မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစု

မိသားစု

မိသားစုကို ယေဟောဝါ အစပြု

မိဘ

မိဘ” ကို ကြည့်ပါ

ဖခင်

ဖခင်” ကို ကြည့်ပါ

မိခင်

မိခင်” ကို ကြည့်ပါ

ခင်ပွန်း၊ ဇနီး

အိမ်ထောင်” ကို ကြည့်ပါ

သားသမီး

မိသားစုမှာ သားသမီး တာဝန်က ဘာလဲ

ဝ ၁၉:၃။ ပ ၁:၈။ ၆:၂၀။ ဧ ၆:၁

ပ ၄:၁ ကိုလည်း ကြည့်ပါ

မိဘစကား ဘာကြောင့် နားထောင်သင့်သလဲ

ဧ ၆:၁-၃။ ကော ၃:၂၀

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဆ ၇၈:၁-၈—ဘိုးဘေးတွေရဲ့ လုပ်ရပ်အကြောင်း သားသမီးတွေကို အစ္စရေးတွေ လက်ဆင့်ကမ်း ပြောပြကြတယ်။ ဘုရားကို သားမြေးတွေ ယုံကြည်အားထားလာဖို့၊ မပုန်ကန်ဖို့ ဖြစ်တယ်

    • လု ၂:၅၁၊ ၅၂—ယေရှု စုံလင်ပေမဲ့ မစုံလင်သူ မိဘလက်အောက် ရှိစဉ်တစ်လျှောက် စကားနားထောင်တယ်

မိဘကို သားသမီးတွေ လေးစားဖို့ ဘာကြောင့် ခက်နိုင်သလဲ

မိဘစကား နားမထောင်တဲ့ သားသမီးတွေကို ဘုရား ဘယ်လို သဘောထားသလဲ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • တရ ၂၁:၁၈-၂၁—ခေါင်းမာပြီး ကလန်ကဆန် လုပ်တတ်တဲ့၊ ဆုံးမပေမဲ့ နားမထောင်တဲ့၊ သောက်ကြူးတဲ့ သားဟာ သေဒဏ် ခံထိုက်တယ်လို့ မောရှေပညတ်မှာ ဖော်ပြတယ်

    • ၂ဘု ၂:၂၃၊ ၂၄—ဘုရားရဲ့ ကိုယ်စားလှယ် ပရောဖက် ဧလိရှဲကို လှောင်ပြောင်တဲ့ လူငယ်တချို့ ဝက်ဝံမ နှစ်ကောင် ကိုက်သတ်တာ ခံလိုက်ရတယ်

သားသမီး ပြုစုပျိုးထောင်ရတဲ့ အခွင့်ထူးကို မိဘတွေ ဘယ်လို သဘောထားသင့်သလဲ

ဆ ၁၂၇:၃။ ၁၂၈:၃

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဝ ၂၆:၉—သားသမီး ထွန်းကားတာကို ယေဟောဝါရဲ့ ကောင်းချီးလို့ အစ္စရေးတွေ သဘောထားကြတယ်

    • ယဘ ၄၂:၁၂၊ ၁၃—ပြောစမှတ်ပြုရလောက်အောင် ယောဘ သမာဓိ စောင့်ထိန်းလို့ နောက်ထပ် သားသမီးဆယ်ယောက် ထွန်းကားစေခြင်းအားဖြင့် ယေဟောဝါ ကောင်းချီး ပေးတယ်

မောင်နှမအချင်းချင်း ယေဟောဝါ ဘယ်လို ဆက်ဆံစေချင်သလဲ

ဆ ၃၄:၁၄။ ပ ၁၅:၂၃။ ၁၉:၁၁

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၂၇:၄၁။ ၃၃:၁-၁၁—အစ်ကို ဧသောကို လေးစားကြောင်း ပြဖို့၊ သင့်မြတ်ဖို့ ယာကုပ် အစွမ်းကုန် ကြိုးစားလို့ ဧသော စိတ်ပျော့သွားတယ်

မိဘဘိုးဘွားတွေနဲ့ပတ်သက်ပြီး အရွယ်ရောက် သားသမီးတွေ ဘာတာဝန် ရှိသလဲ

ပ ၂၃:၂၂။ ၁တိ ၅:၄

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၁၁:၃၁၊ ၃၂—ဥရမြို့ကနေ ပြောင်းလာတော့ ဖခင် တေရကို အာဗြဟံ ခေါ်လာပြီး သေတဲ့အထိ ပြုစုတယ်

    • မ ၁၅:၃-၆—အရွယ်ရောက် သားသမီးတွေ မိဘကို ထောက်ပံ့သင့်တယ်ဆိုတာ မောရှေပညတ် သုံးပြီး ယေရှု ရှင်းပြတယ်

ယောက္ခမ

ယောက္ခမ” ကို ကြည့်ပါ

အဘိုးအဘွား

အဘိုးအဘွား” ကို ကြည့်ပါ