သင်ခန်းစာ ၄၁

လိင်အကြောင်း ကျမ်းစာအဆို

လိင်အကြောင်း ကျမ်းစာအဆို
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

လူများစွာဟာ လိင်အကြောင်း မပြောချင်ကြဘူး။ ဒါပေမဲ့ ကျမ်းစာက လိင်အကြောင်း ပွင့်ပွင့်လင်းလင်း၊ သိက္ခာရှိရှိ ဖော်ပြထားတယ်။ ကျမ်းစာအဆိုဟာ ကျွန်တော်တို့အတွက် အကျိုးရှိတယ်။ ကျမ်းစာဟာ ဖန်ဆင်းရှင် ယေဟောဝါဆီက လာတာဖြစ်လို့ပါ။ ဘုရားသခင်က ကျွန်တော်တို့အတွက် ဘာအကောင်းဆုံးလဲဆိုတာ သိတယ်။ ဘုရားနှစ်သက်မှု ရဖို့၊ ပျော်စရာဘဝ ထာဝရ စံစားနိုင်ဖို့ ဘာလုပ်ရမလဲဆိုတာကိုလည်း ဖော်ပြပေးတယ်။

၁။ လိင်နဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။

လိင်ဟာ အိမ်ထောင်သည်မောင်နှံကို ကြည်နူးစေဖို့ ယေဟောဝါပေးထားတဲ့ လက်ဆောင်ဖြစ်တယ်။ ဒီလက်ဆောင်က သားသမီး ထွန်းကားစေရုံမက အပြန်အလှန် ချစ်ခင်ကြင်နာကြောင်း ပြခွင့် ရစေတယ်။ “မင်းရဲ့ ငယ်ပေါင်းဇနီးနဲ့အတူ ပျော်မွေ့နိုင်ပါစေ” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ပညာအလိမ္မာ ၅:​၁၈၊ ၁၉) အိမ်ထောင်သည် ခရစ်ယာန်တွေ အိမ်ထောင်ဖက်အပေါ် သစ္စာရှိဖို့၊ အိမ်ထောင်ရေး မဖောက်ပြန်ဖို့ ယေဟောဝါ လိုလားတယ်။​—ဟီဘရူး ၁၃:၄ ကို ဖတ်ပါ။

၂။ လိင်အကျင့်ယိုယွင်းတယ်ဆိုတာ ဘာလဲ။

‘လိင်အကျင့်ယိုယွင်းသူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရဘူး’ လို့ ကျမ်းစာက ဆိုတယ်။ (၁ ကောရိန္သု ၆:​၉၊ ၁၀) ကျမ်းရေးသူတွေက လိင်အကျင့်ယိုယွင်းမှုအတွက် ဂရိစကားလုံး ပေါ်နီယာကို သုံးထားတယ်။ ဒီစကားလုံးမှာ (၁) လက်မထပ်ဘဲ လိင်ဆက်ဆံခြင်း၊ a (၂) လိင်တူဆက်ဆံခြင်း၊ (၃) တိရစ္ဆာန်နဲ့ဆက်ဆံခြင်းတို့ ပါဝင်တယ်။ “လိင်အကျင့်ယိုယွင်းမှုကို ရှောင်” ရင် ယေဟောဝါရဲ့ နှစ်သက်မှု ရပြီး ကိုယ်တိုင်လည်း အကျိုးခံစားရတယ်။​—၁ သက်သာလောနိတ် ၄:၃

ရှာဖွေလေ တွေ့ရှိလေ

လိင်အကျင့်ယိုယွင်းခြင်းကို ရှောင်နိုင်ပုံ၊ စာရိတ္တသန့်ရှင်းခြင်းက အကျိုးပြုပုံတို့ကို သုံးသပ်ပါ။

၃။ လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ပါ

သစ္စာရှိသူ ယောသပ်ဟာ စာရိတ္တသန့်ရှင်းဖို့ ကြိုးစားခဲ့တယ်။ ကမ္ဘာဦး ၃၉:၁-၁၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယောသပ် ဘာကြောင့် ထွက်ပြေးခဲ့သလဲ။​—အခန်းငယ် ၉ ကို ကြည့်ပါ။

  • ယောသပ်ရဲ့ ဆုံးဖြတ်ချက် မှန်တယ်လို့ ထင်သလား။ ဘာကြောင့်လဲ။

လူငယ်တွေဟာ ယောသပ်ကို အတုယူပြီး လိင်အကျင့်ယိုယွင်းမှုကို ဘယ်လို ဝေးဝေးရှောင်နိုင်သလဲ။ ဗီဒီယို ဖွင့်ပါ

ယေဟောဝါက ကျွန်တော်တို့ကို အကျင့်ယိုယွင်းမှုမှန်သမျှ ရှောင်စေချင်တယ်။ ၁ ကောရိန္သု ၆:၁၈ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဘယ်အခြေအနေတွေကြောင့် အကျင့်ယိုယွင်းသွားနိုင်သလဲ။

  • အကျင့်ယိုယွင်းမှုကို ဘယ်လို ဝေးဝေးရှောင်နိုင်သလဲ။

၄။ သွေးဆောင်မှုကို တွန်းလှန်နိုင်

လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်ခံရတဲ့အခါ တွန်းလှန်ဖို့ ဘာက အခက်တွေ့စေနိုင်သလဲ။ ဗီဒီယို ဖွင့်ပါ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

  • ဒီဗီဒီယိုမှာပါတဲ့ ညီအစ်ကိုဟာ မိမိရဲ့အတွေးနဲ့ လုပ်ရပ်တွေက ဇနီးကို သစ္စာမဲ့စေနိုင်ကြောင်း သတိပြုမိတဲ့အခါ ဘာလုပ်ခဲ့သလဲ။

သစ္စာရှိခရစ်ယာန်တွေတောင် သန့်ရှင်းတဲ့အတွေးတွေ တွေးဖို့ ကြိုးစားရတဲ့အခါတွေလည်း ရှိတယ်။ အကျင့်ယိုယွင်းမှုအကြောင်း မတွေးမိအောင် ဘယ်လို ရှောင်မလဲ။ ဖိလိပ္ပိ ၄:၈ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ကျွန်တော်တို့ ဘာအကြောင်း တွေးသင့်သလဲ။

  • ကျမ်းစာဖတ်တာ၊ ယေဟောဝါအမှုတော်မှာ အလုပ်များနေတာက အပြစ်သွေးဆောင်မှုကို တွန်းလှန်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

၅။ ယေဟောဝါရဲ့ စံနှုန်းတွေက အကျိုးရှိစေ

ကျွန်တော်တို့အတွက် ဘာအကောင်းဆုံးဖြစ်မှန်း ယေဟောဝါ သိတယ်။ စာရိတ္တသန့်ရှင်းနေနိုင်ပုံ၊ စာရိတ္တသန့်ရှင်းခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးတယ်။ ပညာအလိမ္မာ ၇:၇-၂၇ ကို ဖတ်ပါ။ ဒါမှမဟုတ် ဗီဒီယို ဖွင့်ပါ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

  • ဒီလူငယ်ဟာ သွေးဆောင်မှုဖြစ်စေတဲ့ အခြေအနေထဲ ဘယ်လို ရောက်သွားသလဲ။​—ပညာအလိမ္မာ ၇:​၈၊ ၉ ကို ကြည့်ပါ။

  • ပညာအလိမ္မာ ၇:​၂၃၊ ၂၆ အရ လိင်အကျင့်ယိုယွင်းမှုက ဆိုးကျိုးတွေ ဖြစ်စေနိုင်တယ်။ စာရိတ္တသန့်ရှင်းနေရင် ဘယ်ပြဿနာတွေကို ရှောင်နိုင်သလဲ။

  • စာရိတ္တသန့်ရှင်းတာက ပျော်စရာဘဝ ထာဝရ စံစားနိုင်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

လိင်တူဆက်ဆံခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအဆိုဟာ မေတ္တာမဲ့တယ်လို့ တချို့ ထင်ကြတယ်။ ဒါပေမဲ့ မေတ္တာရှင် ဘုရားသခင် ယေဟောဝါက လူတိုင်းကို ပျော်စရာဘဝ ထာဝရ စံစားစေချင်တယ်။ အဲဒီလို ခံစားနိုင်ဖို့ ဘုရားစံနှုန်းအတိုင်း နေထိုင်ရမယ်။ ၁ ကောရိန္သု ၆:၉-၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • လိင်တူ စိတ်ဝင်စားတာက ဘုရားရဲ့အမြင်မှာ မသင့်လျော်ရုံလောက်ပဲလား။

ဘုရားရဲ့နှစ်သက်မှု ရနိုင်ဖို့ ကျွန်တော်တို့အားလုံး ပြုပြင်ပြောင်းလဲကြရမယ်။ ကြိုးစားရကျိုးနပ်ရဲ့လား။ ဆာလံ ၁၉:၈၊ ၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေဟောဝါရဲ့ စာရိတ္တစံနှုန်းတွေဟာ လက်တွေ့ကျတယ်လို့ ထင်သလား။ ဘာကြောင့်လဲ။

ယေဟောဝါက မိမိရဲ့ စာရိတ္တစံနှုန်းတွေကို လိုက်နာဖို့ လူများစွာကို ကူညီပေးတယ်။ သင့်ကိုလည်း ကူညီပေးနိုင်

လူတချို့ အဆို။ “တစ်ယောက်ကို တစ်ယောက် ချစ်မယ်ဆိုရင် လိင်ဆက်ဆံတာ မမှားပါဘူး။”

  • သင်ကော ဘယ်လို ယူဆသလဲ။

အနှစ်ချုပ်

လိင်ဟာ ဇနီးမောင်နှံကို ကြည်နူးစေဖို့ ယေဟောဝါပေးတဲ့ လက်ဆောင် ဖြစ်တယ်။

ပြန်လည်သုံးသပ်ခြင်း

  • လိင်အကျင့်ယိုယွင်းမှုမှာ ဘာတွေ ပါဝင်သလဲ။

  • လိင်အကျင့်ယိုယွင်းမှုကို ရှောင်ဖို့ ဘာက ကူညီပေးမလဲ။

  • ယေဟောဝါချမှတ်တဲ့ စာရိတ္တစံနှုန်းတွေကို လိုက်နာရင် ဘယ်လို အကျိုးရသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

“ကျွန်တော့်ကို သူတို့ တလေးတစား ဆက်ဆံကြ” ဆိုတဲ့ တွေ့ကြုံမှုမှာ လိင်တူသမားတစ်ဦး ဘာကြောင့် ပြောင်းလဲသွားသလဲ ဖတ်ကြည့်ပါ။

“ကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေး” (ကင်းမျှော်စင် ဧပြီ ၁၊ ၂၀၁၁)

a လိင်ဆက်ဆံခြင်း၊ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း၊ စအိုနဲ့ လိင်ဆက်ဆံခြင်း၊ တခြားသူရဲ့ လိင်အင်္ဂါကို လိင်စိတ်နဲ့ ကိုင်တွယ်ခြင်းစတဲ့ လုပ်ရပ်တွေ ပါဝင်တယ်။