မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်နှလုံး

စိတ်နှလုံး

ကျမ်းစာမှာ “စိတ်နှလုံး” လို့ ပြောတဲ့အခါ အတွေး၊ အကြံအစည်၊ အရည်အသွေး၊ ခံစားချက် ပါတယ်ဆိုတာ ဘယ်လို သိရသလဲ

ဆ ၄၉:၃။ ပ ၁၆:၉။ လု ၅:၂၂။ တ ၂:၂၆

တရ ၁၅:၇။ ဆ ၁၉:၈ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • လု ၉:၄၆-၄၈—တမန်တော်တွေရဲ့ စိတ်ထဲမှာ အပြိုင်အဆိုင် သဘောထား ရှိနေတာ သိလို့ ယေရှု ဆုံးမတယ်

စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ

၁ရ ၂၈:၉။ ပ ၄:၂၃။ ယေ ၁၇:၉

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၆:၅-၇—လူတွေ စိတ်အကြံအစည် ဆိုးညစ်လို့ အကြမ်းဖက်ကြတယ်။ ဒါကြောင့် ကမ္ဘာတစ်ခုလုံးကို ဘုရား ရေလွှမ်းမိုးစေတယ်

    • ၁ဘု ၁၁:၁-၁၀—စိတ်နှလုံးကို ဘုရင် ရှောလမုန် မကာကွယ်ဘူး။ တိုင်းတစ်ပါး မိဖုရားတွေ ယူတယ်။ အဲဒီမိဖုရားတွေက ယေဟောဝါဆီကနေ ရှောလမုန် စိတ်ယိုင်သွားအောင် လုပ်ကြတယ်

    • မာ ၇:၁၈-၂၃—ဘုရားအမြင်မှာ လူတစ်ယောက်ကို ညစ်ညူးသွားစေတဲ့အရာတွေဟာ စိတ်နှလုံးထဲက ထွက်လာတာလို့ ယေရှု ပြောတယ်

စိတ်နှလုံးကို ဘယ်လို ကာကွယ်စောင့်ရှောက်နိုင်သလဲ

ဆ ၁၉:၁၄။ ပ ၃:၃-၆။ လု ၂၁:၃၄။ ဖိ ၄:၈

ဧဇ ၇:၈-၁၀။ ဆ ၁၁၉:၁၁ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဧ ၆:၁၄-၁၈။ ၁သ ၅:၈—ရင်အုပ်တန်ဆာက နှလုံးကို ကာကွယ်ပေးသလို ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ မေတ္တာက စိတ်နှလုံးကို ကာကွယ်ပေးနိုင်တယ်လို့ တမန်တော် ပေါလု ရှင်းပြတယ်

စိတ်နှလုံးမှာ ပြဿနာ ရှိနေမနေ ဘယ်လို သိနိုင်သလဲ

ပ ၂၁:၂-၄။ ဟီ ၃:၁၂

ပ ၆:၁၂-၁၄ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၂ရ ၂၅:၁၊ ၂၊ ၁၇-၂၇—ယေဟောဝါရှေ့မှာ မှန်ရာကို အာမဇိ လုပ်ပေမဲ့ စိတ်နှလုံး အကြွင်းမဲ့ မလုပ်ဘူး။ ဘဝင်မြင့်လာတယ်။ သစ္စာမရှိတော့ဘူး။ ဒါကြောင့် ဆိုးကျိုးတွေ ခံစားရတယ်

    • မ ၇:၁၇-၂၀—မကောင်းတဲ့ အပင်က မကောင်းတဲ့ အသီး သီးသလိုပဲ စိတ်နှလုံး ဆိုးညစ်ရင် ဆိုးညစ်တာတွေ လုပ်တယ်လို့ ယေရှု ပြောတယ်

စိတ်နှလုံးထဲ ကောင်းတာတွေ ပြည့်နေအောင် ဘာကြောင့် လုပ်သင့်သလဲ။ ဘယ်လို လုပ်နိုင်သလဲ

ပ ၁၀:၈။ ၁၅:၂၈။ လု ၆:၄၅

ဆ ၁၁၉:၉၇၊ ၁၀၄။ ရ ၁၂:၉-၁၆။ ၁တိ ၁:၅ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၂ဘု ၂၀:၁-၆—ရှေ့တော်မှာ စိတ်နှလုံး အကြွင်းမဲ့ သစ္စာရှိရှိ လျှောက်လှမ်းခဲ့တာ၊ ကောင်းတာတွေ လုပ်ခဲ့တာ သတိရပေးပါဆိုပြီး ဟေဇကိမင်း သေလုမြောပါး ဖျားနေချိန်မှာ ယေဟောဝါဆီ အသနားခံတယ်

    • မ ၂၁:၂၈-၃၂—ဘာလုပ်မယ်ဆိုပြီး ပြောတာထက် ဘာလုပ်တယ်ဆိုတာက လူတစ်ယောက်ရဲ့ စိတ်နှလုံးကို ဖော်ပြကြောင်း ဥပမာနဲ့ ယေရှု ရှင်းပြတယ်

ကိုယ့်စိတ်နှလုံးကို ယေဟောဝါ စစ်ဆေးတယ်ဆိုတာ သိရတာ ဘာကြောင့် အားရှိစရာ ကောင်းသလဲ

၁ရ ၂၈:၉။ ယေ ၁၇:၁၀

၁ရှ ၂:၃ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရှ ၁၆:၁-၁၃—အပြင်ပန်းကို မဟုတ်ဘဲ နှလုံးသားကို ယေဟောဝါ ကြည့်တယ်ဆိုတာ ပရောဖက် ရှမွေလ သိလာရတယ်

    • ၂ရ ၆:၂၈-၃၁—လူ့စိတ်နှလုံးကို ယေဟောဝါ သိတယ်၊ စိတ်နှလုံးကို ကြည့်ပြီး ဆုချတယ်ဆိုတာ ဗိမာန်တော် ဆက်ကပ်အပ်နှံတုန်းက ဘုရင် ရှောလမုန် ဆုတောင်းတာကနေ သိရတယ်