သင်ခန်းစာ ၀၄

စစ်မှန်တဲ့ ဘုရားသခင်ဟာ ဘယ်သူလဲ

စစ်မှန်တဲ့ ဘုရားသခင်ဟာ ဘယ်သူလဲ
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

လူတွေဟာ သမိုင်းတစ်လျှောက် နတ်ဘုရား၊ နတ်ဘုရားမများစွာကို ဝတ်ပြုကိုးကွယ်ခဲ့ကြတယ်။ ဒါပေမဲ့ ကျမ်းစာမှာ “တခြားဘုရားတွေထက် ပိုကြီးမြတ်တဲ့” ဘုရားတစ်ပါးအကြောင်း ဖော်ပြတယ်။ (၂ ရာဇဝင်ချုပ် ၂:၅) အဲဒီဘုရားဟာ ဘယ်သူလဲ။ လူတွေ ဝတ်ပြုကိုးကွယ်တဲ့ တခြားဘုရားတွေထက် ဘာကြောင့် ပိုကြီးမြတ်သလဲ။ ဘုရားသခင်က မိမိအကြောင်း ဘယ်လို ဖော်ပြသလဲဆိုတာ ဒီသင်ခန်းစာမှာ လေ့လာကြည့်ပါ။

၁။ ဘုရားသခင့်နာမည် ဘယ်လို ခေါ်သလဲ။ ဘုရားသခင်က မိမိနာမည်ကို သိစေချင်မှန်း ဘယ်လို သိနိုင်သလဲ။

ကျမ်းစာမှာ ဘုရားသခင်က ကိုယ့်ကိုယ်ကိုယ် ဒီလို မိတ်ဆက်ထားတယ်။ “ငါဟာ ယေဟောဝါပဲ။ ဒါဟာ ငါ့နာမည်ပဲ။” (ဟေရှာယ ၄၂:​၅၊ ၈ ကို ဖတ်ပါ။) “ယေဟောဝါ” ဆိုတာ ဟီဘရူးနာမည်ကို ဘာသာပြန်ထားတာပါ။ “ကိုယ်တော် ဖြစ်လာစေတယ်” လို့ အဓိပ္ပာယ်ရှိတယ်။ ယေဟောဝါက ကျွန်တော်တို့ကို မိမိနာမည် သိစေချင်တယ်။ (ထွက်မြောက်ရာ ၃:၁၅) ဘာကြောင့် ဒီလို ပြောနိုင်သလဲ။ ကျမ်းစာမှာ ဘုရားနာမည် အကြိမ် ၇,၀၀၀ ကျော် ဖော်ပြထားလို့ပါ။ a ယေဟောဝါဆိုတာက ‘အထက်ကောင်းကင်နဲ့ အောက်အရပ်မြေကြီးပေါ်က စစ်မှန်တဲ့ဘုရားသခင်’ ရဲ့နာမည် ဖြစ်တယ်။​—တရားဟောရာ ၄:၃၉

၂။ ကျမ်းစာမှာ ယေဟောဝါအကြောင်း ဘာပြောထားသလဲ။

လူတွေ ဝတ်ပြုကိုးကွယ်တဲ့ ဘုရားတွေထဲမှာ ယေဟောဝါတစ်ပါးတည်းသာ စစ်မှန်တဲ့ဘုရား ဖြစ်တယ်လို့ ကျမ်းစာ ဖော်ပြတယ်။ ဘာကြောင့်လဲ။ အကြောင်းရင်းများစွာ ရှိတယ်။ ယေဟောဝါသာ အချုပ်အခြာအာဏာပိုင်ရှင် ဖြစ်တယ်။ ကိုယ်တော် တစ်ပါးတည်းသာ “မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင်” ဖြစ်တယ်။ (ဆာလံ ၈၃:၁၈ ကို ဖတ်ပါ။) ဘုရားသခင်က “အနန္တတန်ခိုးရှင်” ဖြစ်လို့ ဘာမဆို လုပ်ဆောင်နိုင်တဲ့တန်ခိုး ရှိတယ်။ စကြဝဠာနဲ့ ကမ္ဘာပေါ်က သက်ရှိတွေအပါအဝင် “အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။” (ဗျာဒိတ် ၄:​၈၊ ၁၁) ယေဟောဝါတစ်ပါးတည်းသာ အစဉ်ထာဝရ တည်ရှိတယ်။​—ဆာလံ ၉၀:၂

ရှာဖွေလေ တွေ့ရှိလေ

ဘုရားသခင်ရဲ့ ဘွဲ့တွေနဲ့ ထူးခြားတဲ့နာမည် ကွာခြားပုံကို လေ့လာကြည့်ပါ။ ဘုရားသခင်က မိမိနာမည်ကို ဘယ်လို ဖော်ပြသလဲ၊ ဘာကြောင့် ဖော်ပြသလဲဆိုတာ လေ့လာကြည့်ပါ။

၃။ ဘုရားသခင်မှာ ဘွဲ့တွေ အများကြီး ရှိပေမဲ့ နာမည်တစ်ခုတည်း ရှိ

ဘွဲ့နဲ့ နာမည် ကွာခြားကြောင်း သိနိုင်ဖို့ ဗီဒီယို ဖွင့်ပါ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

  • “သခင်” ဆိုတဲ့ ဘွဲ့နဲ့ နာမည် ဘာကွာခြားသလဲ။

လူတွေက ဘုရားတွေ၊ သခင်တွေကို ကိုးကွယ်ကြတယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ ဆာလံ ၁၃၆:၁-၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • “ဘုရားတို့ရဲ့ဘုရား၊” “သခင်တို့ရဲ့သခင်” ဆိုတာ ဘယ်သူလဲ။

၄။ ယေဟောဝါက မိမိနာမည်ကို သိစေချင်၊ သုံးစေချင်

ယေဟောဝါက မိမိနာမည်ကို သိစေချင်မှန်း ဘာက ဖော်ပြသလဲ။ ဗီဒီယို ဖွင့်ပါ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေဟောဝါက မိမိနာမည်ကို သိစေချင်တယ်လို့ ထင်ပါသလား။ ဘာကြောင့်လဲ။

ယေဟောဝါက မိမိနာမည်ကို သုံးစေချင်တယ်။ ရောမ ၁၀:၁၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေဟောဝါဆိုတဲ့ ဘုရားနာမည်ကို သုံးဖို့ ဘယ်လောက် အရေးကြီးသလဲ။

  • တစ်ယောက်ယောက် ကိုယ့်နာမည်ကို မှတ်မိရင်၊ နာမည်နဲ့ခေါ်ရင် ဘယ်လို ခံစားရသလဲ။

  • လူတွေ မိမိနာမည်ကို သုံးတဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရမယ်လို့ ထင်သလဲ။

၅။ ယေဟောဝါက သင်နဲ့ ရင်းနှီးကျွမ်းဝင်ချင်

ဆိုတန်လို့ခေါ်တဲ့ ကမ္ဘောဒီးယား အမျိုးသမီးတစ်ဦး ဘုရားနာမည် သိလာတဲ့အတွက် အတိုင်းထက်အလွန် ပျော်ရွှင်ခဲ့ရတယ်လို့ ပြောတယ်။ ဗီဒီယို ဖွင့်ပါ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဒီဗီဒီယိုမှာ ဘုရားနာမည် သိလာတာက ဆိုတန်အပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲ။

လူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ဖို့ အရင်ဆုံး နာမည် သိထားရမယ်။ ယာကုပ် ၄:၈က ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေဟောဝါက ဘာလုပ်ဖို့ သင့်ကို ဖိတ်ခေါ်ထားသလဲ။

  • ဘုရားနာမည် သိပြီး သုံးတာက ဘုရားနဲ့ ဘယ်လို ပိုရင်းနှီးစေနိုင်မလဲ။

လူတချို့ အဆို။ “ဘုရားသခင် တစ်ဆူတည်း ရှိတာပါ။ ဘယ်လိုခေါ်ခေါ် အရေးမကြီးပါဘူး။”

  • ဘုရားနာမည် ယေဟောဝါဆိုတာ သင် ယုံသလား။

  • ဘုရားသခင်ဟာ မိမိနာမည်ကို သုံးစေချင်တယ်ဆိုတာ သင် ဘယ်လို ရှင်းပြမလဲ။

အနှစ်ချုပ်

ယေဟောဝါဆိုတာ တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင်ရဲ့ နာမည်ပါ။ ဘုရားက မိမိနာမည်ကို သိစေချင်တယ်၊ သုံးစေချင်တယ်။ ဒါမှ ဘုရားနဲ့ ရင်းနှီးကျွမ်းဝင်လာနိုင်မယ်။

ပြန်လည်သုံးသပ်ခြင်း

  • ယေဟောဝါဟာ လူတွေ ဝတ်ပြုကိုးကွယ်တဲ့ တခြားဘုရားတွေနဲ့ ဘယ်လို ကွာခြားသလဲ။

  • ဘုရားနာမည်ကို ဘာကြောင့် သုံးသင့်သလဲ။

  • ယေဟောဝါဟာ သင်နဲ့ ရင်းနှီးချင်မှန်း ဘယ်လို သိနိုင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ဘုရားသခင် ရှိကြောင်း စိတ်ချနိုင်တဲ့ အကြောင်းရင်း ငါးခုကို ဆန်းစစ်ပါ။

“ဘုရား တကယ်ရှိသလား” (ဝက်ဘ်ဆိုက် ဆောင်းပါး)

ဘုရားသခင် ထာဝစဉ် တည်ရှိတယ်ဆိုတာ ယုံကြည်သင့်တဲ့ အကြောင်းရင်းကို သုံးသပ်ကြည့်ပါ။

“ဘုရားသခင်ကို ဘယ်သူ ဖန်ဆင်းသလဲ” (ကင်းမျှော်စင်၊ ဩဂုတ် ၁၊ ၂၀၁၄)

a ဘုရားနာမည် အဓိပ္ပာယ်၊ ဘာသာပြန်ကျမ်းတချို့မှာ ဘုရားနာမည် ထုတ်ပစ်ရတဲ့ အကြောင်းရင်းကို ပိုသိချင်ရင် ကမ္ဘာသစ်ဘာသာပြန်ကျမ်း နောက်ဆက်တွဲ က၄ ကို ကြည့်ပါ။