သင်ခန်းစာ ၂၇

ယေရှုရဲ့သေခြင်းက ကျွန်တော်တို့ကို ဘယ်လို ကယ်တင်နိုင်သလဲ

ယေရှုရဲ့သေခြင်းက ကျွန်တော်တို့ကို ဘယ်လို ကယ်တင်နိုင်သလဲ
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

ပထမလူသားမောင်နှံ အာဒံနဲ့ ဧဝ ဘုရားသခင်ကို မနာခံတဲ့အတွက် အပြစ်၊ ဆင်းရဲဒုက္ခ၊ သေခြင်းတို့ ဖြစ်ပေါ်လာတယ်။ a ဒါပေမဲ့ မျှော်လင့်ချက်မဲ့မသွားပါဘူး။ ယေဟောဝါက မိမိရဲ့သား ယေရှုခရစ်ကို ကမ္ဘာပေါ် စေလွှတ်ပြီး အသေခံစေတယ်။ ဒီနည်းနဲ့ ကျွန်တော်တို့ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်ဖို့ စီစဉ်ပေးတယ်။ ယေရှု အသေခံခြင်းအားဖြင့် ရွေးဖိုးပေးခဲ့တယ်လို့ ကျမ်းစာ သွန်သင်တယ်။ ရွေးဖိုးဆိုတာ တစ်စုံတစ်ဦး လွတ်မြောက်ဖို့ ပေးရတဲ့ အဖိုးအခဖြစ်တယ်။ ယေရှုက စုံလင်တဲ့ လူ့အသက်ကို အဖိုးအခအဖြစ် ပေးခဲ့တယ်။ (မဿဲ ၂၀:၂၈ ကို ဖတ်ပါ။) ယေရှုက ကမ္ဘာပေါ် ထာဝရအသက်ရှင်ခွင့်ကို လိုလိုလားလား စွန့်လွှတ်တဲ့အခါ အာဒံနဲ့ ဧဝကြောင့် ဆုံးရှုံးခဲ့သမျှ ပြန်ရနိုင်မယ့်လမ်းစ ပွင့်သွားတယ်။ ယေရှုနဲ့ ယေဟောဝါရဲ့ မေတ္တာကြီးမားပုံကိုလည်း သိစေတယ်။ ယေရှုရဲ့သေခြင်းကို ကျေးဇူးတင်ဖို့ ဒီသင်ခန်းစာက ကူညီပေးပါမယ်။

၁။ အခုချိန်မှာ ယေရှုရဲ့သေခြင်းကနေ ဘယ်လို အကျိုးခံစားရသလဲ။

ကျွန်တော်တို့ဟာ အပြစ်သားတွေ ဖြစ်နေလို့ ယေဟောဝါ မနှစ်သက်တာတွေ လုပ်ကြတယ်။ ဒါပေမဲ့ အပြစ်တွေအတွက် ဝမ်းနည်းပြီး ယေရှုခရစ်ကတစ်ဆင့် ယေဟောဝါဆီ ခွင့်လွှတ်မှု တောင်းခံမယ်၊ အပြစ်ထပ်မလုပ်မိအောင် ကြိုးစားမယ်ဆိုရင် ဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနိုင်မယ်။ (၁ ယောဟန် ၂:၁) “ခရစ်တော်က အပြစ်ကို ဖယ်ရှားပြီး ခင်ဗျားတို့ကို ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်စေဖို့ တစ်ကြိမ်တည်းအပြီး အသေခံခဲ့တယ်။ ဖြောင့်မတ်သူဟာ မဖြောင့်မတ်သူတွေအတွက် အသေခံခဲ့တယ်” လို့ ကျမ်းစာ ဆိုထားတယ်။​—၁ ပေတရု ၃:၁၈

၂။ အနာဂတ်မှာ ယေရှုရဲ့သေခြင်းကနေ ဘယ်လို အကျိုးခံစားရမလဲ။

ယေဟောဝါက ယေရှုကို စုံလင်တဲ့လူ့အသက် စွန့်ဖို့ ကမ္ဘာပေါ် စေလွှတ်တယ်။ “[ယေရှု]ကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက်ရနိုင်” မယ်။ (ယောဟန် ၃:၁၆) ယေရှုရဲ့ သေခြင်းကြောင့် ယေဟောဝါက အာဒံရဲ့ မနာခံမှု အကျိုးဆက်မှန်သမျှကို ဖယ်ရှားပေးတော့မယ်။ ယေရှုရဲ့ ပူဇော်သက္ကာကို ကျွန်တော်တို့ ယုံကြည်သက်ဝင်မယ်ဆိုရင် ကမ္ဘာ့ပရဒိသုမှာ ထာဝရအသက် ရနိုင်မယ်။​—ဟေရှာယ ၆၅:​၂၁-၂၃

ရှာဖွေလေ တွေ့ရှိလေ

ယေရှု ဘာကြောင့် အသက်စွန့်ခဲ့သလဲ၊ ကျွန်တော်တို့ ဘယ်လို အကျိုးခံစားရသလဲ ဆိုတာ သုံးသပ်ကြည့်ပါ။

၃။ ယေရှုရဲ့သေခြင်းက အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်စေ

ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

  • ဘုရားကို မနာခံတဲ့အတွက် အာဒံ ဘယ်အခွင့်အရေး ဆုံးရှုံးသွားသလဲ။

ရောမ ၅:၁၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အာဒံရဲ့အပြစ်က သင့်ကို ဘယ်လို ထိခိုက်သလဲ။

ယောဟန် ၃:၁၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေဟောဝါက မိမိရဲ့သားကို ဘာကြောင့် ကမ္ဘာပေါ် စေလွှတ်သလဲ။

  1. က။ ပြည့်ဝစုံလင်သူ အာဒံဟာ ဘုရားကို မနာခံခဲ့လို့ လူတွေ အပြစ်ရှိပြီး သေဆုံးရတယ်

  2. ခ။ ပြည့်ဝစုံလင်သူ ယေရှုဟာ ဘုရားကို နာခံခဲ့လို့ လူတွေ စုံလင်ပြီး ထာဝရအသက်ရှင်ခွင့် ရနိုင်တယ်

၄။ ယေရှုရဲ့သေခြင်းကြောင့် လူအားလုံး အကျိုးခံစားရ

ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

  • လူတစ်ယောက်ရဲ့ သေခြင်းကြောင့် လူအားလုံး ဘယ်လို အကျိုးရနိုင်သလဲ။

၁ တိမောသေ ၂:၅၊ ၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ပြည့်ဝစုံလင်သူ အာဒံဟာ အပြစ်လုပ်ခဲ့လို့ လူအားလုံး အပြစ်ရှိပြီး သေဆုံးရတယ်။ ပြည့်ဝစုံလင်သူ ယေရှုကတော့ “ညီမျှတဲ့ရွေးဖိုး” ကို ဘယ်လို ပေးခဲ့သလဲ။

၅။ ရွေးဖိုးဟာ သင့်ကို ယေဟောဝါပေးတဲ့ လက်ဆောင်ဖြစ်

ယေဟောဝါရဲ့ မိတ်ဆွေတွေဟာ ရွေးဖိုးကို တစ်ဦးစီရတဲ့ လက်ဆောင်အဖြစ် သဘောထားကြတယ်။ ဂလာတိ ၂:၂၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • တမန်တော် ပေါလုက ရွေးဖိုးကို မိမိအတွက် ဘုရားပေးတဲ့ လက်ဆောင်အဖြစ် ရှုမြင်ကြောင်း ဘယ်လို ဖော်ပြသလဲ။

အာဒံ အပြစ်လုပ်တဲ့အခါ သူနဲ့ သားစဉ်မြေးဆက်အားလုံး သေဒဏ်စီရင်ခံရတယ်။ ဒါပေမဲ့ ယေဟောဝါက သင် ထာဝရအသက် ရနိုင်ဖို့ မိမိရဲ့သားကို စေလွှတ်ပြီး အသေခံစေတယ်။

အောက်ပါကျမ်းပိုဒ်တွေကို ဖတ်တဲ့အခါ ယေရှု ဝေဒနာခံနေရချိန်မှာ ယေဟောဝါ ဘယ်လို ခံစားရမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ ယောဟန် ၁၉:၁-၇၊ ၁၆-၁၈ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့တာတွေအတွက် သင် ဘယ်လို ခံစားရသလဲ။

လူတချို့ အမေး။ “လူတစ်ယောက်ရဲ့သေခြင်းက လူအားလုံးကို ဘယ်လို ကယ်တင်နိုင်သလဲ။”

  • သင် ဘယ်လို ဖြေမလဲ။

အနှစ်ချုပ်

ယေရှု အသေခံခဲ့တဲ့အတွက် ယေဟောဝါက ကျွန်တော်တို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးတယ်၊ ထာဝစဉ် အသက်ရှင်ခွင့် ရသွားကြတယ်။

ပြန်လည်သုံးသပ်ခြင်း

  • ယေရှု ဘာကြောင့် အသေခံခဲ့သလဲ။

  • ယေရှုရဲ့ စုံလင်တဲ့အသက်က ဘယ်နည်းနဲ့ ညီမျှတဲ့ရွေးဖိုး ဖြစ်သလဲ။

  • ယေရှုရဲ့သေခြင်းကြောင့် သင် ဘယ်လို အကျိုးခံစားရသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ကြီးလေးတဲ့အပြစ်တွေကို ယေဟောဝါ ခွင့်လွှတ်သလား။

“ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ” (ကင်းမျှော်စင် မေ ၁၊ ၂၀၁၃)

a အပြစ်ဆိုတာ မကောင်းတဲ့လုပ်ရပ်ကိုသာမက မွေးရာပါ မကောင်းတာလုပ်ချင်စိတ်ကိုလည်း ဆိုလိုတယ်။