မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၅၂

ကျွန်တော်တို့ရဲ့ အဝတ်အစား၊ အသွင်အပြင် ဘာကြောင့် အရေးပါသလဲ

ကျွန်တော်တို့ရဲ့ အဝတ်အစား၊ အသွင်အပြင် ဘာကြောင့် အရေးပါသလဲ

ဝတ်စားဆင်ယင်တဲ့အခါ ကျွန်တော်တို့မှာ အကြိုက်ကိုယ်စီ ရှိကြတယ်။ ဒါပေမဲ့ ရိုးရှင်းတဲ့ ကျမ်းစာမူတချို့ကို လိုက်နာမယ်ဆိုရင် ကိုယ်ကြိုက်နှစ်သက်ရာကို ဝတ်ဆင်နိုင်ရုံမက ယေဟောဝါရဲ့ နှစ်သက်မှုလည်း ရနိုင်မယ်။ ကျမ်းစာမူတချို့ကို သုံးသပ်ကြည့်ကြစို့။

၁။ ဝတ်စားဆင်ယင်ရာမှာ ဘယ်ကျမ်းစာမူတွေကို လိုက်နာသင့်သလဲ။

“ဣန္ဒြေရှိရှိ၊ ချင့်ချိန်မှုရှိရှိနဲ့ တော်ရုံသင့်ရုံပဲ ဝတ်စားဆင်ယင်” သင့်တယ်။ “ဘုရားသခင်ကို ကြည်ညို” ကြောင်း ပေါ်လွင်စေတဲ့ သန့်ရှင်းတဲ့အသွင်အပြင် ရှိသင့်တယ်။ (၁ တိမောသေ ၂:​၉၊ ၁၀) ဒီကျမ်းစာမူ လေးခုကို သုံးသပ်ပါ။ (၁) ကျွန်တော်တို့ “တော်ရုံသင့်ရုံပဲ” ဝတ်စားဆင်ယင်သင့်တယ်။ အသင်းတော် အစည်းအဝေးတွေမှာ တွေ့ရတဲ့အတိုင်း ယေဟောဝါရဲ့လူမျိုးဟာ အကြိုက်ကိုယ်စီ ရှိပေမဲ့ ဝတ်စားဖြီးလိမ်းပုံအားဖြင့် ဘုရားကို ရိုသေလေးစားကြောင်း ပြကြတယ်။ (၂) “ဣန္ဒြေရှိရှိ” ဝတ်စားဆင်ယင်တယ်ဆိုတာ ကိုယ့်အသွင်အပြင်က လိင်စိတ်နှိုးဆွဖို့၊ အလွန်အမင်း အာရုံစိုက်ခံရဖို့ မဖြစ်သင့်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ (၃) ခေတ်နောက် အမီလိုက်ပြီး ဝတ်စားဖြီးလိမ်းတာကို ရှောင်ခြင်းအားဖြင့် “ချင့်ချိန်မှုရှိ” ကြောင်း ပြကြတယ်။ (၄) ကိုယ့်ရဲ့အသွင်အပြင်က “ဘုရားသခင်ကို ကြည်ညို” ကြောင်း အမြဲပေါ်လွင်စေသင့်တယ်။ ဒါမှ စစ်မှန်တဲ့ဘုရားကို ဝတ်ပြုနေမှန်း လူတွေ သိနိုင်မယ်။​—၁ ကောရိန္သု ၁၀:၃၁

၂။ ကိုယ့်ရဲ့အသွင်အပြင်က ညီအစ်ကို/မတွေကို ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲ။

ကိုယ့်စိတ်ကြိုက် ရွေးချယ်ဝတ်ဆင်နိုင်တာ မှန်ပေမဲ့ တခြားသူတွေကို ဘယ်လို ထိခိုက်စေမလဲဆိုတာ ထည့်စဉ်းစားသင့်တယ်။ တခြားသူတွေကို စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ ‘သူတစ်ပါးရဲ့အလိုကို လိုက်ပြီး သူတို့အကျိုးအတွက် အားပေးမှု ဖြစ်စေမယ့်အရာတွေကို လုပ်ဆောင်ကြတယ်။’​—ရောမ ၁၅:​၁၊ ၂ ကို ဖတ်ပါ။

၃။ ကိုယ့်ရဲ့အသွင်အပြင်က စစ်မှန်တဲ့ဝတ်ပြုရေးဆီ လူတွေကို ဘယ်လို ဆွဲဆောင်နိုင်သလဲ။

ကျွန်တော်တို့က အချိန်အခါနဲ့လိုက်ဖက်အောင် ဝတ်ဆင်ကြပေမဲ့ အစည်းအဝေး တက်တဲ့အခါ၊ အမှုဆောင်ထွက်တဲ့အခါ အထူးဂရုစိုက်ကြတယ်။ ကိုယ့်ရဲ့ဝတ်ဆင်ပုံကြောင့် အရေးကြီးတဲ့ သတင်းတရားကနေ လူတွေ အာရုံလွဲသွားတာမျိုး မဖြစ်စေချင်ဘူး။ အမှန်တရားဆီ လူတွေကို ဆွဲဆောင်တဲ့၊ ‘ကယ်တင်ရှင်ရဲ့ သွန်သင်ချက်ကို တင့်တယ်စေနိုင်တဲ့’ အသွင်အပြင်မျိုး ဖြစ်စေချင်တယ်။​—တိတု ၂:၁၀

ရှာဖွေလေ တွေ့ရှိလေ

ကိုယ့်ရဲ့ အဝတ်အစား၊ အသွင်အပြင်အားဖြင့် ခရစ်ယာန်ပီသကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ သုံးသပ်ကြည့်ပါ။

ကိုယ့်အသွင်အပြင်က အာဏာပိုင်တွေကို လေးစားမှု ရှိမရှိ ဖော်ပြနိုင်တယ်။ ယေဟောဝါက စိတ်နှလုံးကို ကြည့်တယ်ဆိုပေမဲ့ ကိုယ့်အသွင်အပြင်ကလည်း ဘုရားကို ရိုသေလေးစားကြောင်း ဖော်ပြသင့်တယ်

၄။ သပ်ရပ်တဲ့အသွင်အပြင်က ယေဟောဝါကို ရိုသေလေးစားကြောင်း ဖော်ပြ

ကျွန်တော်တို့ရဲ့ အသွင်အပြင်ကို ဂရုစိုက်ရတဲ့ အဓိကအကြောင်းရင်းက ဘာလဲ။ ဆာလံ ၄၇:၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ကိုယ့်ရဲ့ ဝတ်စားပုံက ယေဟောဝါအပေါ် လူတွေရဲ့အမြင်ကို သက်ရောက်မှု ရှိတဲ့အတွက် ဘယ်လို ရွေးချယ်ဝတ်စားမလဲ။

  • အစည်းအဝေး တက်တဲ့အခါ၊ အမှုဆောင်ထွက်တဲ့အခါ ကျွန်တော်တို့ရဲ့ အသွင်အပြင်ကို ဂရုစိုက်ဖို့ လိုတယ်လို့ ထင်သလား။ ဘာကြောင့်လဲ။

၅။ ဝတ်စားဖြီးလိမ်းမှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်း ချနိုင်ပုံ

ဗီဒီယို ဖွင့်ပါ။

ကိုယ့်အဝတ်အစားက စျေးကြီးသည်ဖြစ်စေ၊ စျေးပေါသည်ဖြစ်စေ သန့်ရှင်းသပ်ရပ်ဖို့၊ အချိန်အခါနဲ့လိုက်ဖက်ဖို့ အရေးကြီးတယ်။ ၁ ကောရိန္သု ၁၀:၂၄ နဲ့ ၁ တိမောသေ ၂:၉၊ ၁၀ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် အောက်ပါအဝတ်အစားတွေကို ဘာကြောင့် ရှောင်သင့်သလဲ သုံးသပ်ပါ။

  • ဖိုသီဖတ်သီ၊ ဖြစ်ကတတ်ဆန်းနိုင်တဲ့ အဝတ်အစား။

  • ကျပ်လွန်းတဲ့၊ ဖော်လွန်းတဲ့၊ လိင်စိတ်ကြွစေတဲ့ အဝတ်အစား။

မောရှေပညတ်ကို ခရစ်ယာန်တွေ လိုက်နာဖို့ မလိုတော့ပေမဲ့ ယေဟောဝါရဲ့ စဉ်းစားပုံကို သင်ယူနိုင်ပါတယ်။ တရားဟောရာ ၂၂:၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယောက်ျားက မိန်းမလို၊ မိန်းမက ယောက်ျားလို ဝတ်စား ဖြီးလိမ်းတာကို ဘာကြောင့် ရှောင်သင့်သလဲ။

၁ ကောရိန္သု ၁၀:၃၂၊ ၃၃ နဲ့ ၁ ယောဟန် ၂:၁၅၊ ၁၆ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ကိုယ့်အသွင်အပြင်ကြောင့် ရပ်ကွက်မှာ၊ အသင်းတော်မှာ ရှိတဲ့သူတချို့ စိတ်အနှောင့်အယှက် မဖြစ်စေဖို့ ဘာကြောင့် ဂရုစိုက်သင့်သလဲ။

  • သင်နေထိုင်တဲ့ဒေသမှာ ဘယ်လို ဝတ်စားဖြီးလိမ်းလေ့ရှိသလဲ။

  • ဘယ်ဝတ်စားဖြီးလိမ်းပုံမျိုးက ခရစ်ယာန်တွေအတွက် မသင့်တော်ဘူးလို့ ထင်သလဲ။ ဘာကြောင့်လဲ။

ကိုယ်ကြိုက်နှစ်သက်ရာကို ဝတ်ဆင်ရင်း ယေဟောဝါရဲ့နှစ်သက်မှုလည်း ရနိုင်ပါတယ်

လူတချို့ အဆို။ “ကိုယ်ကြိုက်တာ ကိုယ်ဝတ်ပိုင်ခွင့် ရှိတယ်။”

  • သင်ကော အဲဒီလို ယူဆသလား။ ဘာကြောင့်လဲ။

အနှစ်ချုပ်

ကျွန်တော်တို့ရဲ့ သပ်ရပ်တဲ့အသွင်အပြင်က ယေဟောဝါနဲ့ တခြားသူတွေကို ရိုသေလေးစားကြောင်း ဖော်ပြတယ်။

ပြန်လည်သုံးသပ်ခြင်း

  • ကျွန်တော်တို့ရဲ့ ဝတ်စားဖြီးလိမ်းပုံက ယေဟောဝါအတွက် ဘာကြောင့် အရေးပါသလဲ။

  • ဝတ်စားဆင်ယင်ရာမှာ ဘယ်ကျမ်းစာမူတွေကို လိုက်နာသင့်သလဲ။

  • ကိုယ့်အသွင်အပြင်က စစ်မှန်တဲ့ဝတ်ပြုရေးအပေါ် လူတွေရဲ့အမြင်ကို ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ကိုယ့်ရဲ့အဝတ်အစားက ကိုယ့်အကြောင်း ဘာဖော်ပြသလဲ ဖတ်ကြည့်ပါ။

“ငါ့ရဲ့ရုပ်အသွင်အပြင် ဘယ်လို ရှိသလဲ” (ဝက်ဘ်ဆိုက် ဆောင်းပါး)

ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို လမ်းညွှန်ပေးတဲ့ နောက်ထပ် ကျမ်းစာမူတွေကို သုံးသပ်ပါ။

“သင့်ဝတ်စားပုံက ဘုရားသခင့် ဘုန်းတော်ကို ထင်ရှားစေသလား” (ကင်းမျှော်စင်၊ စက်တင်ဘာ ၂၀၁၆)

စိတ်ရင်းမှန်တဲ့ အမျိုးသမီးတစ်ဦး တခြားသူရဲ့ ဝတ်စားဖြီးလိမ်းပုံနဲ့ ပတ်သက်ပြီး မျှတတဲ့အမြင် ဘယ်လို ရှိလာသလဲ။

“ဝတ်စားဖြီးလိမ်းမှုက အတားအဆီးဖြစ်ခဲ့” (နိုးလော့! စာစောင်)