သင်ခန်းစာ ၅၁

ယေဟောဝါ နှစ်သက်တဲ့ အပြောအဆို

ယေဟောဝါ နှစ်သက်တဲ့ အပြောအဆို
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

ယေဟောဝါက ကျွန်တော်တို့ကို ဖန်ဆင်းတဲ့အခါ စကားပြောနိုင်စွမ်းဆိုတဲ့ အံ့ဖွယ်လက်ဆောင် ထည့်သွင်းပေးထားတယ်။ ဒီလက်ဆောင်ကို အသုံးပြုပုံဟာ ယေဟောဝါအတွက် အရေးကြီးသလား။ အလွန် အရေးကြီးတယ်။ (ယာကုပ် ၁:၂၆ ကို ဖတ်ပါ။) ဒါဆိုရင် ယေဟောဝါ နှစ်သက်တဲ့နည်းနဲ့ ဘယ်လို ပြောဆိုနိုင်သလဲ။

၁။ စကားပြောနိုင်စွမ်း ဆုလက်ဆောင်ကို ဘယ်လို သုံးသင့်သလဲ။

“အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေးနေကြပါ” လို့ ကျမ်းစာက ဆိုတယ်။ (၁ သက်သာလောနိတ် ၅:၁၁) အားပေးမှု လိုနေသူတွေကို စဉ်းစားမိသလား။ သူတို့ အားရှိသွားအောင် ဘယ်လို ကူညီနိုင်သလဲ။ သူတို့ကို ဂရုစိုက်ကြောင်း ပြောနိုင်တယ်။ သူတို့ရဲ့ ကောင်းကွက်တွေကို ထုတ်ပြောနိုင်တယ်။ တစ်ယောက်ယောက်ကို အားရှိစေမယ့် ကျမ်းပိုဒ်တစ်ပိုဒ် စဉ်းစားမိသလား။ ကျမ်းပိုဒ်အများကြီး ရှိပါတယ်။ ကိုယ့်ရဲ့စကားတွေသာမက ပြောဆိုပုံကလည်း တခြားသူကို အလွန်အားရှိစေနိုင်တယ်ဆိုတာကို သတိရပါ။ ဒါကြောင့် ယဉ်ယဉ်ကျေးကျေး၊ ညင်ညင်သာသာ အမြဲပြောဆိုပါ။​—ပညာအလိမ္မာ ၁၅:၁

၂။ ဘယ်လို အပြောအဆိုကို ရှောင်ရမလဲ။

“ညစ်ညမ်းတဲ့စကားတစ်ခွန်းမှ နှုတ်ကနေ မထွက်ပါစေနဲ့” လို့ ကျမ်းစာက ဆိုတယ်။ (ဧဖက် ၄:၂၉ ကို ဖတ်ပါ။) ရိုင်းစိုင်းတဲ့စကား၊ တခြားသူကို ထိခိုက်စေတဲ့စကားတွေ မပြောသင့်ဘူး။ ထိခိုက်နစ်နာစေတဲ့ အတင်းအဖျင်း၊ အသရေဖျက်တဲ့ စကားတွေကိုလည်း ရှောင်ရမယ်။​—ပညာအလိမ္မာ ၁၆:၂၈ ကို ဖတ်ပါ။

၃။ အားရှိစေတဲ့စကားတွေ ပြောဖို့ ဘာက ကူညီပေးမလဲ။

ကိုယ်ပြောတဲ့စကားက ကိုယ့်စိတ်ထဲ ဘာတွေ ရှိသလဲ၊ ဘာတွေ စဉ်းစားနေသလဲဆိုတာ ဖော်ပြလေ့ရှိတယ်။ (လုကာ ၆:၄၅) ဒါကြောင့် ဖြောင့်မတ်တဲ့အရာ၊ စင်ကြယ်တဲ့အရာ၊ မေတ္တာတိုးစေတဲ့အရာ၊ ချီးမွမ်းထိုက်တဲ့အရာတွေကို စဉ်းစားတတ်အောင် ကြိုးစားရမယ်။ (ဖိလိပ္ပိ ၄:၈) အဲဒီလိုလုပ်နိုင်ဖို့ အပန်းဖြေမှုနဲ့ မိတ်ဆွေတွေကို ပညာရှိရှိ ရွေးချယ်ရမယ်။ (ပညာအလိမ္မာ ၁၃:၂၀) ဒါဆိုရင် စဉ်းစားချင့်ချိန်ပြီးမှ ပြောတတ်လာမယ်။ ကိုယ့်စကားကြောင့် တခြားသူတွေ ဘယ်လို ခံစားရမလဲဆိုတာ စဉ်းစားပါ။ “မစဉ်းစားဘဲပြောတဲ့ စကားဟာ ဓားနဲ့ထိုးသလိုပဲ။ ဉာဏ်ပညာရှိသူရဲ့ စကားကတော့ ဒဏ်ရာကိုတောင် ပျောက်ကင်းစေတယ်” လို့ ကျမ်းစာက ဆိုတယ်။​—ပညာအလိမ္မာ ၁၂:၁၈

ရှာဖွေလေ တွေ့ရှိလေ

ယေဟောဝါ နှစ်သက်တဲ့နည်း၊ တခြားသူတွေကို အားရှိစေတဲ့နည်းနဲ့ ပြောဆိုနိုင်ပုံအကြောင်း လေ့လာပါ။

၄။ အပြောအဆိုကို ထိန်းချုပ်ပါ

ကျွန်တော်တို့အားလုံး နောက်မှ နောင်တရမယ့်စကားတွေ ပြောမိတတ်ကြတယ်။ (ယာကုပ် ၃:၂) ဂလာတိ ၅:၂၂၊ ၂၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • အပြောအဆို ထိန်းချုပ်နိုင်အောင် ဒီကျမ်းပိုဒ်ထဲက ဘယ်အရည်အသွေးတွေ ရှိဖို့ ဆုတောင်းနိုင်သလဲ။ ဒီအရည်အသွေးတွေက သင့်ကို ဘယ်လို ကူညီနိုင်သလဲ။

၁ ကောရိန္သု ၁၅:၃၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အပေါင်းအသင်းနဲ့ အပန်းဖြေမှုက ကိုယ့်အပြောအဆိုကို ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။

ဒေသနာ ၃:၁၊  ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဘယ်အချိန်မှာ နှုတ်ဆိတ်နေတာ၊ အခြေအနေကြည့်ပြီးမှ ပြောတာ ကောင်းသလဲ။

၅။ တခြားသူတွေရဲ့ ကောင်းကြောင်းကို ပြောပါ

တခြားသူကို ထိခိုက်နစ်နာစေတဲ့ အပြောအဆိုကို ဘယ်လို ရှောင်နိုင်သလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

  • ဗီဒီယိုထဲက ညီအစ်ကိုဟာ တခြားသူအကြောင်း ပြောဆိုပုံကို ဘာကြောင့် ပြောင်းလဲချင်သလဲ။

  • ပြောင်းလဲနိုင်ဖို့ သူ ဘာလုပ်ခဲ့သလဲ။

ဒေသနာ ၇:၁၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • သူတစ်ပါးမကောင်းကြောင်း ပြောစရာပေါ်လာတဲ့အခါ ဘာကို သတိရသင့်သလဲ။

ဒေသနာ ၇:၂၁၊ ၂၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • တစ်ယောက်ယောက် ကိုယ့်မကောင်းကြောင်း ပြောတဲ့အခါ ဒေါသမထွက်ဖို့ ဒီကျမ်းပိုဒ်တွေက ဘယ်လို ကူညီနိုင်သလဲ။

၆။ မိသားစုကို ချိုချိုသာသာ ပြောဆိုပါ

မိသားစုကို ချိုချိုသာသာ၊ မေတ္တာပါပါ ပြောဆိုဖို့ ယေဟောဝါ လိုလားတယ်။ ဗီဒီယို ဖွင့်ပါ ပြီးတဲ့နောက် အောက်ပါ မေးခွန်းကို သုံးသပ်ပါ။

  • မိသားစုကို ချိုချိုသာသာ ပြောဆိုဖို့ ဘာက ကူညီပေးမလဲ။

ဧဖက် ၄:၃၁၊ ၃၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဘယ်လိုအပြောအဆိုက မိသားစုကို ပျော်ရွှင်စေသလဲ။

ယေဟောဝါက သားတော်ယေရှုကို ချစ်ကြောင်း ထုတ်ပြောတယ်။ မဿဲ ၁၇:၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • မိသားစုနဲ့ ပြောဆိုတဲ့အခါ ယေဟောဝါကို ဘယ်လို အတုယူနိုင်သလဲ။

တခြားသူကို အခွင့်အရေးရှာပြီး ချီးမွမ်းပါ

လူတချို့ အဆို။ “ကိုယ့်စိတ်ထဲရှိတာ ပြောမှာပဲ။ မကြိုက်လည်း မတတ်နိုင်ဘူး။”

  • သင်ကော အဲဒီလို ယူဆသလား။ ဘာကြောင့်လဲ။

အနှစ်ချုပ်

စကားလုံးတွေဟာ အစွမ်းထက်တယ်။ ဘာပြောမလဲ၊ ဘယ်အချိန် ပြောမလဲ၊ ဘယ်လို ပြောမလဲဆိုတာ အသေအချာ စဉ်းစားဖို့လိုတယ်။

ပြန်လည်သုံးသပ်ခြင်း

  • တခြားသူတွေကို အားရှိစေဖို့ ဘယ်လို ပြောဆိုနိုင်သလဲ။

  • ဘယ်လို အပြောအဆိုကို ရှောင်ချင်သလဲ။

  • အားရှိစရာစကားတွေကို မေတ္တာပါပါ အမြဲပြောဆိုဖို့ ဘာက ကူညီနိုင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

အတင်းအဖျင်းပြောတာကို ဘယ်လို ရှောင်နိုင်သလဲ ဖတ်ကြည့်ပါ။

အတင်းအဖျင်းပြောတာကို ငါ ဘယ်လိုရှောင်နိုင်မလဲ (၂:၃၆)