မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခံနိုင်ရည်

ခံနိုင်ရည်

ဘုရားကျေးကျွန်တွေ ခံနိုင်ရည် ဘာကြောင့် လိုသလဲ

ကျွန်တော်တို့ သတင်းကောင်း ဟောတဲ့အခါ လူတချို့ လျစ်လျူရှုမယ်၊ ဆန့်တောင် ဆန့်ကျင်မယ်ဆိုတာ ဘာကြောင့် မျှော်လင့်ထားသင့်သလဲ

မ ၁၀:၂၂။ ယဟ ၁၅:၁၈၊ ၁၉။ ၂က ၆:၄၊ ၅

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၂ပ ၂:၅။ က ၇:၂၃။ မ ၂၄:၃၇-၃၉—နောဧ “ဖြောင့်မတ်ခြင်းတရား ဟောပြော” တာကို လူတွေ နားမထောင်ကြဘူး။ နောဧနဲ့ မိသားစုပဲ ရေလွှမ်းမိုးဘေးကနေ လွတ်တယ်

    • ၂တိ ၃:၁၀-၁၄—မိမိ ခံနိုင်ရည် ရှိတာကို စံနမူနာ ထားပြီး ခံနိုင်ရည် ရှိဖို့ တိမောသေကို တမန်တော် ပေါလု အားပေးတယ်

မိသားစုဝင်တွေ ဆန့်ကျင်လာမှာကိုတောင် ဘာကြောင့် မျှော်လင့်ထားသင့်သလဲ

မ ၁၀:၂၂၊ ၃၆-၃၈။ လု ၂၁:၁၆-၁၉

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၄:၃-၁၁။ ၁ယ ၃:၁၁၊ ၁၂—ညီအာဗေလကို ကာအိန သတ်လိုက်တယ်။ ကာအိနအကျင့်ဟာ ဆိုးညစ်ပြီး အာဗေလအကျင့်ဟာ ဖြောင့်မတ်လို့ပဲ

    • က ၃၇:၅-၈၊ ၁၈-၂၈—ယောသပ်ကို အစ်ကိုတွေ တွင်းထဲ ပစ်ချပြီး နောက်တော့ ကျွန်အဖြစ် ရောင်းလိုက်ကြတယ်။ အကြောင်းရင်းတစ်ခုကတော့ ယေဟောဝါဆီက အိပ်မက်အကြောင်း သူတို့ကို ယောသပ် ပြောပြလို့ပဲ

နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါ သေရမှာ ဘာကြောင့် ကြောက်ဖို့ မလိုသလဲ

မ ၁၀:၂၈။ ၂တိ ၄:၆၊ ၇

ဗ ၂:၁၀ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဒံ ၃:၁-၆၊ ၁၃-၁၈—သတ်ပစ်မယ်လို့ ဘုရင် ပြောတာတောင် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ ရုပ်တုကို ဝတ်မပြုဘူး

    • တ ၅:၂၇-၂၉၊ ၃၃၊ ၄၀-၄၂—သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံရတာတောင် တမန်တော်တွေ ခံနိုင်ရည် ရှိရှိ ဆက်ဟောကြတယ်

ဆုံးမခံရချိန်မှာတောင် ယေဟောဝါကို ဆက်သစ္စာရှိနိုင်ဖို့ ဘာက ကူညီပေးမလဲ

ပ ၃:၁၁၊ ၁၂။ ဟီ ၁၂:၅-၇

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • တလ ၂၀:၉-၁၂။ တရ ၃:၂၃-၂၈။ ၃၁:၇၊ ၈—ယေဟောဝါ ဆုံးမလို့ ပရောဖက် မောရှေ စိတ်ဓာတ်ကျသွားပေမဲ့ အဆုံးထိ သစ္စာရှိတယ်။ ခံနိုင်ရည် ရှိတယ်

    • ၂ဘု ၂၀:၁၂-၁၈။ ၂ရ ၃၂:၂၄-၂၆—ဟေဇကိမင်း အပြစ် လုပ်လို့ ဆုံးမခံရတယ်။ ဆုံးမတာကို နှိမ့်ချမှုရှိရှိ လက်ခံတယ်။ သစ္စာရှိရှိ ဆက်ခံရပ်တယ်

တခြားသူတွေ ယေဟောဝါအပေါ် သစ္စာမရှိတာက ကျွန်တော်တို့ ခံနိုင်ရည် ရှိဖို့ ဘာကြောင့် အခက်တွေ့စေနိုင်သလဲ

ယေ ၁:၁၆-၁၉။ ဟဗ ၁:၂-၄

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဆ ၇၃:၂-၂၄—လူဆိုးတွေ အပူအပင် ကင်းတာ၊ ကြီးပွားကောင်းစားတာ မြင်တော့ ယေဟောဝါကို ခံနိုင်ရည်ရှိရှိ ဝတ်ပြုအမှုဆောင်တာ အကျိုးရှိရဲ့လားလို့ ဆာလံကျမ်းရေးသူ တွေးလာတယ်

    • ယဟ ၆:၆၀-၆၂၊ ၆၆-၆၈—ယေရှုကို တော်တော်များများ စွန့်သွားကြပေမဲ့ တမန်တော် ပေတရု ယုံကြည်ခြင်း ရှိလို့ ယေရှုနောက် ခံနိုင်ရည်ရှိရှိ ဆက်လိုက်တယ်

ခံနိုင်ရည် ရှိဖို့ ဘာက ကူညီပေးမလဲ

ယေဟောဝါကို တွယ်ကပ်နေခြင်း

ကျမ်းစာ လေ့လာတွေးတောခြင်း

ယေဟောဝါဆီ မကြာခဏ ရင်ဖွင့်ဆုတောင်းခြင်း

ရ ၁၂:၁၂။ ကော ၄:၂။ ၁ပ ၄:၇

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဒံ ၆:၄-၁၁—သတ်ချင်လို့ အကွက်ဆင်ထားမှန်း သိတာတောင် ပရောဖက် ဒံယေလ ခါတိုင်းလိုပဲ လူမြင်သူမြင် ဆက်ဆုတောင်းတယ်

    • မ ၂၆:၃၆-၄၆။ ဟီ ၅:၇—မြေကြီး အသက်တာ နောက်ဆုံးညမှာ ယေရှု ထက်ထက်သန်သန် ဆုတောင်းတယ်။ တမန်တော်တွေကိုလည်း ဆုတောင်းဖို့ တိုက်တွန်းတယ်

ယုံကြည်သူချင်းတွေနဲ့ အတူတကွ မှန်မှန် စည်းဝေးဝတ်ပြုခြင်း

အနာဂတ် ကောင်းချီးတွေကို စဉ်းစားခြင်း

ယေဟောဝါကို၊ ညီအစ်ကို/မတွေကို၊ ဖြောင့်မတ်ခြင်းကို ချစ်တဲ့ မေတ္တာ တိုးများစေခြင်း

ယုံကြည်ခြင်း ခိုင်ခံ့နေစေခြင်း

ဘုရားကို နာခံလို့ ဒုက္ခကြုံရတာကို ဘုရား ဘယ်လို သဘောထားသလဲ သတိရခြင်း

သစ္စာရှိရှိ ခံရပ်ခြင်းရဲ့ အကျိုးကျေးဇူးတချို့က ဘာလဲ

ယေဟောဝါ ဘုန်းထင်ရှားတယ်

ပ ၂၇:၁၁။ ယဟ ၁၅:၇၊ ၈။ ၁ပ ၁:၆၊ ၇

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ယဘ ၁:၆-၁၂။ ၂:၃-၅—ယေဟောဝါ ကောင်းချီးပေးလို့၊ ကာကွယ်လို့ လူတွေ ဝတ်ပြုနေတာဆိုပြီး စာတန် စွပ်စွဲတယ်။ စာတန် မှားတယ်ဆိုတာ သက်သေထူနိုင်ဖို့ဆိုရင် ယောဘ သစ္စာရှိရှိ ခံရပ်မှ ရမယ်

    • ရ ၅:၁၉။ ၁ပ ၁:၂၀၊ ၂၁—ဘုရားအပေါ် သစ္စာမရှိတဲ့ အာဒံနဲ့ မတူဘဲ ယေရှု အဆုံးထိ သစ္စာရှိရှိ ခံရပ်တယ်။ အခက်ခဲဆုံး စမ်းသပ်မှု ကြုံရချိန်မှာ စုံလင်သူတစ်ယောက် ဘုရားကို သစ္စာစောင့်နိုင်သလားဆိုတဲ့ အရေးကြီး မေးခွန်းကို အဖြေ ထွက်စေခဲ့တယ်

တခြားသူတွေ ခံနိုင်ရည် ရှိဖို့ အားပေးမှု ဖြစ်စေတယ်

အမှုဆောင်လုပ်ငန်းမှာ ရလဒ်ကောင်းတွေ ရစေတယ်

ဘုရားမျက်နှာသာ၊ ဆုကျေးဇူး ရစေတယ်