မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝမ်းနည်းပူဆွေးခြင်း

ဝမ်းနည်းပူဆွေးခြင်း

ဆုံးပါးသွားသူအတွက် ဝမ်းနည်းပူဆွေးတာ သဘာဝ ဖြစ်ကြောင်း ဘယ်ကျမ်းစာ အဖြစ်အပျက်တွေက ဖော်ပြသလဲ

ဝမ်းနည်းပူဆွေးသူတွေကို ယေဟောဝါ နှစ်သိမ့်ပေးချင်ကြောင်း ဘယ်လို သိရသလဲ

လူသေတွေရဲ့ အခြေအနေမှန်ကို သိထားတာက ဘယ်လိုနည်းနဲ့ နှစ်သိမ့်မှု ရစေသလဲ

ဒေ ၉:၅၊ ၁၀။ ၁သ ၄:၁၃

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • လု ၂၀:၃၇၊ ၃၈—လူသေတွေကို ရှင်ပြန်ထမြောက်ပေးဖို့ဆိုတာ ယေဟောဝါအတွက် သေချာလွန်းလို့ ဘုရားအမြင်မှာ သူတို့အားလုံး အသက်ရှင်နေသလိုပဲလို့ ယေရှု ရှင်းပြတယ်

    • ယဟ ၁၁:၅၊ ၆၊ ၁၁-၁၄—ချစ်ရတဲ့ မိတ်ဆွေ လာဇရု ဆုံးသွားတာကို အိပ်ပျော်နေတာနဲ့ ယေရှု ခိုင်းနှိုင်းတယ်

    • ဟီ ၂:၁၄၊ ၁၅—သေရမှာ ကြောက်စရာ မလိုကြောင်း တမန်တော် ပေါလု ရှင်းပြတယ်

လူတစ်ယောက် ဘယ်လိုနည်းနဲ့ မွေးဖွားချိန်မှာထက် သေဆုံးချိန်မှာ ယေဟောဝါအတွက် ပိုတန်ဖိုးရှိနိုင်သလဲ

သေခြင်းကို ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ။ သေခြင်းနဲ့ပတ်သက်ပြီး ယေဟောဝါ ဘာလုပ်ပေးတော့မလဲ

ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီး ဘာကြောင့် စိတ်ချနိုင်သလဲ

ရှာ ၂၆:၁၉။ ယဟ ၅:၂၈၊ ၂၉။ တ ၂၄:၁၅

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်း ကိုးခု ကျမ်းစာမှာ ဖော်ပြထားတယ်။ ရှစ်ယောက် မြေကြီးပေါ် ထမြောက်ပြီး ယေရှုကတော့ ကောင်းကင်ကို ထမြောက်တယ်။ ချစ်မြတ်နိုးရသူ ဆုံးရှုံးလို့ ဝမ်းနည်းပူဆွေးနေသူတွေအတွက် မှတ်တမ်းတစ်ခုစီက နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် ပေးတယ်

      • ၁ဘု ၁၇:၁၇-၂၄—ဆိုင်ဒုန်ပြည်၊ ဇရတ္တမြို့က မုဆိုးမရဲ့ သားလေးကို ပရောဖက် ဧလိယ ရှင်ပြန်ထမြောက်ပေးတယ်

      • ၂ဘု ၄:၃၂-၃၇—ရှုနင်မြို့က ယောက်ျားလေးတစ်ယောက်ကို ပရောဖက် ဧလိရှဲ ရှင်ပြန်ထမြောက်ပေးပြီး မိဘတွေဆီ အပ်လိုက်တယ်

      • ၂ဘု ၁၃:၂၀၊ ၂၁—လူတစ်ယောက် အလောင်း ပရောဖက် ဧလိရှဲအရိုးတွေနဲ့ ထိတဲ့အခါ အဲဒီလူ အသက်ပြန်ရှင်လာတယ်

      • လု ၇:၁၁-၁၅—နာအိနမြို့က မုဆိုးမရဲ့ သားကို သင်္ဂြိုဟ်ဖို့ လိုက်လာတဲ့ လူအုပ်နဲ့ ယေရှု ဆုံတယ်။ မုဆိုးမရဲ့ သားကို ယေရှု ရှင်ပြန်ထမြောက်ပေးတယ်

      • လု ၈:၄၁၊ ၄၂၊ ၄၉-၅၆—တရားဇရပ်မှူး ယာအိရုရဲ့ သမီးလေးကို ယေရှု ရှင်ပြန်ထမြောက်ပေးတယ်

      • ယဟ ၁၁:၃၈-၄၄—မိတ်ဆွေရင်း လာဇရုကို ယေရှု ရှင်ပြန်ထမြောက်ပေးတယ်။ အစ်မ မာရိ၊ မာသတို့နဲ့ ပြန်ပေါင်းစည်းပေးတယ်

      • တ ၉:၃၆-၄၂—ကြင်နာပြီး ရက်ရောသူလို့ လူသိများတဲ့ ဒေါ်ကာကို တမန်တော် ပေတရု ရှင်ပြန်ထမြောက်ပေးတယ်

      • တ ၂၀:၇-၁၂—ပြတင်းပေါက်ကနေ ပြုတ်ကျပြီး ဆုံးသွားတဲ့ လူငယ်လေး ဥတုခုကို တမန်တော် ပေါလု ရှင်ပြန်ထမြောက်ပေးတယ်

    • ကောင်းကင်မှာ မသေနိုင်တဲ့ အသက်တာနဲ့ ယေရှုကို ယေဟောဝါ ရှင်ပြန်ထမြောက်ပေးတယ်။ ဒါကြောင့် အနာဂတ် ကတိအားလုံး ပြည့်စုံလာမယ်ဆိုတာ သေချာတယ်

    • ကောင်းကင်မှာ မသေနိုင်တဲ့ အသက်တာနဲ့ ရှင်ပြန်ထမြောက်တာ ယေရှု ဦးဆုံးပါ။ ဘိသိက်ခံ နောက်လိုက် ၁၄၄,၀၀၀ လည်း အလားတူ ရှင်ပြန်ထမြောက်ကြမယ်

ချစ်မြတ်နိုးရသူ ဆုံးသွားလို့ ဝမ်းနည်းပူဆွေးနေသူတွေကို ဘယ်လို နှစ်သိမ့်ပေးနိုင်မလဲ