မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခွင့်လွှတ်ခြင်း

ခွင့်လွှတ်ခြင်း

ယေဟောဝါ ခွင့်လွှတ်တတ်သလား

ဆ ၈၆:၅။ ဒံ ၉:၉။ မိ ၇:၁၈

၂ပ ၃:၉ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဆ ၇၈:၄၀၊ ၄၁။ ၁၀၆:၃၆-၄၆—မိမိလူမျိုး ပုန်ကန်လို့၊ အပြစ်လုပ်လို့ ခဏခဏ စိတ်ထိခိုက်ရပေမဲ့ ယေဟောဝါ အကြိမ်ကြိမ် ခွင့်လွှတ်တယ်

    • လု ၁၅:၁၁-၃၂—ဆိုးပေမဲ့ နောင်တရတဲ့ သားကို ခွင့်လွှတ်ပေးတဲ့ ဖခင်အကြောင်း ဥပမာ ပေးပြီး ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ယေရှု ပုံဖော်တယ်

ဘာကို အခြေခံပြီး ယေဟောဝါ ခွင့်လွှတ်သလဲ

ယဟ ၁:၂၉။ ဧ ၁:၇။ ၁ယ ၂:၁၊ ၂

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဟီ ၉:၂၂-၂၈—ခရစ်တော်ရဲ့ သွေးကြောင့်သာ အပြစ်တွေ ခွင့်လွှတ်ခံရကြောင်း တမန်တော် ပေါလု ရှင်းပြတယ်

    • ဗ ၇:၉၊ ၁၀၊ ၁၄၊ ၁၅—ယေရှုရဲ့ ပူဇော်သက္ကာကို ယုံကြည်တဲ့အတွက် “လူအုပ်ကြီး” ရဲ့ အပြစ်တွေ ဘုရား ခွင့်လွှတ်လိုက်တာ ဖြစ်ကြောင်း တမန်တော် ယောဟန် ပြောတယ်

ကိုယ့်အပြစ်တွေ ယေဟောဝါ ခွင့်လွှတ်တာ ခံချင်ရင် တခြားသူတွေ ကိုယ့်အပေါ် အမှားလုပ်တဲ့အခါ ဘာလုပ်ရမလဲ

မ ၆:၁၄၊ ၁၅။ မာ ၁၁:၂၅။ လု ၁၇:၃၊ ၄။ ယာ ၂:၁၃

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ယဘ ၄၂:၇-၁၀—ရောဂါပျောက်အောင် ယောဘကို ကုမပေးခင်၊ ကောင်းချီးတွေ မပေးခင် မိတ်ဆွေ အတုအယောင် သုံးယောက်အတွက် ဆုတောင်းပေးဖို့ ယေဟောဝါ တောင်းဆိုတယ်

    • မ ၁၈:၂၁-၃၅—ကိုယ့်အပြစ်တွေ ယေဟောဝါ ခွင့်လွှတ်တာ ခံချင်ရင် တခြားသူတွေကို ခွင့်လွှတ်ဖို့ အရေးကြီးကြောင်း ယေရှု ဥပမာနဲ့ ရှင်းရှင်းလင်းလင်း ပြောပြတယ်

အပြစ် ဝန်ခံဖို့၊ နောင်တရဖို့ ဘယ်လောက် အရေးကြီးသလဲ

တ ၃:၁၉။ ၂၆:၂၀။ ၁ယ ၁:၈-၁၀

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဆ ၃၂:၁-၅။ ၅၁:၁၊ ၂၊ ၁၆၊ ၁၇—ကြီးလေးတဲ့ အမှားတွေ လုပ်မိလို့ ဘုရင် ဒါဝိဒ် စိတ်ကျိုးပဲ့ကြေမွတယ်။ တကယ် နောင်တရတယ်

    • ယာ ၅:၁၄-၁၆—ကြီးလေးတဲ့ အမှား လုပ်မိရင် အကြီးအကဲတွေကို ပြောပြသင့်တယ်လို့ ယာကုပ် ပြောတယ်

ကိုယ့်အပြစ်တွေ ယေဟောဝါ ခွင့်လွှတ်တာ ခံချင်ရင် ဘာအပြောင်းအလဲတွေ လုပ်ရမလဲ

ပ ၂၈:၁၃။ ရှာ ၅၅:၇။ ဧ ၄:၂၈

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ဘု ၂၁:၂၇-၂၉။ ၂ရ ၁၈:၁၈-၂၂၊ ၃၃၊ ၃၄။ ၁၉:၁၊ ၂—ယေဟောဝါ ဒဏ်ခတ်မယ်ဆိုတာ ကြားတော့ အာဟပ်မင်း နှိမ့်ချသွားတယ်။ ယေဟောဝါ တော်တော်လေး သက်ညှာလိုက်တယ်။ ဒါပေမဲ့ တကယ် နောင်တရတဲ့ အရိပ်အယောင် မပြလို့ ဆိုးညစ်သူလို့ ယေဟောဝါ မြင်တယ်။ သေဒဏ်ပေးတယ်

    • ၂ရ ၃၃:၁-၁၆—မနာရှေမင်းဟာ သိပ်ဆိုးတယ်။ ဒါပေမဲ့ နောင်တရတဲ့အတွက် ယေဟောဝါ ခွင့်လွှတ်တယ်။ ရုပ်တုတွေ ဖယ်ရှားခြင်း၊ စင်ကြယ်တဲ့ ဝတ်ပြုရေး ထွန်းကားအောင် လုပ်ခြင်းအားဖြင့် တကယ် ပြောင်းလဲသွားပြီဆိုတာ ပြတယ်

နောင်တရတဲ့ အပြစ်ကျူးလွန်သူကို ယေဟောဝါ ဘယ်အတိုင်းအတာအထိ ခွင့်လွှတ်သလဲ

ဆ ၁၀၃:၁၀-၁၄။ ရှာ ၁:၁၈။ ၃၈:၁၇။ ယေ ၃၁:၃၄။ မိ ၇:၁၉

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၂ရှ ၁၂:၁၃။ ၂၄:၁။ ၁ဘု ၉:၄၊ ၅—ဒါဝိဒ် ကြီးလေးတဲ့ အပြစ်တွေ လုပ်ပေမဲ့ နောင်တရတဲ့အတွက် ယေဟောဝါ ခွင့်လွှတ်တယ်။ တည်ကြည်သူအဖြစ် နောက်ပိုင်းမှာ ဖော်ပြတယ်

ခွင့်လွှတ်ဖို့ အသင့်ရှိတဲ့ ယေဟောဝါကို ယေရှု ဘယ်လို အပြည့်အဝ အတုယူသလဲ

ဆ ၈၆:၅။ လု ၂၃:၃၃၊ ၃၄

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • မ ၂၆:၃၆၊ ၄၀၊ ၄၁—ယေရှု ထောက်မမှု အလိုအပ်ဆုံးအချိန်မှာ အရင်းနှီးဆုံး နောက်လိုက်တွေ အိပ်ပျော်နေကြတယ်။ ဒါပေမဲ့ သူတို့ ပင်ပန်းတာကို ယေရှု နားလည်ပေးတယ်

    • မ ၂၆:၆၉-၇၅။ လု ၂၄:၃၃၊ ၃၄။ တ ၂:၃၇-၄၁—ယေရှုကို မသိဘူးလို့ ပေတရု သုံးကြိမ် ငြင်းတယ်။ ဒါပေမဲ့ နောင်တရတဲ့အတွက် ယေရှု ခွင့်လွှတ်တယ်။ ရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်ထင်ပြတယ်။ နောက်ပိုင်း၊ အသင်းတော်မှာ အခွင့်ထူးတွေ ပေးတယ်

လူတိုင်းကို ယေဟောဝါ ခွင့်လွှတ်တာ မဟုတ်ကြောင်း ဘယ်လို သိရသလဲ

မ ၁၂:၃၁။ ဟီ ၁၀:၂၆၊ ၂၇။ ၁ယ ၅:၁၆၊ ၁၇

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • မ ၂၃:၂၉-၃၃—ကျမ်းတတ်တွေ၊ ဖာရိရှဲတွေ ဂေဟင်နာမှာ ပြစ်ဒဏ်စီရင်ခံရမယ်၊ ထာဝရ ဖျက်ဆီးခံရမယ်လို့ ယေရှု သတိပေးတယ်

    • ယဟ ၁၇:၁၂။ မာ ၁၄:၂၁—ယုဒရှကာရုတ်ကို “ပျက်စီးခြင်းရဲ့ သား” လို့ ယေရှု ခေါ်တယ်။ ဒီလို သစ္စာဖောက် မွေးမလာခဲ့ရင် ပိုကောင်းမယ်လို့ ပြောတယ်

ခွင့်လွှတ်တတ်ဖို့ ဘာက ကူညီပေးနိုင်သလဲ