သင်ခန်းစာ ၆၀

ဆက်တိုးတက်နေပါ

ဆက်တိုးတက်နေပါ
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

သင်ဟာ ဒီကျမ်းစာလေ့လာမှုကနေ ယေဟောဝါအကြောင်း အများကြီး သိလာပြီ။ ဒါကြောင့် ဘုရားကို ပိုချစ်လာပြီး ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံခဲ့တာ ဖြစ်နိုင်တယ်။ မကြာခင် နှစ်ခြင်းခံမယ်လို့ စဉ်းစားထားတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် နှစ်ခြင်းခံပြီးရင် ဆက်ကြိုးစားဖို့ မလိုတော့ဘူးလို့ မဆိုလိုဘူး။ ယေဟောဝါနဲ့ ရင်းနှီးသည်ထက် ရင်းနှီးလာအောင် အမြဲကြိုးစားနေရမယ်။ ဘယ်လိုနည်းနဲ့လဲ။

၁။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ဘာကြောင့် ဆက်ရှိနေရမလဲ။

ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ဆက်ရှိအောင် ကြိုးစားနေရမယ်။ ဘာကြောင့်လဲ။ ယေဟောဝါဆီကနေ “တရွေ့ရွေ့ မျောပါမသွားဖို့” ဖြစ်တယ်။ (ဟီဘရူး ၂:၁) ယေဟောဝါကို သစ္စာရှိရှိ ဆက်ဝတ်ပြုနိုင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ ဟောပြောခြင်းမှာ အလုပ်များနေပါ။ ဘုရားကို ပိုအပြည့်အဝအမှုဆောင်နိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာနိုင်တယ်။ (ဖိလိပ္ပိ ၃:၁၆ ကို ဖတ်ပါ။) ယေဟောဝါအမှုဆောင်တာက အကောင်းဆုံး ဘဝလမ်းစဉ် ဖြစ်တယ်။​—ဆာလံ ၈၄:၁၀

၂။ ဘာတွေ ဆက်လုပ်ရဦးမလဲ။

ဒီကျမ်းစာလေ့လာမှု ပြီးဆုံးသွားပေမဲ့ ခရစ်ယာန်ဘဝလမ်းစဉ်အတိုင်း ဆက်နေထိုင်ရမယ်။ ‘စရိုက်သစ်ကို ဝတ်ဆင်’ ဖို့ လိုတယ်လို့ ကျမ်းစာက ဆိုတယ်။ (ဧဖက် ၄:​၂၃၊ ၂၄) ကျမ်းစာ ဆက်လေ့လာမယ်၊ အစည်းအဝေးတွေ တက်မယ်ဆိုရင် ယေဟောဝါနဲ့ ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း ထပ်သိလာမယ်။ ဘုရားရဲ့ အရည်အသွေးတွေကို အတတ်နိုင်ဆုံး အတုယူဖို့ ကြိုးစားပါ။ ယေဟောဝါ စိတ်ရွှင်လန်းစေဖို့ လိုအပ်သလို ပြုပြင်ပြောင်းလဲသွားပါ။

၃။ ဆက်တိုးတက်နေဖို့ ယေဟောဝါ ဘယ်လို ကူညီမလဲ။

“ဘုရားသခင်ကိုယ်တိုင် ခင်ဗျားတို့ကို အပြည့်အဝ လေ့ကျင့်ပေးလိမ့်မယ်။ . . . ခင်ဗျားတို့ကို မြဲမြံစေပြီး ခွန်အားရှိစေမယ်၊ ကြံ့ကြံ့ခံ ရပ်တည်စေမယ်” လို့ ကျမ်းစာက ဆိုတယ်။ (၁ ပေတရု ၅:၁၀) ကျွန်တော်တို့အားလုံး သွေးဆောင်မှုတွေ ကြုံရကြတယ်။ ဒါပေမဲ့ ယေဟောဝါက သွေးဆောင်မှုကို တွန်းလှန်နိုင်ဖို့ လိုအပ်တဲ့အကူအညီကို ပေးတယ်။ (ဆာလံ ၁၃၉:​၂၃၊ ၂၄) ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုချင်စိတ်သာမက ဝတ်ပြုနိုင်စွမ်းကိုပါ ပေးမယ်လို့ ကတိပြုထားတယ်။​—ဖိလိပ္ပိ ၂:၁၃ ကို ဖတ်ပါ။

ရှာဖွေလေ တွေ့ရှိလေ

ဆက်တိုးတက်ဖို့ ဘာတွေ လုပ်ရမလဲ၊ ယေဟောဝါ ဘယ်လို ကောင်းချီးပေးမလဲဆိုတာ လေ့လာပါ။

၄။ အကောင်းဆုံးမိတ်ဆွေနဲ့ အမြဲ ပြောဆိုဆက်သွယ်ပါ

ဆုတောင်းတာ၊ ကျမ်းစာလေ့လာတာက ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်အောင် သင့်ကို ကူညီပေးခဲ့ပြီ။ ဒါတွေက ယေဟောဝါနဲ့ ပိုရင်းနှီးအောင် ဘယ်လို ကူညီပေးသလဲ။

ဆာလံ ၆၂:၈ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေဟောဝါနဲ့ ပိုရင်းနှီးအောင် သင့်ဆုတောင်းနည်းကို ဘယ်လို တိုးတက်စေနိုင်မလဲ။

ဆာလံ ၁:၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေဟောဝါနဲ့ ပိုရင်းနှီးအောင် ကျမ်းစာကို ဘယ်လို အကျိုးရှိရှိ ဖတ်နိုင်သလဲ။

ကိုယ်ပိုင်လေ့လာမှုကနေ အကျိုးပိုရနိုင်ဖို့ ဘယ်လို လုပ်ရမလဲ။ သိနိုင်ဖို့ ဗီဒီယို ဖွင့်ပါ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဒီဗီဒီယိုထဲက ဘယ်အကြံပြုချက်တွေကို လိုက်နာနိုင်သလဲ။

  • ဘယ်အကြောင်းအရာကို သင် လေ့လာချင်သလဲ။

၅။ ဘုရားရေးရာ ပန်းတိုင်တွေ ထားပါ

ယေဟောဝါရဲ့အမှုတော်မှာ ပန်းတိုင်တွေ ထားတာက ဆက်တိုးတက်စေပါလိမ့်မယ်။ ဗီဒီယို ဖွင့်ပါ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

  • ဒီဗီဒီယိုမှာ ဘုရားရေးရာပန်းတိုင်တွေ ထားတဲ့အတွက် ကင်မရွန် ဘာအကျိုးရသလဲ။

တခြားနိုင်ငံမှာ ဟောပြောဖို့ လူတိုင်း ပြောင်းရွှေ့နိုင်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လက်လှမ်းမီနိုင်တဲ့ ပန်းတိုင်တွေ ထားနိုင်ကြပါတယ်။ ပညာအလိမ္မာ ၂၁:၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် အောက်ပါအချက်တွေကို စဉ်းစားပါ။

  • အသင်းတော်မှာ ဘယ်ပန်းတိုင်တွေ ထားချင်သလဲ။

  • အမှုဆောင်မှာ ဘယ်ပန်းတိုင်တွေ ထားချင်သလဲ။

ပန်းတိုင်တွေ ရောက်နိုင်ဖို့ ဒီကျမ်းပိုဒ်မှာပါတဲ့မူက ဘယ်လို ကူညီပေးနိုင်သလဲ။

ချမှတ်နိုင်တဲ့ ပန်းတိုင်တချို့

  •   ဆုတောင်းနည်း တိုးတက်အောင် လုပ်မယ်။

  •   ကျမ်းစာတစ်အုပ်လုံး ပြီးအောင် ဖတ်မယ်။

  •   အသင်းတော်မှာရှိသူတိုင်းနဲ့ သိကျွမ်းအောင် လုပ်မယ်။

  •   ကျမ်းစာသင်အံမှုတစ်ခု ရှိဖို့ ကြိုးစားမယ်။

  •   အရန်ရှေ့ဆောင်၊ မှန်မှန်ရှေ့ဆောင် လုပ်မယ်။

  •   ညီအစ်ကိုဆိုရင် အသင်းတော် အမှုထမ်းအဖြစ် တက်လှမ်းမယ်။

၆။ ပျော်စရာဘဝ ထာဝရ စံစားကြ

ဆာလံ ၂၂:၂၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ပျော်စရာဘဝကို အခုအချိန်မှာသာမက ထာဝစဉ် စံစားနိုင်ဖို့ ဘာလုပ်ရမလဲ။

အနှစ်ချုပ်

ယေဟောဝါနဲ့ ပိုရင်းနှီးအောင် ကြိုးစားပါ။ ဘုရားရေးရာ ပန်းတိုင်တွေ ထားပါ။ ဒါဆိုရင် ပျော်စရာဘဝကို ထာဝစဉ် စံစားနိုင်ပါလိမ့်မယ်။

ပြန်လည်သုံးသပ်ခြင်း

  • သစ္စာရှိရှိ ဝတ်ပြုနိုင်အောင် ယေဟောဝါ ကူညီမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။

  • ယေဟောဝါနဲ့ ပိုရင်းနှီးအောင် ဘယ်လို လုပ်နိုင်သလဲ။

  • ဘုရားရေးရာ ပန်းတိုင်တွေ ထားတာက ဆက်တိုးတက်ဖို့ ဘယ်လို ကူညီနိုင်သလဲ။

ရေရှည် ပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုသူ ဖြစ်ရင်လည်း ပျော်ရွှင်မှု ပျောက်ဆုံးနိုင်တယ်။ ပျော်ရွှင်မှု ဘယ်လို ပြန်ရသလဲ ကြည့်လိုက်ပါ။

လေ့လာခြင်းနဲ့ တွေးတောဆင်ခြင်ခြင်းကြောင့် ပြန်ပျော်ရွှင်လာ (၅:၂၅)