မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၅၄

“သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ရဲ့ အခန်းကဏ္ဍ

“သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ရဲ့ အခန်းကဏ္ဍ

ယေရှုဟာ ခရစ်ယာန်အသင်းတော်ရဲ့ ဦးခေါင်း ဖြစ်တယ်။ (ဧဖက် ၅:၂၃) မိမိနောက်လိုက်တွေကို “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ကတစ်ဆင့် ကောင်းကင်ကနေ လမ်းညွှန်နေတယ်။ (မဿဲ ၂၄:၄၅ ကို ဖတ်ပါ။) ယေရှုခန့်အပ်တဲ့ “ကျွန်” ဟာ အခွင့်အာဏာ အတော်အတန် ရှိပေမဲ့ ခရစ်တော်ကို နာခံပြီး ခရစ်တော်ရဲ့ညီတွေအတွက် အမှုဆောင်တယ်။ ဒီကျွန်ဟာ ဘယ်သူလဲ။ ကျွန်တော်တို့ကို ဘယ်လို ဂရုစိုက်နေသလဲ။

၁။ “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ဟာ ဘယ်သူလဲ။

ယေဟောဝါက အမျိုးသားတစ်ဦး ဒါမှမဟုတ် အမျိုးသားတစ်စုကို သုံးပြီး မိမိလူမျိုးကို လမ်းညွှန်လေ့ရှိတယ်။ (မာလခိ ၂:၇။ ဟီဘရူး ၁:၁) ယေရှု သေဆုံးပြီးနောက်ပိုင်း ဂျေရုဆလင်မြို့မှာရှိတဲ့ တမန်တော်တွေ၊ အကြီးအကဲတွေ ဦးဆောင်ခဲ့ကြတယ်။ (တမန်တော် ၁၅:၂) အခုအချိန်မှာလည်း ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့လို့ ခေါ်တဲ့ အကြီးအကဲတစ်စုက ဦးဆောင်နေတယ်။ ဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိစေတဲ့ ကျမ်းစာအကြောင်းအရာတွေ ပြင်ဆင်ပေးပြီး ဟောပြောခြင်းလုပ်ငန်းကို လမ်းညွှန်နေတယ်။ ဒီအုပ်စုဟာ ‘ယေရှုခန့်အပ်ထားတဲ့ သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်’ ဖြစ်တယ်။ (မဿဲ ၂၄:၄၅) အုပ်ချုပ်ရေးအဖွဲ့ဝင်အားလုံးဟာ စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရသူတွေ ဖြစ်ပြီး မြေကြီးအသက်တာ ကုန်ဆုံးတဲ့အခါ ကောင်းကင်နိုင်ငံတော်မှာ ခရစ်တော်နဲ့အတူ အုပ်စိုးကြမယ်။

၂။ သစ္စာရှိကျွန်က ကျွန်တော်တို့ရဲ့ယုံကြည်ခြင်း ခိုင်ခံ့စေဖို့ ဘာတွေ ပြင်ဆင်ပေးသလဲ။

သစ္စာရှိကျွန်ဟာ “[ခရစ်ယာန်တွေအတွက်] အချိန်တန်ရင် အစားအစာဝေပေး” မယ်လို့ ယေရှု ပြောတယ်။ (မဿဲ ၂၄:၄၅) ကျွန်တော်တို့စားတဲ့ အစာက ကိုယ်ခန္ဓာကို ကျန်းမာသန်စွမ်းစေတယ်။ အချိန်တန်အစာနဲ့တူတဲ့ ကျမ်းစာသွန်သင်ချက်တွေကလည်း ယေဟောဝါကို သစ္စာရှိဖို့၊ ယေရှုပေးထားတဲ့အလုပ်ကို လုပ်ဆောင်နိုင်ဖို့ ခွန်အားရှိစေတယ်။ (၁ တိမောသေ ၄:၆) အစည်းအဝေး၊ အစည်းအဝေးပွဲ၊ အစည်းအဝေးကြီး၊ ကျမ်းစာစာပေတွေ၊ ဗီဒီယိုတွေကတစ်ဆင့် ရတဲ့ သွန်သင်ချက်တွေက ဘုရားအလိုတော်ကို နားလည်အောင်၊ ဘုရားနဲ့ ပိုရင်းနှီးအောင် ကူညီပေးတယ်။

ရှာဖွေလေ တွေ့ရှိလေ

“သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ဖြစ်တဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ကျွန်တော်တို့ ဘာကြောင့် လိုအပ်သလဲ လေ့လာပါ။

အုပ်ချုပ်ရေးအဖွဲ့ဟာ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေအတွက် ကျမ်းစာအကြောင်းအရာတွေ ပြင်ဆင်ပေးတယ်၊ လမ်းညွှန်တယ်၊ ကူညီပေးတယ်

၃။ ယေဟောဝါရဲ့လူမျိုးကို ဖွဲ့စည်းထား

ယေရှုလမ်းညွှန်မှုအောက်မှာ အုပ်ချုပ်ရေးအဖွဲ့က ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို စီစဉ်ဖွဲ့စည်းပေးတယ်။ အစောပိုင်း ခရစ်ယာန်တွေကိုလည်း အလားတူ ဖွဲ့စည်းခဲ့တယ်။ ဗီဒီယို ဖွင့်ပါ

၁ ကောရိန္သု ၁၄:၃၃၊ ၄၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေဟောဝါက မိမိရဲ့သက်သေတွေကို စနစ်တကျ ဖွဲ့စည်းထားချင်တယ်ဆိုတာ ဒီကျမ်းပိုဒ်တွေက ဘယ်လို ဖော်ပြသလဲ။

၄။ သစ္စာရှိကျွန်က ဟောပြောခြင်းလုပ်ငန်းကို စီစဉ်ဖွဲ့စည်း

ဟောပြောခြင်းဟာ အစောပိုင်းခရစ်ယာန်တွေ လုပ်ဆောင်ခဲ့တဲ့ အရေးကြီးဆုံးလုပ်ငန်း ဖြစ်တယ်။ တမန်တော် ၈:၁၄၊ ၂၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • အစောပိုင်းခရစ်ယာန်ခေတ်မှာ ဟောပြောခြင်းလုပ်ငန်းကို ဘယ်သူ လမ်းညွှန်သလဲ။

  • တမန်တော်တွေရဲ့ လမ်းညွှန်မှုကို ပေတရုနဲ့ ယောဟန် ဘယ်လို တုံ့ပြန်ခဲ့သလဲ။

ဟောပြောခြင်းဟာ အုပ်ချုပ်ရေးအဖွဲ့ စီစဉ်ပေးတဲ့ အရေးကြီးဆုံးလုပ်ငန်း ဖြစ်တယ်။ ဗီဒီယို ဖွင့်ပါ

ဟောပြောခြင်းဟာ အလွန်အရေးကြီးကြောင်း ယေရှု အလေးပေးပြောခဲ့တယ်။ မာကု ၁၃:၁၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဟောပြောခြင်းဟာ အုပ်ချုပ်ရေးအဖွဲ့အတွက် ဘာကြောင့် ဒီလောက် အရေးကြီးသလဲ။

  • ကမ္ဘာတစ်ဝန်းမှာ ဒီလုပ်ငန်းကို စီစဉ်ဖွဲ့စည်းဖို့ “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ဘာကြောင့် လိုအပ်သလဲ။

၅။ သစ္စာရှိကျွန် လမ်းညွှန်ပေး

ကမ္ဘာတစ်ဝန်းက ခရစ်ယာန်တွေကို အုပ်ချုပ်ရေးအဖွဲ့ လမ်းညွှန်ပေးပါတယ်။ ဘယ်လို ဆုံးဖြတ်ပြီး လမ်းညွှန်ကြသလဲ။ အစောပိုင်းခရစ်ယာန်တွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ လုပ်ဆောင်ပုံကို သုံးသပ်ပါ။ တမန်တော် ၁၅:၁၊ ၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • အစောပိုင်းခရစ်ယာန်တချို့ ဘာအတွက် ငြင်းခုံခဲ့ကြသလဲ။

  • ပေါလု၊ ဗာနဗနဲ့ ညီအစ်ကိုတချို့ဟာ ပြဿနာဖြေရှင်းဖို့ ဘယ်သူတွေဆီ သွားကြသလဲ။

တမန်တော် ၁၅:၁၂-၁၈၊ ၂၃-၂၉ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အစောပိုင်း အုပ်ချုပ်ရေးအဖွဲ့ဟာ ဘုရားလမ်းညွှန်မှု ရနိုင်ဖို့ ဘာကို ထည့်တွက်စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချခဲ့ကြသလဲ။​—အခန်းငယ် ၁၂၊ ၁၅၊ ၂၈ ကို ကြည့်ပါ။

တမန်တော် ၁၅:၃၀၊ ၃၁ ၁၆:၄၊ ၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • အစောပိုင်း ခရစ်ယာန်တွေဟာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်မှုကို ဘယ်လို တုံ့ပြန်ကြသလဲ။

  • သူတို့ရဲ့ နာခံမှုကို ယေဟောဝါ ဘယ်လို ကောင်းချီးပေးသလဲ။

၂ တိမောသေ ၃:၁၆ နဲ့ ယာကုပ် ၁:၅ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အခုခေတ်မှာကော အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်ချက် မချခင် လမ်းညွှန်မှုရဖို့ ဘာလုပ်ကြသလဲ။

လူတချို့ အဆို။ “အုပ်ချုပ်ရေးအဖွဲ့ကို နာခံတာဟာ လူနောက်လိုက်တာပဲ။”

  • အုပ်ချုပ်ရေးအဖွဲ့ကို ယေရှု ဦးဆောင်နေတယ်လို့ သင် ဘာကြောင့် ယုံကြည်သလဲ။

အနှစ်ချုပ်

အုပ်ချုပ်ရေးအဖွဲ့ဟာ ခရစ်တော် ခန့်အပ်ထားတဲ့ “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ဖြစ်တယ်။ ကမ္ဘာတစ်ဝန်းက ခရစ်ယာန်တွေကို လမ်းညွှန်ပြီး ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ ကျမ်းစာအကြောင်းအရာတွေ ပြင်ဆင်ပေးနေတယ်။

ပြန်လည်သုံးသပ်ခြင်း

  • “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ကို ဘယ်သူ ခန့်အပ်ထားသလဲ။

  • အုပ်ချုပ်ရေးအဖွဲ့က ကျွန်တော်တို့ကို ဘယ်လို ဂရုစိုက်နေသလဲ။

  • အုပ်ချုပ်ရေးအဖွဲ့ဟာ “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ဖြစ်ကြောင်း သင် ယုံသလား။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ငန်းစီစဉ်ဖွဲ့စည်းပုံကို ဖတ်ကြည့်ပါ။

“ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ဘာလဲ” (ဝက်ဘ်ဆိုက် ဆောင်းပါး)

တိကျမှန်ကန်တဲ့ အချက်အလက်တွေ ပေးဖို့ အုပ်ချုပ်ရေးအဖွဲ့ ဘယ်လိုလုပ်ဆောင်သလဲ ကြည့်လိုက်ပါ။

တိကျမှန်ကန်တဲ့ စာပေတွေကို ထုတ်ဝေခြင်း (၁၇:၁၈)

အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ယေရှုပေးထားတဲ့ အလုပ်ကို ဘယ်လို သဘောထားသလဲ။

မြတ်နိုးဖွယ် အခွင့်ထူး (၇:၀၄)

အုပ်ချုပ်ရေးအဖွဲ့ကို ယေဟောဝါ လမ်းညွှန်နေကြောင်း အစည်းအဝေးတွေ၊ အစည်းအဝေးကြီးတွေက ဘယ်လို ဖော်ပြသလဲ။

မိမိလူမျိုးကို ယေဟောဝါ သွန်သင်နေ (၉:၃၉)