မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှိမ့်ချမှု

နှိမ့်ချမှု

နှိမ့်ချသူ၊ မောက်မာသူကို ယေဟောဝါ ဘယ်လို မြင်သလဲ

ဆ ၁၃၈:၆။ ပ ၁၅:၂၅။ ၁၆:၁၈၊ ၁၉။ ၂၂:၄။ ၁ပ ၅:၅

ပ ၂၉:၂၃။ ရှာ ၂:၁၁၊ ၁၂ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၂ရ ၂၆:၃-၅၊ ၁၆-၂၁—ဩဇိမင်း မောက်မာလာတယ်။ ဘုရားပညတ် ချိုးဖောက်တယ်။ ဆုံးမခံရချိန်မှာ အကြီးအကျယ် ဒေါသထွက်တယ်။ ယေဟောဝါ ဒဏ်ခတ်တဲ့အတွက် အနာကြီးရောဂါ စွဲသွားတယ်

    • လု ၁၈:၉-၁၄—မောက်မာသူနဲ့ နှိမ့်ချသူရဲ့ ဆုတောင်းစကားကို ယေဟောဝါ ဘယ်လို သဘောထားသလဲဆိုတာ ဥပမာ သုံးပြီး ယေရှု ရှင်းပြတယ်

စိတ်ရင်းမှန်နဲ့ နောင်တရပြီး နှိမ့်ချမှုရှိရှိ ဆုတောင်းတာကို ယေဟောဝါ ဘယ်လို တုံ့ပြန်သလဲ

၂ရ ၇:၁၃၊ ၁၄။ ဆ ၅၁:၂-၄၊ ၁၇

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၂ရ ၁၂:၅-၇—ရောဗောင်မင်းနဲ့ ယုဒမှူးမတ်တွေ စိတ်နှိမ့်ချလိုက်တဲ့အတွက် ယေဟောဝါ မဖျက်ဆီးတော့ဘူး

    • ၂ရ ၃၂:၂၄-၂၆—ဟေဇကိမင်း မောက်မာလာတယ်။ ဒါပေမဲ့ စိတ်နှိမ့်ချလာတဲ့အတွက် ယေဟောဝါ ခွင့်လွှတ်ပေးတယ်

နှိမ့်ချမှု ရှိတာက တခြားသူတွေနဲ့ ဆက်ဆံရေး ကောင်းဖို့ ဘယ်လို ကူညီပေးသလဲ

ဧ ၄:၁၊ ၂။ ဖိ ၂:၃။ ကော ၃:၁၂၊ ၁၃

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၃၃:၃၊ ၄—ကိုယ့်ကို ရန်လိုတဲ့ အစ်ကို ဧသောနဲ့ တွေ့တော့ ယာကုပ် အကြီးအကျယ် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး နှုတ်ဆက်တယ်။ ဒါကြောင့် သင့်မြတ်သွားကြတယ်

    • သူ ၈:၁-၃—ဧဖရိမ် အမျိုးသားတွေ မိမိထက် သာတယ်လို့ တရားသူကြီး ဂိဒေါင် နှိမ့်ချမှုရှိရှိ ပြောလို့ စိတ်ပြေသွားကြတယ်။ ရန် မလုပ်တော့ဘူး

နှိမ့်ချဖို့ အရေးကြီးကြောင်း ယေရှု ဘယ်လို သင်ပေးသလဲ

မ ၁၈:၁-၅။ ၂၃:၁၁၊ ၁၂။ မာ ၁၀:၄၁-၄၅

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ရှာ ၅၃:၇။ ဖိ ၂:၇၊ ၈—ကြိုဟောထားသလိုပဲ ယေရှု နှိမ့်ချမှု ရှိတယ်။ မြေကြီးပေါ် လိုလိုလားလား လာတယ်။ နာနာကျင်ကျင်။ အရှက်တကွဲ အသေခံတယ်

    • လု ၁၄:၇-၁၁—စားသောက်ပွဲမှာ နေရာရွေးထိုင်တဲ့ ဥပမာ သုံးပြီး နှိမ့်ချမှု အရေးကြီးကြောင်း ယေရှု သင်ပေးတယ်

    • ယဟ ၁၃:၃-၁၇—တမန်တော်တွေကို ခြေဆေးပေးပြီး နိမ့်ကျတဲ့ ကျွန်အလုပ်ကို ယေရှု နှိမ့်ချမှုရှိရှိ လုပ်ခြင်းအားဖြင့် စံနမူနာ ပြတယ်

ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူတွေအပေါ် မှန်ကန်တဲ့ သဘောထား ရှိခြင်းက နှိမ့်ချမှု ရှိဖို့ ဘယ်လို ကူညီပေးသလဲ

ဟန်ဆောင် နှိမ့်ချတာ ဘာကြောင့် အကျိုးမရှိသလဲ