မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘ

မိဘ

အိမ်ထောင်ကို ယေဟောဝါ ဘာကြောင့် အစပြုသလဲ

သားသမီးတွေကို မိဘတွေ ဘယ်လို သဘောထားသင့်သလဲ

ဆ ၁၂၇:၃-၅။ ၁၂၈:၃

ကလေးများ။ လူငယ်များ” ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၃၃:၄၊ ၅—သားသမီးတွေကို ယေဟောဝါ ပေးတဲ့ လက်ဆောင်လို့ ယာကုပ် သဘောထားတယ်

    • ထွ ၁:၁၅၊ ၁၆၊ ၂၂။ ၂:၁-၄။ ၆:၂၀—အာမရနဲ့ ယောခေဗက် အိမ်ထောင်ကျပြီး မောရှေ မွေးလာတယ်။ အသက်ရင်းပြီး မောရှေကို ကာကွယ်တယ်

သားသမီးတွေနဲ့ပတ်သက်ပြီး မိဘတွေ ဘာတာဝန် ရှိသလဲ

တရ ၆:၆၊ ၇။ ၁၁:၁၈၊ ၁၉။ ပ ၂၂:၆။ ၂က ၁၂:၁၄။ ၁တိ ၅:၈

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရှ ၁:၁-၄—ရှိလောမြို့မှာ ပွဲတော် တက်ဖို့ မိသားစုကို ဧလကာန ခေါ်သွားတယ်။ ဝတ်ပြုရေးမှာ သားသမီးယောက်တိုင်းကို ပါဝင်စေတယ်

    • လု ၂:၃၉၊ ၄၁—ပသခါပွဲ တက်ဖို့ နာဇရက်မြို့ကနေ ဂျေရုဆလင်မြို့ကို သားသမီးတွေနဲ့အတူ ယောသပ်နဲ့ မာရိ နှစ်တိုင်း သွားတယ်

ယေဟောဝါကို နာခံဖို့ သားသမီးကို သင်ပေးရင် ဘာအကျိုး ရမလဲ

ပ ၁:၈၊ ၉။ ၂၂:၆

၂တိ ၃:၁၄၊ ၁၅ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရှ ၂:၁၈-၂၁၊ ၂၆။ ၃:၁၉—တဲတော်မှာ အမှုဆောင်ဖို့ ရှမွေလကို ယေဟောဝါဆီ မိဘတွေ ပေးလိုက်တယ်။ ဒါပေမဲ့ သားကို မှန်မှန် လာတွေ့တယ်။ လိုတာ ထောက်ပံ့ပေးတယ်။ ဒီလိုနဲ့ ရှမွေလဟာ ယေဟောဝါကို ချစ်တဲ့ သစ္စာရှိ အမှုဆောင် ဖြစ်လာတယ်

    • လု ၂:၅၁၊ ၅၂—မိဘတွေ မစုံလင်ကြပေမဲ့ ယေရှု နာခံတယ်

သားသမီး ပြုစုပျိုးထောင်ရာမှာ မိဘတွေ ဘယ်ကနေ အကူအညီ ရသလဲ

တရ ၆:၄-၉။ ဧ ၆:၄။ ၂တိ ၃:၁၄-၁၇

ဆ ၁၂၇:၁။ ပ ၁၆:၃ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • သူ ၁၃:၂-၈—သားတစ်ယောက် ရမယ်လို့ မာနော်ကို ကောင်းကင်တမန် ပြောတယ်။ ကလေးကို ဘယ်လို ပျိုးထောင်ရမလဲလို့ ကောင်းကင်တမန်ကို မာနော် မေးတယ်

    • ဆ ၇၈:၃-၈—ကျမ်းစာကနေ သိထားတာတွေ သားသမီးကို မိဘတွေ ပြောပြဖို့ ယေဟောဝါ အလိုရှိတယ်

ကလေးတစ်ယောက် ခရစ်ယာန် မိသားစုမှာ ကြီးပြင်းလာရင်တောင် ယေဟောဝါကို ဝတ်မပြုတော့တာမျိုး ဘာကြောင့် ဖြစ်နိုင်သလဲ

ယဇ ၁၈:၁-၁၃၊ ၂၀

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၆:၁-၅။ ယု ၆—ကောင်းကင်မှာ ယေဟောဝါနဲ့အတူ နှစ်ပေါင်းများစွာ နေလာပေမဲ့ ကောင်းကင်တမန် တော်တော်များများ ပုန်ကန်သွားကြတယ်

    • ၁ရှ ၈:၁-၃—ပရောဖက် ရှမွေလ သစ္စာရှိပြီး ဖြောင့်မတ်ပေမဲ့ သားတွေ ကလိမ်ကျတယ်။ အကျင့်ပျက် ခြစားတယ်

ယေဟောဝါအကြောင်း သားသမီးကို မိဘတွေ ဘယ်အချိန်မှာ သင်ပေးသင့်သလဲ

၂တိ ၃:၁၅

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • တရ ၂၉:၁၀-၁၂၊ ၂၉။ ၃၁:၁၂။ ဧဇ ၁၀:၁—ယေဟောဝါအကြောင်း သင်ယူဖို့ အစ္စရေးတွေ စုဝေးတဲ့အခါ ကလေးတွေပါ ခေါ်လာကြတယ်

    • လု ၂:၄၁-၅၂—ဂျေရုဆလင်မြို့က ဗိမာန်တော်မှာ ပသခါပွဲ တက်ဖို့ ယေရှု အပါအဝင် သားသမီးအားလုံးကို ယောသပ်နဲ့ မာရိ နှစ်တိုင်း ခေါ်သွားတယ်

အန္တရာယ် ပေးမယ့်သူတွေ လက်ကနေ သားသမီးကို ကာကွယ်ရာမှာ မိဘတွေ ဘယ်စံနမူနာ တုပသင့်သလဲ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ထွ ၁၉:၄။ တရ ၃၂:၁၁၊ ၁၂—ငှက်ပေါက်လေးတွေကို ချီယူ၊ ကာကွယ်၊ ဂရုစိုက်ပေးတဲ့ လင်းယုန်နဲ့ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ နှိုင်းတယ်

    • ရှာ ၄၉:၁၅—နို့စို့ကလေးကို မိခင် ကရုဏာ ထားတာထက် ပိုသာတဲ့ နည်းနဲ့ ကျေးကျွန်တွေကို ဂရုစိုက်၊ ကာကွယ်မယ်လို့ ယေဟောဝါ ကတိပေးတယ်

    • မ ၂:၁-၁၆—နက္ခတ်ဗေဒင်ဆရာတွေကို မင်းဆိုး ဟေရုဒ်ဆီ လမ်းညွှန်ခြင်းအားဖြင့် ကလေးငယ် ယေရှုကို သတ်ဖို့ စာတန် ကြိုးစားတယ်။ ဒါပေမဲ့ အီဂျစ်ပြည် ထွက်ပြေးဖို့ ယောသပ်ကို ညွှန်ကြားခြင်းအားဖြင့် သားတော်ကို ယေဟောဝါ ကာကွယ်တယ်

    • မ ၂၃:၃၇—ကြက်ပေါက်လေးတွေကို အတောင်အောက်မှာ စုပြီး ကြက်မကြီး ကာကွယ်ပေးသလို လူတွေကို ကူညီပေးချင်ကြောင်း ယေရှု ပြောတယ်

သားသမီးကို လိင်အကြောင်း ဘာကြောင့် ပြောပြသင့်သလဲ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဝ ၁၅:၂၊ ၃၊ ၁၆၊ ၁၈၊ ၁၉။ တရ ၃၁:၁၀-၁၃—လိင်နဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ အမြင်ကို မောရှေပညတ်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ ပညတ်တရား ကျယ်ကျယ် ဖတ်ပြချိန်မှာ ကလေးတွေလည်း နားထောင်ဖို့ ယေဟောဝါ ညွှန်ကြားတယ်

    • ဆ ၁၃၉:၁၃-၁၆—မျိုးပွားနိုင်စွမ်း အပါအဝင် လူ့ခန္ဓာကိုယ်ကို ဖန်ဆင်းထားပုံကြောင့် ယေဟောဝါကို ဘုရင် ဒါဝိဒ် ချီးမွမ်းတယ်

    • ပ ၂:၁၀-၁၅—ယေဟောဝါ ပေးတဲ့ အသိပညာနဲ့ ဉာဏ်ပညာက ဆိုးညစ်သူ၊ ကောက်ကျစ်သူတွေရဲ့ လက်ကနေ ကျွန်တော်တို့ကို ကာကွယ်ပေးနိုင်တယ်

သားသမီးကို ဘာကြောင့် မေတ္တာထား ဆုံးမသင့်သလဲ

ပ ၁၃:၂၄။ ၂၉:၁၇။ ယေ ၃၀:၁၁။ ဧ ၆:၄

ဆ ၂၅:၈။ ၁၄၅:၉။ ကော ၃:၂၁ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဆ ၃၂:၁-၅—ဘုရင် ဒါဝိဒ် အပြစ်လုပ်လို့ ယေဟောဝါ ဆုံးမတယ်။ ဒါပေမဲ့ နောင်တစစ် ရသူတွေကို ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ သိရလို့ ဒါဝိဒ် စိတ်သက်သာသွားတယ်

    • ယန ၄:၁-၁၁—ယေဟောဝါကို မကျေမနပ် ဒေါသတကြီး ယောန ပြောတယ်။ ဒါပေမဲ့ ကရုဏာ ထားတတ်ဖို့ ယေဟောဝါ စိတ်ရှည်ရှည် သင်ပေးတယ်

ဆုံးမတာ ဘာကြောင့် သားသမီးကို မေတ္တာ ပြရာရောက်သလဲ