မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၀၇

ယေဟောဝါဟာ ဘယ်လို ဘုရားသခင်မျိုးလဲ

ယေဟောဝါဟာ ဘယ်လို ဘုရားသခင်မျိုးလဲ

ယေဟောဝါဘုရားအကြောင်း စဉ်းစားလိုက်ရင် စိတ်ထဲ ဘာပေါ်လာသလဲ။ ကြီးမြတ်လွန်းလို့ မိုးမြင့်ထက်က ကြယ်တွေလို လူတွေနဲ့ အလှမ်းဝေးလှတယ်လို့ ခံစားရသလား။ ဒါမှမဟုတ် တကယ့်ပုဂ္ဂိုလ်တစ်ပါး မဟုတ်ဘဲ မုန်တိုင်းလို စွမ်းအားတစ်ခုလို့ ယူဆသလား။ ယေဟောဝါဟာ ဘယ်လို ဘုရားသခင်မျိုးလဲ။ ကျမ်းစာမှာ ယေဟောဝါရဲ့ အရည်အသွေးတွေအပြင် သင့်ကို ဂရုစိုက်တယ်ဆိုပြီးတော့လည်း ဖော်ပြထားတယ်။

၁။ ဘုရားသခင်ကို ဘာကြောင့် မမြင်နိုင်သလဲ။

“ဘုရားသခင်ဟာ ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်တယ်။” (ယောဟန် ၄:၂၄) ဘုရားသခင်မှာ ရုပ်ခန္ဓာ မရှိဘူး။ ကောင်းကင်မှာ စံမြန်းပြီး မမြင်နိုင်တဲ့ ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်တယ်။

၂။ ယေဟောဝါရဲ့ အရည်အသွေးတချို့က ဘာတွေလဲ။

ယေဟောဝါကို မမြင်နိုင်ဘူး။ ဒါပေမဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေ ရှိတဲ့ တကယ့်ပုဂ္ဂိုလ်တစ်ပါး ဖြစ်ကြောင်း သိလာတဲ့အခါ ဘုရားကို ချစ်လာကြတယ်။ “ယေဟောဝါဟာ တရားမျှတမှုကို မြတ်နိုးတယ်။ သစ္စာစောင့်သိသူတွေကို ဘယ်တော့မှ မစွန့်ဘူး” လို့ ကျမ်းစာက ဆိုတယ်။ (ဆာလံ ၃၇:၂၈) အထူးသဖြင့် ဒုက္ခရောက်နေသူတွေကို “အလွန် ချစ်ခင်စာနာပြီး ကရုဏာကြီးတယ်။” (ယာကုပ် ၅:၁၁) “ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်။” (ဆာလံ ၃၄:၁၈) ကျွန်တော်တို့ရဲ့ လုပ်ရပ်က ဘုရားအပေါ် သက်ရောက်မှု ရှိတယ်။ မကောင်းတာ လုပ်ရင် ဘုရားကို စိတ်ထိခိုက်စေနိုင်တယ်။ (ဆာလံ ၇၈:​၄၀၊ ၄၁) ကောင်းတာ လုပ်ရင်တော့ ဘုရားကို ပျော်ရွှင်စေနိုင်တယ်။​—ပညာအလိမ္မာ ၂၇:၁၁ ကို ဖတ်ပါ။

၃။ ကျွန်တော်တို့ကို ချစ်ကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြသလဲ။

ယေဟောဝါရဲ့ အထူးခြားဆုံး အရည်အသွေးဟာ မေတ္တာပါ။ ‘ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်။’ (၁ ယောဟန် ၄:၈) ယေဟောဝါက သမ္မာကျမ်းစာနဲ့ ဖန်ဆင်းရာတွေကတစ်ဆင့် မေတ္တာကို ဖော်ပြတယ်။ (တမန်တော် ၁၄:၁၇ ကို ဖတ်ပါ။) ဥပမာအနေနဲ့ ကျွန်တော်တို့ကို ဘုရားဖန်ဆင်းထားပုံကို သုံးသပ်ကြည့်ပါ။ လှပတဲ့အရောင်အသွေးတွေကို မြင်နိုင်စွမ်း၊ သာယာနာပျော်ဖွယ် တေးဂီတကို နားဆင်နိုင်စွမ်း၊ အရသာရှိတဲ့ အစားအစာကို မြည်းစမ်းနိုင်စွမ်း ပေးထားတယ်။ ကျွန်တော်တို့ကို ပျော်စရာကောင်းတဲ့ဘဝ ပိုင်ဆိုင်စေချင်တယ်။

ရှာဖွေလေ တွေ့ရှိလေ

ယေဟောဝါက ဘာကိုသုံးပြီး အံ့ဩစရာကောင်းတဲ့အရာတွေကို လုပ်ဆောင်တယ်ဆိုတာ လေ့လာကြည့်ပါ။ မိမိရဲ့ အရည်အသွေးကောင်းတွေကို ဘယ်လို ဖော်ပြသလဲဆိုတာကိုလည်း သုံးသပ်ကြည့်ပါ။

၄။ ဘုရားသခင်အသုံးပြုတဲ့ သန့်ရှင်းသော စွမ်းအားတော်

ကျွန်တော်တို့က လက်ကိုသုံးပြီး အလုပ်လုပ်သလိုပဲ ယေဟောဝါက သန့်ရှင်းသော စွမ်းအားတော်ကိုသုံးပြီး လုပ်ဆောင်တယ်။ သန့်ရှင်းသော စွမ်းအားတော်ဟာ ပုဂ္ဂိုလ်တစ်ဦး မဟုတ်ဘူး၊ တစ်စုံတစ်ရာ လုပ်ဆောင်ဖို့ ဘုရားအသုံးပြုတဲ့ စွမ်းအား ဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။ လုကာ ၁၁:၁၃ နဲ့ တမန်တော် ၂:၁၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • စွမ်းအားတော်ရဖို့ ဆုတောင်းရင် ဘုရားက စွမ်းအားတော် “သွန်းလောင်း” ပေးပါလိမ့်မယ်။ ဒီတော့ သန့်ရှင်းသော စွမ်းအားတော်က ပုဂ္ဂိုလ်တစ်ဦးလား။ ဒါမှမဟုတ် ဘုရားအသုံးပြုတဲ့ စွမ်းအားလား။ ဘာကြောင့် အဲဒီလို ထင်သလဲ။

ယေဟောဝါက စွမ်းအားတော်ကို သုံးပြီး အံ့ဩစရာကောင်းတဲ့အရာတွေကို လုပ်ဆောင်တယ်။ ယောဘ ၃၃:၄ နဲ့ ၂ ပေတရု ၁:၂၀၊ ၂၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေဟောဝါက စွမ်းအားတော်ကို သုံးပြီး ဘာတွေ လုပ်ဆောင်သလဲ။

၅။ ယေဟောဝါမှာ နှစ်သက်ဖွယ် အရည်အသွေးတွေ ရှိ

မောရှေဟာ ဘုရားကို သစ္စာရှိရှိ ဝတ်ပြုခဲ့သူပါ။ ဒါတောင် ဘုရားအကြောင်း ပိုသိချင်နေတုန်းပဲ။ ဒါကြောင့် ‘ကိုယ်တော့်ကို သိနိုင်ဖို့ ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သင်ပေးပါ’ လို့ ပြောတယ်။ (ထွက်မြောက်ရာ ၃၃:၁၃) ယေဟောဝါကလည်း မိမိဟာ ဘယ်လို ဘုရားမျိုးဖြစ်ကြောင်း မောရှေကို ပြောပြတယ်။ ထွက်မြောက်ရာ ၃၄:၄-၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေဟောဝါက မိမိဟာ ဘယ်လို ဘုရားမျိုးဖြစ်ကြောင်း မောရှေကို ပြောပြသလဲ။

  • ယေဟောဝါရဲ့ ဘယ်အရည်အသွေးတွေကို သင် အနှစ်သက်ဆုံးလဲ။

၆။ လူတွေကို ယေဟောဝါ ဂရုစိုက်

ဘုရားလူမျိုး ဟီဘရူးတွေဟာ အီဂျစ်ပြည်မှာ ကျွန်ဘဝ ရောက်ခဲ့တယ်။ သူတို့ ဒုက္ခရောက်တဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲ။ အော်ဒီယို ဖွင့်ပါ ထွက်မြောက်ရာ ၃:၁-၁၀ ကို လိုက်ဖတ်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

  • ဒီကျမ်းပိုဒ်တွေအရ လူတွေ ဒုက္ခရောက်တဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲ။​—အခန်းငယ် ၇၊ ၈ ကို ကြည့်ပါ။

  • လူတွေကို ယေဟောဝါ ကူညီချင်တယ်၊ ကူညီနိုင်စွမ်းရှိတယ်လို့ ထင်ပါသလား။ ဘာကြောင့်လဲ။

၇။ သဘာဝလောကက ယေဟောဝါရဲ့ အရည်အသွေးတွေကို ဖော်ပြ

ယေဟောဝါက ဖန်ဆင်းထားတဲ့အရာတွေကတစ်ဆင့် မိမိအရည်အသွေးတွေကို ဖော်ပြတယ်။ ဗီဒီယို ဖွင့်ပါ ရောမ ၁:၂၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဖန်ဆင်းရာတွေမှာ ယေဟောဝါရဲ့ ဘယ်အရည်အသွေးတွေကို မြင်တွေ့ရသလဲ။

လူတချို့ အဆို။ “ဘုရားသခင်ဟာ ပုဂ္ဂိုလ် မဟုတ်ဘူး။ နေရာတိုင်းမှာရှိတဲ့ စွမ်းအားတစ်ခုပဲ။”

  • သင်ကော ဘယ်လို ထင်သလဲ။

  • ဘာကြောင့် အဲဒီလို ထင်သလဲ။

အနှစ်ချုပ်

ယေဟောဝါဟာ ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်တယ်။ အရည်အသွေးကောင်းတွေ အများကြီး ရှိတယ်။ အထူးသဖြင့် ချစ်ခြင်းမေတ္တာ ဖြစ်တယ်။

ပြန်လည်သုံးသပ်ခြင်း

  • ယေဟောဝါကို ကျွန်တော်တို့ ဘာကြောင့် မမြင်နိုင်သလဲ။

  • သန့်ရှင်းသော စွမ်းအားတော်ဆိုတာ ဘာလဲ။

  • ယေဟောဝါရဲ့ အရည်အသွေးတချို့က ဘာတွေလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ယေဟောဝါရဲ့ ထူးခြားတဲ့ အရည်အသွေး လေးမျိုးကို လေ့လာခြင်း အားဖြင့် ယေဟောဝါအကြောင်း ပိုသိအောင် လုပ်ပါ။

“ဘယ်လို ဘုရားမျိုးလဲ” (ကင်းမျှော်စင် အမှတ် ၁၊ ၂၀၁၉)

ယေဟောဝါဟာ နေရာတိုင်းမှာရှိတဲ့ စွမ်းအား မဟုတ်ကြောင်း အထောက်အထားတွေကို သုံးသပ်ကြည့်ပါ။

“ဘုရားသခင်ဟာ နေရာတိုင်းမှာ ရှိသလား” (ဝက်ဘ်ဆိုက် ဆောင်းပါး)

ကျမ်းစာမှာ သန့်ရှင်းသော စွမ်းအားတော်ကို ဘုရားသခင့်လက်တော်လို့ ဘာကြောင့် ရည်ညွှန်းသလဲ လေ့လာကြည့်ပါ။

“သန့်ရှင်းသော ဝိညာဉ်တော်ဆိုတာ ဘာလဲ” (ဝက်ဘ်ဆိုက် ဆောင်းပါး)

မျက်မမြင်တစ်ဦးက မိမိကို ယေဟောဝါ ဂရုစိုက်ကြောင်း ယုံဖို့ ခက်နေတယ်။ သူ ဘာကြောင့် စိတ်ပြောင်းသွားသလဲ လေ့လာကြည့်ပါ။

“တခြားသူတွေကို ကူညီပေးနိုင်ပြီ” (ကင်းမျှော်စင် အောက်တိုဘာ ၁၊ ၂၀၁၅)