မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နိဒါန်း

နိဒါန်း

ကြုံနေရတဲ့ အခက်အခဲတွေ ဖြေရှင်းဖို့ ကူညီပေးနိုင်တဲ့ ကျမ်းပိုဒ်တွေ၊ ကျမ်းမှတ်တမ်းတွေကို ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ စာအုပ်မှာ အလွယ်တကူ ရှာနိုင်တယ်။ တခြားသူတွေကို အားပေးတဲ့အခါ၊ ယေဟောဝါ ဘုန်းထင်ရှားစေမယ့် ဆုံးဖြတ်ချက်တွေ သူတို့ ချနိုင်အောင် ကူညီပေးတဲ့အခါ သုံးဖို့ သင့်တော်တဲ့ ကျမ်းပိုဒ်တွေလည်း ရှာနိုင်တယ်။ စိတ်ဝင်စားတဲ့ အကြောင်းအရာ ရွေးလိုက်ပါ။ အကြောင်းအရာတစ်ခုစီမှာ အထောက်အကူပြု မေးခွန်းတွေ၊ ကျမ်းမှတ်တမ်း အကျဉ်းချုပ် ဖော်ပြချက်တွေ ပါတယ်။ (“ ဒီစာအုပ် အသုံးပြုပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။) ကိုယ် လိုအပ်တာနဲ့ ကိုက်တဲ့၊ အကျိုးရှိတဲ့ ကျမ်းစာအခြေပြု အကြံဉာဏ်၊ လမ်းညွှန်မှု၊ နှစ်သိမ့်မှု ရလာမယ်။ တခြားသူတွေ ပြဿနာ ဖြေရှင်းနိုင်အောင် ကူညီပေးဖို့၊ အကြံပေးဖို့၊ အားပေးဖို့ သုံးနိုင်တဲ့ ကျမ်းပိုဒ်တွေလည်း သိလာမယ်။

အကြောင်းအရာတစ်ခုအတွက် သက်ဆိုင်သမျှ ကျမ်းပိုဒ်အားလုံးတော့ ဒီစာအုပ်မှာ ဖော်ပြမထားဘူး။ အသုံးအတည့်ဆုံး ဖြစ်မယ့် ကျမ်းပိုဒ်တွေပဲ ဖော်ပြထားတယ်။ လိုအပ်ရင် တခြားကိရိယာတွေ သုံးပြီး ထပ်ဆင့်ရှာဖွေပါ။ (ပ ၂:၁-၆) ကျမ်းပိုဒ်တစ်ပိုဒ်ရဲ့ အဓိပ္ပာယ်၊ လက်တွေ့ကျင့်နိုင်ပုံကို ထပ်သိချင်ရင် ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန် စာအုပ် “ကျမ်းချက် ရှင်းပြချက်များ” မှာ ရှာပါ။ အဲဒီကျမ်းပိုဒ်နဲ့ပတ်သက်ပြီး ထုတ်ထားသမျှ စာပေတွေ တွေ့ရမယ်။ နောက်ဆုံး နားလည်မှုနဲ့အညီ ဖြစ်စေဖို့ နောက်ဆုံးထုတ် စာပေတွေမှာ ကြည့်ပါ။

ကျမ်းစာမှာ ပါတဲ့ ဉာဏ်ပညာ၊ အသိပညာ၊ သိနားလည်မှုတွေကို ဖော်ထုတ်ဖို့ ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ စာအုပ်က ကူညီပေးပါစေ။ ဒီစာအုပ်ကို အသုံးပြုတဲ့အခါ “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်၊ အစွမ်းထက်တယ်” ဆိုတာ ပိုစိတ်ချလာမယ်။—ဟီ ၄:၁၂