တခြား​သူတွေကို စာနာပါ။ ကိုယ်​နဲ့ တစ်ကား​တည်း​အတူ စီး​သူတွေ၊ တစ်အိမ်​တည်း​မှာ အတူ​နေ​သူတွေ ဒါမှမဟုတ် လက်ရှိ သင်နဲ့ ကျမ်းစာ​လေ့လာ​နေ​သူတွေ​အတွက်သာ ထိုင်ခုံ​ဦး​ထား​နိုင်တယ်ဆိုတာ သတိရပါ။ ပစ္စည်းတွေကို ကိုယ့်​အနား​တစ်ဝိုက်​က ခုံ​တွေ​ပေါ်မှာ မတင်​ထားပါ​နဲ့။

စေတနာ့​ဝန်ထမ်း​ဌာန ခရိုင်​အစည်းအဝေး အစီအစဉ်​နဲ့​ပတ်သက်တဲ့ အလုပ်တွေ​မှာ လုပ်အားပေး​ချင်တယ်​ဆိုရင် သတင်း​အချက်အလက်​နဲ့ စေတနာ့​ဝန်ထမ်း​ဌာန​ကို သတင်းပို့​ပါ။

အထူး​အစည်းအဝေး

သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း တနင်္ဂနွေ​နေ့ မွန်းလွဲပိုင်း​မှာ သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း လျှောက်ထား​လို​သူတွေ​အတွက် အစည်းအဝေး​ကို တက်ရောက်​ဖို့ အသက် ၂၃ နှစ်​ကနေ ၆၅ နှစ်​ကြား​ရှိပြီး အမှုဆောင်​လုပ်ငန်း တိုးချဲ့​ချင်တဲ့ ရှေ့ဆောင်​တွေကို ဖိတ်ခေါ်​ပါတယ်။ နေရာ​နဲ့ အချိန်​အတိအကျ​ကို ကြိုတင်​ကြေညာပါမယ်။

ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေး​အဖွဲ့က စီစဉ်ပါ​တယ်