မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နာခံမှု

နာခံမှု

နာခံမှု ဘယ်လောက် အရေးကြီးသလဲ

ထွ ၁၉:၅။ တရ ၁၀:၁၂၊ ၁၃။ ဒေ ၁၂:၁၃။ ယာ ၁:၂၂

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရှ ၁၅:၁၇-၂၃—ယေဟောဝါစကား ဘုရင် ရှောလု နားမထောင်လို့ ပရောဖက် ရှမွေလ ခပ်ပြင်းပြင်း ဆုံးမတယ်။ နာခံဖို့ အရေးကြီးတယ်ဆိုတာ အလေးပေးပြောတယ်

    • ဟီ ၅:၇-၁၀—ဖခင်စကား ယေရှု အမြဲ နားထောင်တယ်။ မြေကြီးပေါ်မှာ ဆိုးဆိုးရွားရွား ဆက်ဆံခံရချိန်မှာတောင် ဘုရားကို နာခံတတ်ဖို့ သင်ယူတယ်

ဘုရားစကား နားမထောင်ဖို့ အာဏာပိုင်တွေ တောင်းဆိုလာရင် ဘာလုပ်သင့်သလဲ

တ ၅:၂၉

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဒံ ၃:၁၃-၁၈—အသတ်ခံရနိုင်တာတောင် သစ္စာရှိ ဟီဘရူး လူငယ် သုံးယောက်ဟာ ဘုရင် နေဗုခဒ်နေဇာ တည်ထားတဲ့ ရုပ်တုကို ဦးမချဘူး

    • မ ၂၂:၁၅-၂၂—ယေဟောဝါဘုရားစကား နားမထောင်ဖို့ မတောင်းဆိုသရွေ့ အာဏာပိုင်တွေကို နာခံရမယ်လို့ ယေရှု ပြောတယ်

    • တ ၄:၁၈-၃၁—မဟောဖို့ အာဏာပိုင်တွေ အမိန့်ပေးပေမဲ့ တမန်တော်တွေ ရဲရဲရင့်ရင့် ဆက်ဟောတယ်

ယေဟောဝါစကား အမြဲ နားထောင်နိုင်ဖို့ ဘာလုပ်ရမလဲ

တရ ၆:၁-၅။ ဆ ၁၁၂:၁။ ၁ယ ၅:၂၊ ၃

ဆ ၁၁၉:၁၁၊ ၁၁၂။ ရ ၆:၁၇ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဧဇ ၇:၇-၁၀—ဘုရားပညတ် လက်တွေ့ကျင့်သုံးရာမှာ၊ တခြားသူတွေကို သွန်သင်ပေးရာမှာ စံနမူနာ ပြနိုင်ဖို့ သစ္စာရှိ ပုရောဟိတ် ဧဇရ စိတ်ကို ပြင်ဆင်တယ်

    • ယဟ ၁၄:၃၁—အဖဘုရား မိန့်မှာတဲ့အတိုင်း ဘာကြောင့် လုပ်တယ်ဆိုတာ ယေရှု ပြောပြတယ်

ယေဟောဝါနဲ့ ယေရှုစကား ဘာကြောင့် နားထောင်တာ ဖြစ်သင့်သလဲ

ယုံကြည်ခြင်း ရှိမရှိ နာခံမှုက ဘယ်လို ပေါ်လွင်စေသလဲ

ရ ၁:၅။ ၁၀:၁၆၊ ၁၇။ ယာ ၂:၂၀-၂၃

တရ ၉:၂၃ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၆:၉-၂၂။ ဟီ ၁၁:၇—ယေဟောဝါ “မှာထားတဲ့အတိုင်း” အတိအကျ သင်္ဘော ဆောက်ခြင်းအားဖြင့် ယုံကြည်ခြင်း ရှိကြောင်း နောဧ ပြတယ်

    • ဟီ ၁၁:၈၊ ၉၊ ၁၇—ဥရမြို့ကနေ ထွက်ပါ၊ သားကို ပူဇော်ပါဆိုတဲ့ ယေဟောဝါရဲ့ မိန့်မှာချက်တွေကို နာခံခြင်းအားဖြင့် ယုံကြည်ခြင်း ရှိကြောင်း အာဗြဟံ ပြတယ်

နာခံမှု ရှိသူတွေကို ယေဟောဝါ ဘယ်လို ကောင်းချီး ပေးသလဲ

ယေ ၇:၂၃။ မ ၇:၂၁။ ၁ယ ၃:၂၂

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဝ ၂၆:၃-၆—နာခံမှု ရှိသူတွေကို ကောင်းချီးပေးမယ်၊ ဂရုစိုက်စောင့်ရှောက်မယ်လို့ ယေဟောဝါ ကတိပေးတယ်

    • တလ ၁၃:၃၀၊ ၃၁။ ၁၄:၂၂-၂၄—ကာလက် နာခံမှု ရှိလို့ ယေဟောဝါ ကောင်းချီး ပေးတယ်

နာခံမှု မရှိရင် ဘာဖြစ်မလဲ

ရ ၅:၁၉။ ၂သ ၁:၈၊ ၉

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၂:၁၆၊ ၁၇။ ၃:၁၇-၁၉—ယေဟောဝါဘုရားစကား အာဒံနဲ့ ဧဝ နားမထောင်လို့ ပရဒိသုမှာ စုံလင်သူတွေအဖြစ် ထာဝစဉ် နေထိုင်ခွင့် ဆုံးရှုံးသွားတယ်

    • တရ ၁၈:၁၈၊ ၁၉။ တ ၃:၁၂၊ ၁၈၊ ၂၂၊ ၂၃—မောရှေထက် ကြီးမြတ်တဲ့ ပရောဖက် ပေါ်ထွန်းစေမယ်လို့ ယေဟောဝါ ကြိုဟောတယ်။ အဲဒီပရောဖက် ပြောတာကို နားမထောင်ရင် ဖျက်ဆီးမယ်လို့လည်း ပြောတယ်

    • ယု ၆၊ ၇—ပုန်ကန်တဲ့ ကောင်းကင်တမန်တွေ၊ သောဒုံမြို့သားတွေ၊ ဂေါမောရမြို့သားတွေ နာခံမှု မရှိလို့ ယေဟောဝါ ဒေါသထွက်တယ်

ယေရှုခရစ်စကား ဘာကြောင့် နားထောင်သင့်သလဲ

က ၄၉:၁၀။ မ ၂၈:၁၈

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ယဟ ၁၂:၄၆-၄၈။ ၁၄:၂၄—မိမိစကား နားမထောင်သူတွေ ပြစ်ဒဏ်စီရင်ခံရမယ်လို့ ယေရှု ပြောတယ်

အသင်းတော် ကြီးကြပ်မှူးတွေကို ခရစ်ယာန်တွေ ဘာကြောင့် နာခံသလဲ

ခင်ပွန်းကို ဇနီး ဘာကြောင့် လက်အောက်ခံသင့်သလဲ

သားသမီးတွေ မိဘစကား ဘာကြောင့် နားထောင်ရမလဲ

ပ ၂၃:၂၂။ ဧ ၆:၁။ ကော ၃:၂၀

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၃၇:၃၊ ၄၊ ၈၊ ၁၁-၁၃၊ ၁၈—ကိုယ့်ကို အစ်ကိုတွေ မုန်းနေပေမဲ့ အစ်ကိုတွေဆီ ဖခင် လွှတ်တဲ့အခါ လူငယ်လေး ယောသပ် သွားတယ်

    • လု ၂:၅၁—မိမိ စုံလင်ပေမဲ့ မစုံလင်တဲ့ မိဘ ယောသပ်နဲ့ မာရိကို ယေရှု အမြဲ နာခံတယ်

ကွယ်ရာမှာတောင် အလုပ်ရှင်ကို နာခံတာ ဘာကြောင့် ပညာရှိရာ ရောက်သလဲ

အာဏာပိုင်တွေကို ဘာကြောင့် နာခံရမလဲ