မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၄၂

တစ်ကိုယ်ရေနေခြင်း၊ အိမ်ထောင်ပြုခြင်းအကြောင်း ကျမ်းစာအဆို

တစ်ကိုယ်ရေနေခြင်း၊ အိမ်ထောင်ပြုခြင်းအကြောင်း ကျမ်းစာအဆို

ယဉ်ကျေးမှုတချို့မှာ အိမ်ထောင်ပြုမှ ပျော်မယ်လို့ လူတွေ ယူဆကြတယ်။ ဒါပေမဲ့ အိမ်ထောင်ပြုတိုင်း ပျော်တာ မဟုတ်သလို တစ်ကိုယ်ရေဖြစ်တိုင်း မပျော်တာ မဟုတ်ဘူး။ တစ်ကိုယ်ရေနေတာ၊ အိမ်ထောင်ပြုတာ နှစ်မျိုးစလုံးဟာ ဆုကျေးဇူးတွေ ဖြစ်တယ်လို့ ကျမ်းစာက ဆိုတယ်။

၁။ တစ်ကိုယ်ရေနေခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာလဲ။

“အိမ်ထောင်ပြုတာ ကောင်းပါတယ်။ ဒါပေမဲ့ အိမ်ထောင်မပြုတာ ပိုကောင်းတယ်” လို့ ကျမ်းစာက ဆိုတယ်။ (၁ ကောရိန္သု ၇:​၃၂၊ ၃၃၊ ၃၈ ကို ဖတ်ပါ။) တစ်ကိုယ်ရေနေတာ ဘယ်လို “ပိုကောင်း” သလဲ။ တစ်ကိုယ်ရေ ခရစ်ယာန်တွေဟာ အိမ်ထောင်ဖက်ကို ဂရုစိုက်စောင့်ရှောက်စရာ မလိုတဲ့အတွက် ပိုလွတ်လပ်ကြတယ်။ ဥပမာ၊ ယေဟောဝါအတွက် ပိုအမှုဆောင်နိုင်ကြတယ်။ တခြားဒေသကိုသွားပြီး သတင်းကောင်း ဟောနိုင်ကြတယ်။ အရေးကြီးဆုံးကတော့ ယေဟောဝါနဲ့ ရင်းနှီးအောင် အချိန်ပိုပေးနိုင်ကြတယ်။

၂။ တရားဝင်လက်ထပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာလဲ။

အိမ်ထောင်ပြုတာက တစ်ကိုယ်ရေနေခြင်းလိုပဲ ကောင်းကျိုး ရှိပါတယ်။ “လူတစ်ယောက်ထက် နှစ်ယောက်က ပိုကောင်းတယ်” လို့ ကျမ်းစာက ဆိုတယ်။ (ဒေသနာ ၄:၉) ကျမ်းစာမူတွေကို လိုက်နာတဲ့ ခရစ်ယာန်မောင်နှံတွေအတွက် ဒီအချက် သိပ်မှန်တယ်။ တရားဝင် လက်ထပ်ထားတဲ့ မောင်နှံတွေဟာ အချင်းချင်း ချစ်ပြီး လေးစားမယ်လို့ သစ္စာကတိပြုကြတယ်။ ဒါကြောင့် လက်မထပ်ဘဲ အတူနေတဲ့ မောင်နှံစုံတွေထက် လုံခြုံမှု ပိုခံစားရတယ်။ သားသမီးတွေကိုလည်း လုံခြုံမှု ခံစားရစေတယ်။

၃။ အိမ်ထောင်ကို ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။

ပထမဆုံး အိမ်ထောင်ကို ယေဟောဝါ ပေါင်းဖက်ပေးချိန်မှာ “ယောက်ျားက မိဘကိုထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်” လို့ ပြောတယ်။ (ကမ္ဘာဦး ၂:၂၄) ဇနီးနဲ့ ခင်ပွန်း ချစ်မြတ်နိုးဖို့၊ သက်ဆုံးတိုင် ပေါင်းဖို့ ယေဟောဝါ အလိုရှိတယ်။ အိမ်ထောင်ဖက် ဖောက်ပြန်မှသာ ကွာရှင်းခွင့် ရှိတယ်။ ဒါတောင် ကွာရှင်းမလား၊ ဆက်ပေါင်းမလားဆိုတာ အပြစ်မဲ့အိမ်ထောင်ဖက်ကို ရွေးချယ်ခွင့် ပေးထားတယ်။ a (မဿဲ ၁၉:၉) ခရစ်ယာန်တွေ လင်ပြိုင်မယားပြိုင်ထားတာကို ယေဟောဝါ ခွင့်မပြုဘူး။​—၁ တိမောသေ ၃:၂

ရှာဖွေလေ တွေ့ရှိလေ

တစ်ကိုယ်ရေဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ ပျော်ရွှင်နိုင်ပုံ၊ ယေဟောဝါကို ပျော်ရွှင်စေနိုင်ပုံ အကြောင်း လေ့လာပါ။

၄။ တစ်ကိုယ်ရေ ဆုကျေးဇူးကို အကျိုးရှိရှိ သုံးပါ

ယေရှုက တစ်ကိုယ်ရေဘဝကို ဆုကျေးဇူးလို့ သဘောထားတယ်။ (မဿဲ ၁၉:​၁၁၊ ၁၂) မဿဲ ၄:၂၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အဖဘုရားရဲ့ အမှုဆောင်ဖို့၊ တခြားသူတွေကို ကူညီဖို့ တစ်ကိုယ်ရေဘဝကို ယေရှု ဘယ်လို အသုံးပြုခဲ့သလဲ။

ခရစ်ယာန်တွေလည်း ယေရှုလိုပဲ တစ်ကိုယ်ရေဘဝကို အကျိုးရှိရှိ သုံးနိုင်ပါတယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းကို သုံးသပ်ပါ။

  • တစ်ကိုယ်ရေဘဝကို ခရစ်ယာန်တွေ ဘယ်လို အကျိုးရှိရှိ သုံးနိုင်သလဲ။

စိတ်ဝင်စားစရာအချက်

ဘယ်အသက်အရွယ်ရောက်မှ အိမ်ထောင်ပြုရမယ်ဆိုပြီး ကျမ်းစာ မသတ်မှတ်ဘူး။ ဒါပေမဲ့ ‘ပျိုမျစ်ချိန် လွန်သွား’ တဲ့အထိ စောင့်ဖို့ အားပေးတယ်။ လိင်စိတ်ပြင်းပြတဲ့ ငယ်ရွယ်ချိန်မှာ ဆုံးဖြတ်ချက် မှားနိုင်လို့ပါ။​—၁ ကောရိန္သု ၇:၃၆

၅။ အိမ်ထောင်ဖက်ကို ပညာရှိရှိ ရွေးချယ်ပါ

အိမ်ထောင်ဖက် ရွေးတာဟာ ဘဝမှာ အရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်တယ်။ မဿဲ ၁၉:၄-၆၊  ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဘာကြောင့် အလျင်စလို အိမ်ထောင်မပြုသင့်သလဲ။

အိမ်ထောင်ဖက်ကောင်းမှာ ရှိရမယ့် အရည်အသွေးတွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ အရေးကြီးဆုံးက ယေဟောဝါကို ချစ်တဲ့သူကို ရွေးချယ်ဖို့ပါ။ b ၁ ကောရိန္သု ၇:၃၉ နဲ့ ၂ ကောရိန္သု ၆:၁၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ခရစ်ယာန်အချင်းချင်းကိုပဲ ဘာကြောင့် အိမ်ထောင်ပြုသင့်သလဲ။

  • ဘုရားကိုမချစ်တဲ့သူနဲ့ အိမ်ထောင်ပြုရင် ယေဟောဝါ ဘယ်လို ခံစားရမယ် ထင်သလဲ။

အမျိုးအစားမတူတဲ့ တိရစ္ဆာန်တွေပေါ် ထမ်းပိုးတင်ရင် အဆင်မပြေနိုင်ဘူး။ မယုံကြည်သူနဲ့ အိမ်ထောင်ပြုတာကလည်း ပြဿနာများနိုင်တယ်

၆။ အိမ်ထောင်ကို ယေဟောဝါလိုပဲ ရှုမြင်ပါ

ရှေးခေတ် အစ္စရေးအမျိုးသားတချို့က ကိုယ်ကျိုးအတွက် ဇနီးကို ကွာရှင်းကြတယ်။ မာလခိ ၂:၁၃၊ ၁၄၊ ၁၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ကျမ်းစာနဲ့မညီတဲ့ အကြောင်းပြချက်နဲ့ ကွာရှင်းတာကို ယေဟောဝါ ဘာကြောင့် မုန်းသလဲ။

အိမ်ထောင်ရေး ဖောက်ပြန်တာ၊ ကွာရှင်းတာက အပြစ်မဲ့ အိမ်ထောင်ဖက်နဲ့ ကလေးတွေကို ထိခိုက်နစ်နာစေတယ်

ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

  • အိမ်ထောင်ဖက်က မယုံကြည်သူ ဖြစ်နေရင် အိမ်ထောင်သာယာအောင် ဘာလုပ်နိုင်သလဲ။

၇။ အိမ်ထောင်အတွက် ယေဟောဝါရဲ့စံနှုန်းတွေကို လိုက်နာပါ

အိမ်ထောင်အတွက် ယေဟောဝါရဲ့စံနှုန်းတွေကို လိုက်နာဖို့ ကြိုးစားအားထုတ်မှု လိုနိုင်တယ်။ c ဒါပေမဲ့ ဒီလိုကြိုးစားတဲ့သူတွေကို ယေဟောဝါ ကောင်းချီးပေးတယ်။ ဗီဒီယို ဖွင့်ပါ

ဟီဘရူး ၁၃:၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • အိမ်ထောင်အတွက် ယေဟောဝါရဲ့စံနှုန်းတွေဟာ လက်တွေ့ကျတယ်လို့ ထင်သလား။ ဘာကြောင့်လဲ။

ခရစ်ယာန်တွေ လက်ထပ်တဲ့အခါ၊ ကွာရှင်းတဲ့အခါ တရားဝင် မှတ်ပုံတင်ဖို့ ယေဟောဝါ လိုလားတယ်။ နိုင်ငံအများစုက အစိုးရအာဏာပိုင်တွေလည်း ဒီအတိုင်း တောင်းဆိုတယ်။ တိတု ၃:၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • သင်ဟာ အိမ်ထောင်သည်ဆိုရင် သင့်အိမ်ထောင်ဟာ အစိုးရ တရားဝင် အသိအမှတ်ပြုထားတဲ့ အိမ်ထောင်လား။

လူတချို့ အမေး။ “လက်မထပ်ဘဲနဲ့ကော အတူနေလို့ မရဘူးလား။”

  • သင် ဘယ်လို ဖြေမလဲ။

အနှစ်ချုပ်

တစ်ကိုယ်ရေနေတာ၊ အိမ်ထောင်ပြုတာတွေဟာ ယေဟောဝါဆီက ဆုကျေးဇူးတွေပါ။ ယေဟောဝါအလိုတော်နဲ့ ညီရင် ပျော်ရွှင်ကျေနပ်စရာကောင်းတယ်။

ပြန်လည်သုံးသပ်ခြင်း

  • တစ်ကိုယ်ရေဘဝကို ဘယ်လို အကျိုးရှိရှိ သုံးနိုင်သလဲ။

  • ခရစ်ယာန်အချင်းချင်းကိုပဲ အိမ်ထောင်ပြုဖို့ ကျမ်းစာ ဘာကြောင့် အားပေးသလဲ။

  • ကွာရှင်းနိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းက ဘာလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

“သခင့်နောက်လိုက် ဖြစ်သူနဲ့ပဲ” လက်ထပ်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။

“စာရှုသူများထံမှ မေးခွန်းလွှာ” (ကင်းမျှော်စင် ဇူလိုင် ၁၊ ၂၀၀၄)

ချိန်းတွေ့ခြင်း၊ အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဗီဒီယိုနှစ်ခုကို ကြည့်ပါ။

အိမ်ထောင်အတွက် ပြင်ဆင်ခြင်း (၁၁:၅၃)

စွန့်လွှတ်လိုက်တာထက် ပိုတန်ဖိုးရှိတာကို ယေဟောဝါ ပေးလို့ ညီအစ်ကိုတစ်ဦး ဘယ်လို ခံစားရသလဲ ရှုစားပါ။

သူ အမှန်တရားလေ့လာဖို့ မျှော်လင့်ခဲ့ (၁:၅၆)

ကွာရှင်းဖို့၊ ခွဲနေဖို့ မစဉ်းစားခင် ဘယ်အချက်တွေကို ထည့်တွက်သင့်သလဲ။

“ဘုရားတွဲဖက်ထားတဲ့အိမ်ထောင်ကို ဂုဏ်တင်ပါ” (ကင်းမျှော်စင်၊ ဒီဇင်ဘာ ၂၀၁၈)

a အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် မဟုတ်ဘဲ ခွဲနေခြင်းအကြောင်း ရှင်းလင်းချက် ၄ မှာ ကြည့်ပါ။

b ယဉ်ကျေးမှုတချို့မှာ မိဘတွေက အိမ်ထောင်ဖက် ရွေးပေးကြတယ်။ မေတ္တာရှိတဲ့ မိဘတွေဟာ သမက်/ချွေးမလောင်း ရွေးတဲ့အခါ ငွေကြေး၊ အဆင့်အတန်းကို မဟုတ်ဘဲ ယေဟောဝါကို ချစ်မချစ်ဆိုတာ ဦးဆုံး ထည့်တွက်ကြတယ်။

c လက်မထပ်ထားသူနဲ့ အတူနေတယ်ဆိုရင် အဆက်ဖြတ်မလား၊ လက်ထပ်မလားဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ်။