မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အားပေးခြင်း

အားပေးခြင်း

ဘုရားကျေးကျွန် အချင်းချင်း အားပေးဖို့ ဘာကြောင့် အရေးကြီးသလဲ

ရှာ ၃၅:၃၊ ၄။ ကော ၃:၁၆။ ၁သ ၅:၁၁။ ဟီ ၃:၁၃

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၂ရ ၃၂:၂-၈—ဘုရားလူမျိုး ခြိမ်းခြောက်ခံရချိန်မှာ ဟေဇကိမင်း အားပေးတယ်

    • ဒံ ၁၀:၂၊ ၈-၁၁၊ ၁၈၊ ၁၉—ကတုန်ကယင် ဖြစ်နေတဲ့ သက်ကြီး ပရောဖက် ဒံယေလကို ကောင်းကင်တမန် အားပေးတယ်

ညီအစ်ကို/မတွေကို အကြီးအကဲတွေ အားပေးဖို့ ယေဟောဝါ ဘာကြောင့် မျှော်လင့်သလဲ

ရှာ ၃၂:၁၊ ၂။ ၁ပ ၅:၁-၃

မ ၁၁:၂၈-၃၀ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • တရ ၃:၂၈။ ၃၁:၇၊ ၈—တာဝန် ဆက်ခံသူ ယောရှုကို ယေဟောဝါ ညွှန်ကြားတဲ့အတိုင်း ပရောဖက် မောရှေ အားပေးတယ်

    • တ ၁၁:၂၂-၂၆။ ၁၄:၂၂—နှိပ်စက်ညှဉ်းပန်းခံရချိန်မှာ အန္တိအုတ်မြို့က ခရစ်ယာန်တွေကို တမန်တော် ပေါလုနဲ့ ဗာနဗ အားပေးတယ်

အားပေးတဲ့အခါ စိတ်ရင်းမှန်နဲ့ ချီးမွမ်းဖို့လည်း ဘာကြောင့် အရေးကြီးသလဲ

ပ ၃၁:၂၈၊ ၂၉။ ၁က ၁၁:၂

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • သူ ၁၁:၃၇-၄၀—ကိုယ်ကျိုးစွန့်ပြီး တဲတော်မှာ သွားအမှုဆောင်တဲ့ တရားသူကြီး ယေဖသရဲ့ သမီးဆီ နှစ်တိုင်း အစ္စရေး အမျိုးသမီးတွေ သွားလည်ပြီး ချီးမွမ်းစကား ပြောကြတယ်

    • ဗ ၂:၁-၄—ဧဖက်အသင်းတော်က ခရစ်ယာန်တွေ တည့်မတ်ခံရဖို့ လိုပေမဲ့ သူတို့ ကောင်းကောင်း လုပ်နေတာတွေကိုလည်း ယေရှု ချီးမွမ်းတယ်

ညီအစ်ကို/မတွေကို ဘယ်လို အားပေးနိုင်မလဲ

ပ ၁၅:၂၃။ ဧ ၄:၂၉။ ဖိ ၁:၁၃၊ ၁၄။ ကော ၄:၆။ ၁သ ၅:၁၄

၂က ၇:၁၃၊ ၁၅၊ ၁၆ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရှ ၂၃:၁၆-၁၈—မိတ်ဆွေ ဒါဝိဒ် ခက်ခဲချိန်မှာ ယောနသန် သွားရှာပြီး အားပေးတယ်

    • ယဟ ၁၆:၃၃—မိမိကိုသာ အတုယူရင် မိမိလိုပဲ လောကကို အောင်နိုင်ကြမယ်ဆိုတာ စိတ်ချစေခြင်းအားဖြင့် တပည့်တွေကို ယေရှု အားပေးတယ်

    • တ ၂၈:၁၄-၁၆—အမှုစစ်ခံဖို့ ရောမကို သွားတဲ့ လမ်းမှာ မိမိကို အားပေးဖို့ သစ္စာရှိ ညီအစ်ကိုတွေ လာတွေ့လို့ တမန်တော် ပေါလု အားတက်လာတယ်

မလေးမစား၊ မကျေမနပ် မလုပ်ဖို့ ဘာကြောင့် အရေးကြီးသလဲ

ဖိ ၂:၁၄-၁၆။ ယု ၁၆-၁၉

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • တလ ၁၁:၁၀-၁၅—လူတွေ ကျေနပ်နိုင်တယ် မရှိလို့၊ စကား နားမထောင်လို့ ပရောဖက် မောရှေ တော်တော် စိတ်ဓာတ်ကျတယ်

    • တလ ၁၃:၃၁၊ ၃၂။ ၁၄:၂-၆—ယုံကြည်ခြင်း မရှိတဲ့ သူလျှိုဆယ်ယောက် အပျက်သဘောဆန်တဲ့ စကားတွေ ပြောလို့ လူတွေ စိတ်ဓာတ်ကျလာတယ်။ ဘုရားကို ပုန်ကန်ကြတယ်

ညီအစ်ကို/မတွေနဲ့ ပေါင်းတာ ဘာကြောင့် အားရှိသလဲ

ပ ၂၇:၁၇။ ရ ၁:၁၁၊ ၁၂။ ဟီ ၁၀:၂၄၊ ၂၅။ ၁၂:၁၂

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၂ရ ၂၀:၁-၁၉—အင်အားကြီး စစ်တပ် ခြိမ်းခြောက်တာ ခံရချိန်မှာ ဘုရင် ယောရှဖတ် ပြည်သူပြည်သားတွေကို စုပြီး အတူတူ ဆုတောင်းတယ်

    • တ ၁၂:၁-၅၊ ၁၂-၁၇—တမန်တော် ယာကုပ် အသတ်ခံရပြီးချိန်၊ တမန်တော် ပေတရု ထောင်ကျနေချိန် ဂျေရုဆလင် အသင်းတော်က ညီအစ်ကို/မတွေ အတူတူ စုပြီး ဆုတောင်းကြတယ်

မျှော်လင့်ချက်ကို အာရုံစိုက်တာက ခက်ခဲချိန်မှာ ရှေ့ဆက်ဖို့ ဘယ်လို အားရှိစေနိုင်သလဲ

တ ၅:၄၀၊ ၄၁။ ရ ၈:၃၅-၃၉။ ၁က ၄:၁၁-၁၃။ ၂က ၄:၁၆-၁၈။ ၁ပ ၁:၆၊ ၇

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၃၉:၁၉-၂၃။ ၄၀:၁-၈—မဟုတ်မမှန် စွပ်စွဲခံရပြီး မတရား ထောင်ချခံရပေမဲ့ ယောသပ် ဆက်သစ္စာရှိတယ်။ တခြားသူတွေကို ကူညီချင်စိတ် ရှိတယ်

    • ၂ဘု ၆:၁၅-၁၇—စစ်တပ်ကြီး ဝိုင်းထားပေမဲ့ ပရောဖက် ဧလိရှဲ မကြောက်ဘူး။ နောက်လိုက် မကြောက်ဖို့လည်း ဆုတောင်းပေးတယ်

ကျမ်းစာက အားပေးနိုင်

ယေဟောဝါ ဘာအာမခံသလဲ

ယေဟောဝါရဲ့ စိတ်ရှည်မှု၊ ကရုဏာအကြောင်း စဉ်းစားတာက ဘယ်လို အားရှိစေနိုင်သလဲ

အားနည်းသူတွေအတွက် ယေဟောဝါ ဘာလုပ်ပေးနိုင်သလဲ

ဆ ၄၆:၁။ ရှာ ၁၂:၂။ ၄၀:၂၉-၃၁။ ဖိ ၄:၁၃

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရှ ၁:၁၀၊ ၁၁၊ ၁၇၊ ၁၈—စိတ်ဆင်းရဲ၊ ခံပြင်းနေတဲ့ ဟန္န ဆုတောင်းတာကို ယေဟောဝါ နားထောင်တယ်။ စိတ်အေးအေး ထားနိုင်အောင် ကူညီပေးတယ်

    • ၁ဘု ၁၉:၁-၁၉—ပရောဖက် ဧလိယ စိတ်ဓာတ်ကျချိန်မှာ စားစရာနဲ့ ရေ ပြင်ဆင်ပေးခြင်းအားဖြင့် ယေဟောဝါ လက်တွေ့ကျကျ ကူညီတယ်။ အနာဂတ် မျှော်လင့်ချက် ပေးခြင်းအားဖြင့် အားပေးနှစ်သိမ့်တယ်

ကျမ်းစာမှာ ပါတဲ့ အနာဂတ် မျှော်လင့်ချက်က ဘယ်လို အားရှိစေနိုင်သလဲ

၂ရ ၁၅:၇။ ဆ ၂၇:၁၃၊ ၁၄။ ဟီ ၆:၁၇-၁၉။ ၁၂:၂

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ယဘ ၁၄:၁၊ ၂၊ ၇-၉၊ ၁၃-၁၅—စိတ်ဓာတ်ကျနေချိန်မှာ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကြောင့် ယောဘ နှစ်သိမ့်မှု ရတယ်

    • ဒံ ၁၂:၁၃—အနာဂတ်မှာ ရမယ့် ဆုကျေးဇူးအကြောင်း ကောင်းကင်တမန် ပြောပြလို့ အသက် ၁၀၀ လောက် ရှိပြီ ဖြစ်တဲ့ ပရောဖက် ဒံယေလ အားရှိသွားတယ်

ဘုရားဆီ ဆုတောင်းတာ၊ ဘုရားအကြောင်း ကိုယ် သိထားတာတွေ စဉ်းစားတာ ဘာကြောင့် အားရှိစေနိုင်သလဲ

ဆ ၁၈:၆။ ၅၆:၄၊ ၁၁။ ဟီ ၁၃:၆

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရှ ၃၀:၁-၉—ပြဿနာ ဝိုင်းနေချိန် ယေဟောဝါဆီ ဘုရင် ဒါဝိဒ် ဆုတောင်းလို့ အားရှိလာတယ်

    • လု ၂၂:၃၉-၄၃—အခက်ခဲဆုံး စမ်းသပ်မှု ကြုံရချိန် ယေရှု ထက်ထက်သန်သန် ဆုတောင်းတယ်။ ကောင်းကင်တမန် စေလွှတ်ပြီး ယေဟောဝါ အားပေးတယ်

ဝမ်းသာစရာ သတင်းတွေ ကြားရတာ၊ တခြားသူတွေကို ပြန်ပြောပြတာ ဘာကြောင့် အားရှိစေနိုင်သလဲ

ပ ၁၅:၃၀။ ၂၅:၂၅။ ရှာ ၅၂:၇

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • တ ၁၅:၂-၄—တမန်တော် ပေါလုနဲ့ ဗာနဗ လာလည်လို့ အသင်းတော်တွေ အင်မတန် အားရှိကြတယ်

    • ၃ယ ၁-၄—မိမိ သတင်းကောင်း ပြောပြခဲ့သူတွေ သစ္စာရှိနေကြတုန်းပဲဆိုတာ သိရလို့ သက်ကြီး တမန်တော် ယောဟန် သိပ်အားရှိတယ်