မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြံပေးဆုံးမခြင်း

အကြံပေးဆုံးမခြင်း

အကြံပေးဆုံးမခံရတဲ့အခါ

ကျမ်းစာ အခြေခံတဲ့ အကြံပေးဆုံးမမှုကို ဘာကြောင့် လက်ခံသင့်သလဲ

ဆင်ခြေပေးတာထက် အကြံပေးဆုံးမတာကို နားထောင်တာ ဘာကြောင့် ပိုကောင်းသလဲ

ပ ၁၂:၁၅။ ၂၉:၁

ပ ၁:၂၃-၃၁။ ၁၅:၃၁ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရှ ၁၅:၃၊ ၉-၂၃—ပရောဖက် ရှမွေလ တည့်မတ်ပေးတဲ့အခါ ဘုရင် ရှောလု ဆင်ခြေပေးတယ်။ အကြံပေးဆုံးမတာကို ပစ်ပယ်တယ်။ ဒါကြောင့် ရှောလုကို ယေဟောဝါ ပစ်ပယ်တယ်

    • ၂ရ ၂၅:၁၄-၁၆၊ ၂၇—ဘုရင် အာမဇိ အပြစ်လုပ်တယ်။ ယေဟောဝါရဲ့ ပရောဖက် အကြံပေးဆုံးမတာကို ပစ်ပယ်တယ်။ ဒါကြောင့် ယေဟောဝါရဲ့ မျက်နှာသာ၊ ကာကွယ်မှု ဆုံးရှုံးသွားတယ်

အကြံပေးဆုံးမတဲ့ ကြီးကြပ်မှူးတွေကို ဘာကြောင့် လေးစားရမလဲ

၁သ ၅:၁၂။ ၁တိ ၅:၁၇။ ဟီ ၁၃:၇၊ ၁၇

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၃ယ ၉၊ ၁၀—ခရစ်ယာန် အသင်းတော်မှာ ဦးဆောင်နေသူတွေကို ဒယောတရပ် မလေးမစား လုပ်လို့ သက်ကြီး တမန်တော် ယောဟန် အပြစ်ဆိုတယ်

သက်ကြီးစကား ဘာကြောင့် နားထောင်ရမလဲ

ဝ ၁၉:၃၂။ ပ ၁၆:၃၁

ယဘ ၁၂:၁၂။ ၃၂:၇။ တိ ၂:၃-၅ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရှ ၂၃:၁၆-၁၈—အသက် ၃၀ လောက် ပိုကြီးတဲ့ ယောနသန် အကြံပေးတာကို ဘုရင် ဒါဝိဒ် နားထောင်တဲ့အတွက် အားတက်လာတယ်

    • ၁ဘု ၁၂:၁-၁၇—အသက်ကြီးသူတွေရဲ့ ကျိုးကြောင်းညီညွတ်တဲ့ အကြံပေးချက်ကို ဘုရင် ရောဗောင် ပယ်ပြီး အသက်ငယ်သူတွေရဲ့ အကြံပေးချက်ကို နားထောင်လို့ အဖြစ်ဆိုးတွေ ကြုံရတယ်

သစ္စာရှိ အမျိုးသမီးတွေ၊ လူငယ်တွေ အကြံဉာဏ်ကောင်း ပေးနိုင်တယ်ဆိုတာ ဘယ်လို သိရသလဲ

ယဘ ၃၂:၆၊ ၉၊ ၁၀။ ပ ၃၁:၁၊ ၁၀၊ ၂၆။ ဒေ ၄:၁၃

ဆ ၁၁၉:၁၀၀ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရှ ၂၅:၁၄-၃၅—ဘုရင် ဒါဝိဒ်ကို အဘိဂဲလ ပေးတဲ့ အကြံပေးချက်ကြောင့် လူများစွာ အသက်ချမ်းသာရာ ရသွားကြတယ်။ ဒါဝိဒ် သွေးပြစ်မသင့်တော့ဘူး

    • ၂ရှ ၂၀:၁၅-၂၂—အာဗေလမြို့က ပညာရှိ အမျိုးသမီးရဲ့ အကြံပေးချက်ကြောင့် တစ်မြို့လုံး ဘေးလွတ်သွားတယ်

    • ၂ဘု ၅:၁-၁၄—အနာကြီးရောဂါ ဘယ်လို ပျောက်နိုင်တယ်ဆိုတာ ခွန်အားကြီး စစ်သည်ကို အစ္စရေး မိန်းကလေး ပြောပြတယ်

ယေဟောဝါနဲ့ ကျမ်းစာကို မလေးမြတ်သူတွေ ပေးတဲ့ အကြံဉာဏ်ကို ဘာကြောင့် နားမထောင်သင့်သလဲ

ဆ ၁:၁။ ပ ၄:၁၄

လု ၆:၃၉ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရ ၁၀:၁၃၊ ၁၄—ယေဟောဝါကို မမေးမြန်းဘဲ နတ်ကတော်ကို ဘုရင် ရှောလု တိုင်ပင်မေးမြန်းတယ်။ ဘုရားအပေါ် သစ္စာမရှိလို့ ရှောလု အသက်ဆုံးရှုံးသွားတယ်

    • ၂ရ ၂၂:၂-၅၊—မကောင်းတဲ့ အကြံဉာဏ်တွေ ဘုရင် အာခဇိ နားထောင်မိလို့ အသက်ဆုံးရှုံးသွားတယ်

    • ယဘ ၂၁:၇၊ ၁၄-၁၆—ယေဟောဝါကို မလေးစားသူတွေ တွေးသလို ယောဘ မတွေးဘူး

အကြံပေးဆုံးမတဲ့အခါ

အကြံပေးမဆုံးမခင် နှစ်ဖက်စလုံး ပြောတာကို နားထောင်တာ၊ အကြောင်းစုံ သိအောင် လုပ်တာ ဘာကြောင့် ကောင်းသလဲ

ပ ၁၈:၁၃၊ ၁၇

ပ ၂၅:၈ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရှ ၁:၉-၁၆—သစ္စာရှိ အမျိုးသမီး ဟန္န ဝိုင်မူးနေတယ် အထင်နဲ့ အခြေအနေမှန် မသိဘဲ ပုရောဟိတ်မင်း ဧလိ ပြင်းပြင်းထန်ထန် ဆုံးမတယ်

    • မ ၁၆:၂၁-၂၃—တမန်တော် ပေတရု အကြောင်းစုံ မသိတဲ့အတွက် ယေဟောဝါအလို မဟုတ်ဘဲ စာတန့်အလိုအတိုင်း လုပ်မိသွားနိုင်တဲ့ အကြံမျိုး ယေရှုကို ပေးတယ်

အကြံပေးမဆုံးမခင် လမ်းညွှန်မှု ရဖို့ ယေဟောဝါဆီ ဘာကြောင့် ဆုတောင်းရမလဲ

ဆ ၃၂:၈။ ၇၃:၂၃၊ ၂၄။ ပ ၃:၅၊ ၆

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ထွ ၃:၁၃-၁၈—အစ္စရေးတွေ မေးလာနိုင်တဲ့ မေးခွန်းတွေကို ဘယ်လို ဖြေရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာ ယေဟောဝါကို ပရောဖက် မောရှေ မေးတယ်

    • ၁ဘု ၃:၅-၁၂—လူငယ် ဘုရင် ရှောလမုန် ကိုယ့်ကိုယ်ကိုယ် အားမကိုးဘဲ ယေဟောဝါဆီက ဉာဏ်ပညာ တောင်းတဲ့အတွက် ကောင်းချီး ရတယ်

ဘာကြောင့် ကျမ်းစာကို အခြေခံပြီး အကြံပေးဆုံးမသင့်သလဲ

ဆ ၁၁၉:၂၄၊ ၁၀၅။ ပ ၁၉:၂၁။ ၂တိ ၃:၁၆၊ ၁၇

တရ ၁၇:၁၈-၂၀ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • မ ၄:၁-၁၁—စာတန် သွေးဆောင်တုန်းက ကိုယ့်ဉာဏ်ပညာကို အခြေမခံဘဲ ကျမ်းစာကို အခြေခံပြီး ယေရှု တုံ့ပြန်တယ်

    • ယဟ ၁၂:၄၉၊ ၅၀—မိမိ သွန်သင်သမျှဟာ အဖဘုရား သင်ပေးထားတာကို အခြေခံတယ်လို့ ယေရှု ပြောတယ်။ ကျွန်တော်တို့အတွက် စံနမူနာကောင်းပါပဲ

အကြံပေးဆုံးမတဲ့အခါ နူးညံ့သိမ်မွေ့မှု ရှိဖို့၊ ဖြစ်နိုင်တဲ့အခါ ချီးမွမ်းစရာ တစ်ခုခု ရှာဖို့ ဘာကြောင့် ကြိုးစားသင့်သလဲ

ဂ ၆:၁။ ကော ၃:၁၂

ရှာ ၉:၆။ ၄၂:၁-၃။ မ ၁၁:၂၈၊ ၂၉ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၂ရ ၁၉:၂၊ ၃—ဘုရင် ယောရှဖတ်ကို ပရောဖက်ကတစ်ဆင့် ယေဟောဝါ တည့်မတ်ပေးတယ်။ ဒါပေမဲ့ ကောင်းကွက်ကို ချီးမွမ်းတယ်

    • ဗ ၂:၁-၄၊ ၈၊ ၉၊ ၁၂-၁၄၊ ၁၈-၂၀—အသင်းတော်တွေကို အကြံပေးမဆုံးမခင် ယေရှု ချီးမွမ်းတယ်

ညီအစ်ကို/မတစ်ယောက် လိမ်သွားတယ်၊ နာမည်ဖျက်တယ် ခံစားရလို့ မကျေနပ်ချက်တွေ ကိုယ့်ဆီ တစ်ယောက်ယောက် လာပြောရင် သက်ဆိုင်သူအချင်းချင်းပဲ နှစ်ကိုယ်ကြား ဖြေရှင်းဖို့ အားပေးတာ ဘာကြောင့် အကောင်းဆုံး ဖြစ်သလဲ

မ ၁၈:၁၅-၁၇။ လု ၁၇:၃

ဝ ၁၉:၁၇ ကိုလည်း ကြည့်ပါ

ကရုဏာ ထားဖို့၊ စိတ်ရှည်ဖို့၊ ခွင့်လွှတ်ဖို့ နစ်နာသူ ခရစ်ယာန်ကို ဘယ်လို အားပေးနိုင်သလဲ

မ ၁၈:၂၁၊ ၂၂။ မာ ၁၁:၂၅။ လု ၆:၃၆။ ဧ ၄:၃၂။ ကော ၃:၁၃

မ ၆:၁၄။ ၁က ၆:၁-၈။ ၁ပ ၃:၈၊ ၉ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • မ ၁၈:၂၃-၃၅—ခွင့်လွှတ်ဖို့ ဘာကြောင့် အရေးကြီးကြောင်း ထိရောက်တဲ့ ဥပမာ သုံးပြီး ယေရှု ရှင်းပြတယ်

အကြံပေးဆုံးမတဲ့အခါ အမှန်တရားဘက် ဘာကြောင့် မားမားမတ်မတ် ရပ်တည်ရမလဲ

ဆ ၁၄၁:၅။ ပ ၁၇:၁၀။ ၂က ၇:၈-၁၁

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရှ ၁၅:၂၃-၂၉—ဘုရင် ရှောလုကို ပရောဖက် ရှမွေလ ကြောက်မနေဘဲ အကြံပေးဆုံးမတယ်

    • ၁ဘု ၂၂:၁၉-၂၈—ခြိမ်းခြောက်ခံရ၊ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရပေမဲ့ ဘုရင် အာဟပ်ကို ပေးတဲ့ သတိပေးချက် ပရောဖက် မိက္ခာယ မပြင်ဘူး

အရှိုက်မထိမယ့် နည်းနဲ့ ဘယ်လို အကြံပေးဆုံးမနိုင်သလဲ

ဟီ ၁၂:၁၁-၁၃

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • လု ၂၂:၃၁-၃၄—တမန်တော် ပေတရု အမှားကြီးတွေ လုပ်မိပေမဲ့ တခြားသူတွေကို အားပေးထောက်မနိုင်မယ်ဆိုတာ ယုံတဲ့အကြောင်း ယေရှု ပြောတယ်

    • ဖလ ၂၁—ဘုရားအလိုနဲ့ ကိုက်ညီတဲ့ မိမိအကြံပေးချက်ကို ဖိလေမုန် လိုက်နာမယ်ဆိုတာ ယုံတဲ့အကြောင်း တမန်တော် ပေါလု ပြောတယ်

သောကရောက်နေသူ၊ စိတ်ဓာတ်ကျနေသူကို အကြံပေးဆုံးမတဲ့အခါ ကြင်နာမှု ဘယ်လို ပြနိုင်မလဲ

ကိုယ့်ပန်းတိုင်ဟာ ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ကူညီပေးဖို့ဆိုတာ အမှားလုပ်သူ ခံစားရအောင် ဘယ်လို ပြနိုင်မလဲ

ကိုယ် အကြံပေးဆုံးမသူ အသက် ဘယ်လောက် ရှိရှိ၊ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ သိက္ခာငဲ့ပေးနိုင်မလဲ

ကျမ်းစာ အခြေခံပြီး အကြိမ်ကြိမ် အကြံပေးဆုံးမပေမဲ့ နားမထောင်ရင် အကြီးအကဲတွေ ဘာကြောင့် ပိုပြတ်သားဖို့ လိုသလဲ